ဇီဝမျိုးစုံ မျိုးကွဲများကို ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်တာလဲ...
ဇီဝမျိုးစုံ မျိုးကွဲများကို ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်တာလဲ...
နှစ်စဉ် မတ်လ(၃)ရက်နေ့တိုင်းကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ (World Wildlife Day) အဖြစ် သတ်မှတ်ထား ပါသည်။ သို့သော် တောရိုင်းတိရစ္ဆာန်(wildlife)ဆိုသည့်အဓိပ္ပာယ်သည် အိမ်မွေးတိရစ္ဆာန်မဟုတ်သော တိရစ္ဆာန် များကို ဆိုလိုသည်သာမက အပင်၊ မှိုမျိုးစုံနှင့် microorganisms များလည်း ပါဝင်သေးသည့်အတွက် ကမ္ဘာ့ တောရိုင်းသက်ရှိများနေ့ဟုဆိုပါက ပိုမှန်နိုင်မည်ထင်ပါသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများထိန်းချုပ်ခြင်းက အရေးကြီးရုံသာမက Biodiversity and Ecosystem ဟုခေါ်သည့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းစောင့်ရှောက်ခြင်း ကဏ္ဍများကလည်း အရေး ပါလွန်းလှသည်။ မိမိတို့နိုင်ငံလိုမျိုး ဇီဝမျိုးစုံမျိုးကွဲများ နည်းလမ်းပေါင်းစုံဖြင့် ဆုံးရှုံးနေရသည့်နိုင်ငံမျိုး ဆိုလျှင် တော့ Wildlife များ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ပိုလို့ ပိုလို့ပင် အရေးပါလွန်းနေပါသည်။
ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ဖြစ်ပေါ်လာပုံ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ(၂၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက စတင်ပြီး ကမ္ဘာ့တောရိုင်းတိရစ္ဆာန် များနှင့် သစ်ပင်ပန်းမန်တို့ကို ဂုဏ်ပြုရန်နှင့် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း အသိပညာပေးမျှဝေနိုင်ရန် ရည်ရွယ်ပြီး မတ်လ (၃)ရက်ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
မတ်လ(၃)ရက်ကို သတ်မှတ်ရသည့် အကြောင်းအရင်းမှာ နိုင်ငံတကာတရားမဝင် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုပပျောက်ရေးအတွက် အရေးပါလှသည့် မျိုးဆက်ပျက်သုဥ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း(Convention on International Trade in Endangered Species of Wild Fauna and Flora-CITES)ကို ၁၉၇၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်သည့်နေ့ကို ရွေးချယ်ပြီး သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါကွန်ဗင်းရှင်းမှာ တောရိုင်းတိရစ္ဆာန်များနှင့် အပင်မျိုးစိတ် များ၏ ရှင်သန်မှုကိုခြိမ်းခြောက်မှုမရှိရေး သေချာစေရန် နိုင်ငံတကာအစိုးရများအကြား သဘောတူညီချက်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် CITES အနေဖြင့် တိရစ္ဆာန်နှင့် အပင်မျိုးစိတ်ပေါင်း ၃၇၀၀၀ ကျော်ကို အမျိုးမျိုးသော အကာအကွယ်ပေးထားသည်။
CITES ၏ အထွေထွေအတွင်းရေးမှူးကို ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်နေ့တွင် ပူးပေါင်းလုပ်ဆောင်ရန် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဖိတ်ခေါ်ခဲ့ကြောင်း မှတ်သားရဖူးပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လ(၃)ရက်မှ (၄)ရက်အထိ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် CITES ၏ CoP16 တွင် ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်နေ့ကို CITES က ဆွေးနွေးခဲ့ပြီး ရရှိလာသောရလဒ်များကို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ “World Wildlife Day”ကို ကမ္ဘာ့ကုလသမဂ္ဂအပြင် အခြား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ CITES က ကူညီပံ့ပိုးကာ နှစ်စဥ်ပြုလုပ်လျက်ရှိပါသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးမှာလည်း နှစ်စဥ်ဂုဏ်ပြုကျင်းပလျက်ရှိပါသည်။
ယခု ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ဆောင်ပုဒ်ကတော့ ”Partnerships for Wildlife Conservation” ဖြစ်ပြီး မြန်မာလိုအဓိပ္ပာယ်ပြန်ရသော် “တောရိုင်းတိရစ္ဆာန်အတွက် ပူးပေါင်းဆောင်ရွက်ကြ” ဟု ဆိုနိုင်ပါသည်။ ယခုနှစ် World Wildlife Day ၏ထူးခြားချက်ကတော့ United Nations နှင့် CITES တို့၏ ပူးပေါင်းဆောင်ရွက်မှု နှစ်(၅၀)ပြည့်နှစ်လည်း ဖြစ်နေခြင်း ဖြစ်ပါသည်။

