အစိမ်းရောင်လမ်း
အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း(၄)

အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း(၄)

ayethandasoe
ayethandasoe Greenovator 25/01/2018

၁၄။ Leaf Blisters and Curls : အရွက်ကွေးရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါလက္ခဏာ - ကြမ်းတမ်း၍အပေါ်သို့ကွေးနေသော အရွက်များကို ရောဂါကျအပင်များ တွင်တွေ့ရသည်။ မက်မွန်သီးအရွက်ကွေး ရောဂါကျရောက်ပါက အသီးနှင့် အဆံ(peaches & almonds) ကိုပါ ထိခိုက်စေသည်။ ဝက်သစ်ချအရွက်ကွေးရောဂါ သည် အရွက်များကြွေကျကာ အပင် (pine tree) ကိုသေဆုံးစေနိုင်သည်။ အရွက်ကွေးရောဂါ သည်အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင် ရှိပြီး အောက်မျက်နှာပြင်တွင် မီးခိုးရောင်ရှိ သည်။

ကာကွယ်နှိမ်နင်းနည်း
- အဖူးမဝင်ခင် သင့်တော်သောမှိုသတ်ဆေးအား ဖြန်းနိုင်သည်။

၁၅။ Damping off : ခါးရိရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါကျအပင်များ - မြေကြီးမှပေါက်ခါစ အပင်များ၊ ပျိုးပင်ငယ်များတွင် အများဆုံးတွေ့ရသည်။
ရောဂါကျလက္ခဏာ - အပင်များ ရုတ်တရက်သေဆုံးသည်ကိုတွေ့ရသည်။

ကာကွယ်နှိမ်နင်းနည်း
- မျိုးစေ့အပင်ဖောက်ရန်နှင့် ကိုင်းဖြတ်များပျိုးရန် မြေကြီးမပါသောပျိုးပင်အတွက် အရော ( soil-less seedling mix) ကို အသုံးပြုပါ။ ရေမများစေရန် သတိပြုပါ။
- ပျိုးပင်၏အခြေပတ်ဝန်းကျင် မှိုရောဂါဖြစ်နိုင်သောနေရာတွင် ရေမဝပ်စေရန်ဂရုပြုပါ။ 

၁၆။Viral Disease : ဗိုင်းရပ်စ်
ရောဂါဖြစ်စေသည့်အကြောင်းအရာ - ပျ ကျရောက်ပြီးနောက် ဗိုင်းရပ်ရောဂါဖြစ်စေသည်။
ရောဂါကျရောက်အပင်များ - ရာသီသီးနှံ နှင့် နှစ်တိုသီးနှံများ ဖြစ်သော ငှက်ပျော နှင့် သင်္ဘောပင်များတွင် များသောအားဖြင့်ကျရောက်သည်။
ရောဂါပုံစံများ - ငှက်ပျောထိပ်စည်းရောဂါ , ခရမ်းချဉ်၊ ငရုတ်၊ သင်္ဘော ရွက်တွန့်ရောဂါ 

ကာကွယ်နှိမ်နင်းနည်း
- ပျ များသည် အဓိကရောဂါဖြစ်စေသောဖျက်ပိုး ဖြစ်သည့်အတွက် ပျများ မကျရောက် အောင်နှိမ်နင်းခြင်းသည် ဗိုင်းရပ်ရောဂါကို ကာကွယ်ခြင်းတစ်မျိုးပင်ဖြစ်သည်။

၁၇။ Downy Mildew : ဒေါင်းနီးမှို
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။
ရောဂါလက္ခဏာ - အဓိကလက္ခဏာ အရောင်ဖျော့နေသည်ကို အရွက်၏ အပေါ်ဘက်မျက်နှာပြင်တွင် တွေ့ရပြီး ကြီးထွားမှုကျဆင်းခြင်းကို အရွက်အောက်မျက်နှာပြင်တွင် တွေ့ရသည်။ ပင်စည်များတွင်လည်းတွေ့ရပြီး အချိန် ကြာလာသည်နှင့် အမဲရောင်သို့ပြောင်းသွားသည်။
ရောဂါကျရောက်အပင်များ - သစ်သီးပင်များ၊ ဟင်းသီးဟင်းရွက်အပင်များ၊ ပန်းပင်များ၊ မြက်ပင်များတွင် တွေ့ရ သည်။

ကာကွယ်နှိမ်နင်နည်း
- အရည်အသွေးပြည်မှီသော ရောဂါဒဏ်ခံနိုင်သည့် မျိုးစေ့နှင့် အပင်များကိုရွေးပါ။
- သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရောဂါကို ကာကွယ်ပါ။
- ရောဂါကျ ကိုင်း/ပင်စည်/သစ်ပင်များကို ဖျက်ဆီးပါ။
- ဓါတုဆေးများ သုံးစွဲ၍ ကာကွယ်နိုင်ပါသည်။

၁၈။ Crown Gall or Galls : ကျီးပေါင်းတက်ခြင်း
ရောဂါဖြစ်စေသောအကြောင်းတရား - မှို (သို့) ဘက်တီးရီးယား (သို့) အင်းဆက်များကြောင့် အပင်၏တစ်ရှုး များ ဖောင်းလာခြင်းဖြစ်သည်။
ရောဂါလက္ခဏာများ - လုံးဝန်းကြမ်းတမ်းသော မျက်နှာပြင်အဖုများ(တစ်ရှုးမျက်နှာပြင်ဖောင်းခြင်း) ကို မြေကြီး (သို့) မြေကြီးနှင့်နီးသောနေရာ၊ ကိုင်းကူးနိုင်သောနေရာ (သို့) အဖူးနှင်ရောလျက် (သို့) အမြစ်ပေါ် နှင့် အပင်၏အောက်ပိုင်းရှိ ပင်စည်များတွင်တွေ့ရသည်။ အဖုများသည် ပထမ နို့နှစ်ရောင်ရှိပြီး နောက်ပိုင်း အညို (သို့) အမဲရောင်သို့ ပြောင်းလာသည်။ ရောဂါကျရောက် အပင်သည် သန်မာမှုများလျော့နည်းလာ၍ နောက်ဆုံး သေဆုံးသွားသည်။
ရောဂါကျရောက်အပင်များ - စပျစ် ၊ နှင်းဆီမျိုးနွယ်ဝင်အပင်များ ၊ အရိပ်ရပင်နှင့် အခွံမာပင်များ၊ နှစ်ရှည် ဥယျာဉ်ခြံ အပင်များ။

ကာကွယ်နှိမ်နင်းနည်း
- ရောဂါကင်းသော မျိုးစေ့နှင့်အပင်များကို ရွေးချယ်ပါ။
- စိုက်ပျိုးရေးသုံးကိရိယာများဖြင့် အပင်ထိပ်ပိုင်းကို ထိခိုက်မှုမရှိအောင်သတိပြုပါ။
- အပင်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။
- ရောဂါကျရောက်သောအခင်းတွင် နောက်တစ်နှစ်ဆက်၍မစိုက်ပါနှင့်။
- ရောဂါကျ အပင်နှင့် ပင်စည်များကို ဖျက်ဆီးပါ။
- ရောဂါကျအပင်အား ကိုင်းဖြတ်ပြီးပါက သုံးစွဲခဲ့သည်ကိရိယာအား ပိုးသန့်ပြီးမှ အခြားအပင်တွင်ဆက်၍ အသုံး ပြုပါ။
- အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်ရန် ဆောင်ရွက်ပါ။

Aye Thanda Soe
 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....