ဘာကြောင့်တောရိုင်းတိရစ္ဆာန်နေ့က အရေးကြီးတာလဲ
ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့သည် ယနေ့ ကျွန်ုပ်တို့နှင့်အတူရှိနေသည့် တောရိုင်းတိရစ္ဆာန်များနှင့် ရေနေသတ္တဝါ များ၏ ထူးထူးခြားခြားကွဲပြားမှုများကို သတိပြုမိစေပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက်ရည်ရွယ်သည့် အရေးကြီးသောနိုင်ငံတကာ အထိမ်းအမှတ်နေ့ ဖြစ်သည်။
မျိုးသုဥ်းလုနီးပါးမျိုးစိတ်များ အန္တရာယ်တိုးပွားများပြားလာသည်နှင့်အမျှ အနာဂတ်မျိုးဆက်လူငယ်များအတွက် ဆက်လက်ပံ့ပိုးပေးနိုင်ရန်နှင့် ကျွန်ုပ်တို့ကမ္ဘာကြီးအား ကျွန်ုပ်တို့ မည်ကဲ့သို့ထိန်းသိမ်းစောင့်ရှောက်နိုင်ပုံကို လူသား တို့အား အသိပညာပေးရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် မျိုးသုဥ်းပျောက်ကွယ်လုနီးပါး တောရိုင်းတိရစ္ဆာန်မျိုးစိတ်(၄၁၄၁၅)ရှိကြောင်း IUCN Red list တွင် ဖော်ပြထားပြီး ဖော်ပြပါစာရင်းများထဲမှ မျိုးစိတ်ပေါင်း (၁၆၃၀၆) ခုကတော့ မကြာခင် မျိုးသုဥ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။ Sunda ကျား၊ ဆူမားတျားဆင်၊ ဆူမားတျားကြံ့၊ အာဖရိကဆင်၊ Vaquita နှင့် Saola တို့သည် မျိုးသုဥ်းမည့်အန္တရာယ်များနှင့် ရင်ဆိုင်နေရပါသည်။
မြန်မာနိုင်ငံတွင်လည်း နာမည်ကြီးဧရာဝတီလင်းပိုင်မျိုးစိတ်သည် မျိုးသုဥ်းမည့်စာရင်းထဲတွင် ပါနေပါသည်။ မြစ်ဝှမ်း(၃)ခုတွင် ရေချိုဧရာဝတီလင်းပိုင်ကောင်ရေ ၂၅၀ အောက်သာ ကျန်ရှိတော့ကြောင်း တွေ့ရှိရသည်။ မဲခေါင်မြစ်ဝှမ်းအတွင်း လင်းပိုင်အကောင်ရေသည် ၁၉၉၇ ခုနှစ်တွင် အကောင်ရေ ၂၀၀ ခန့်မှ ၂၀၀၅ ခုနှစ်တွင် ၁၂၇ ကောင်၊ ၂၀၀၇ ခုနှစ်တွင် ၉၃ ကောင်၊ ၂၀၁၀ ပြည့်နှစ်တွင် ၈၅ ကောင်နှင့် ၂၀၁၅ ခုနှစ်တွင် အကောင် ၈၀ သို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် စစ်တမ်းများအရဆိုလျှင်တော့ နောက်ဆုံးခန့်မှန်းချက် အနေဖြင့် ဧရာဝတီလင်းပိုင်အကောင်ရေ ၈၉ ကောင်သာကျန်ရှိတော့ပြီး မြန်မာနိုင်ငံတွင်တော့ ၅၉ ကောင်မှ ၇၂ ကောင်ကြားသာကျန်ရှိတော့ကြောင်း ခန့်မှန်းထားကြပါသည်။
၄င်းတို့ကို ခြိမ်းခြောက်နေသည့် အကြောင်းအရင်းများထဲတွင် မှားယွင်းဖမ်းမိခြင်းနှင့် ရှော့ခ်တိုက်ငါးဖမ်းခြင်းတို့ မှာ အဓိကဖြစ်လိမ့်မည်ဟု သုံးသပ်ထားကြပါသည်။
ဘာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်သလဲ
တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး(Preservation)ဆိုသည်မှာ တိရစ္ဆာန်များ၊ အပင်များနှင့် ၄င်းတို့၏နေထိုင်ရာများ ကို ထိန်းသိမ်းကာကွယ်ခြင်းဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းခြင်းဖြင့် အနာဂတ်မျိုးဆက်သစ် များသည် ကျွန်ုပ်တို့၏သဘာဝတရားကြီးနှင့် ကမ္ဘာမြေပေါ်တွင်နေထိုင်သော တန်ဖိုးရှိမျိုးစိတ်များကို စောင့် ရှောက်ခံစားနိုင်စေရန် လိုအပ်သောလုပ်ဆောင်မှုမျိုးဖြစ်ပါသည်။
တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲအရင်းအမြစ်များသည် လူသားတို့၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာ၊ လောင်စာဆီ၊ ဆေးဝါး၊ အိမ်ရာများနှင့် အဝတ်အထည်များအထိ ဖြည့်ဆည်းပေးလျက်ရှိပြီး သန်းပေါင်းများစွာသော လူသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးအခွင့် အလမ်းများ၏ အရင်း အမြစ်အဖြစ် သဘာဝကို မှီခိုအားထားနေကြရသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းတွင် နိုင်ငံအဆင့်နှင့် ဒေသအဆင့်အလိုက် တောရိုင်းတိရစ္ဆာန် မျိုးစိတ် များနှင့်ဂေဟစနစ်များထိန်းသိမ်းရေးအပေါ် အာရုံစိုက်ပူးပေါင်းဆောင်ရွက်ရန် မရှိမဖြစ်လိုအပ်လှပေသည်။
Ref;(1)ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပို့ချသော အချက်အလက်များ။
(2)United Nations,Convention on International Trade in Endangered Species of Wild Fauna and Flora, River Dolphins.org.
(3)World Wildlife Fund (WWF).
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နှင်းဖြူဖြူ
လွန်ခဲ့သော ၂ နှစ် ကok
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....