ဘက်စုံပိုးမွှားကာကွယ်ရေးသော့ချက်တွေကို ဖွင့်ကြည့်ခြင်း (၁)
- စီးပွားထိခိုက်မှုမရှိသော သတ်မှတ်ချက် (ETL - Economic threshold level)
- စီးပွားရေးအရ ထိခိုက်မှုအဆင့် (EIL – ECONOMIC INJURY LEVEL)
ဒီ(၂)ခု က ပိုးမွှားရောဂါ နှိမ်နင်းတဲ့ သူတွေအတွက် အရမ်းကို အရေးကြီးတဲ့ သတ်မှတ်ချက်တွေဖြစ်ပါတယ်။ ဒါတွေက ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်မှာ မသိမဖြစ်သိရမှာမို့ဖြစ်ပါတယ်။
ပိုးက သာများလာတယ်ဆိုရင် ဆေးဖျန်းရတော့မယ် ဒီနေ့ရာမှာ ဆေးဖျန်းတယ်ဆိုတာက ဓာတုဆေးပဲဖြစ်ဖြစ် အန္တရာယ်နည်းတဲ့ ဇီဝဆေးတွေဖြစ်ဖြစ် ဖျန်းတာကို ဆိုလိုပါတယ်။ ဆေးဖျန်းစရာမလိုပဲ တစ်ခြား ထောင်ခြောက်တွေနဲ့ဖြစ်ဖြစ် တစ်ခုခုလုပ်သင့်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဓာတုဆေးတွေကတော့လုံးဝ မလွှဲသာ မရှောင်သာ အဆင့်ကျမှသာ မဖြစ်မနေ သုံးဖို့အတွက် အကြံပြုပါတယ်။
စီးပွားထိခိုက်မှုမရှိသော သတ်မှတ်ချက် (ETL – ECONOMIC THRESHOLD LEVEL) ဆိုတာက
သီးနှံမှာ ပိုးဖြစ်ဖြစ် ရောဂါဖြစ်ဖြစ် ကျနေတယ်။ အဲ့ချိန်မှာ ဆေးဖျန်းတယ်ဆိုရင် ဆေးဖျန်းတဲ့ကုန်ကျစရိတ်နဲ့ သီးနှံကပျက်စီးလို့ ဆုံးရှုံးတဲ့ ကုန်ကျစရိတ်က တူတူဖြစ်နေတဲ့ အဆင့်ကို ဆိုလိုတာဖြစ်ပါတယ်။
ဒီဟာကိုသိဖို့ ဘာလို့အရေးကြီးတာလဲဆိုရင် သူက မျှခြေမှာ တန်းနေလို့ပါ။ ပိုးဖြစ်ဖြစ် ရောဂါဖြစ်ဖြစ်က များလာတယ်ဆိုရင်တော့ ကာကွယ်ကုသမှုတွေ လုပ်ရတော့မှာပါ။ ကုသမှုမလုပ်ခင်မှာပဲ ပိုးဖြစ်ဖြစ် ရောဂါဖြစ်ဖြစ်က ရာသီဥတုအခြေအနေပေးလာလို့သော်လည်းကောင်း တစ်ခြား ပိုက်ဆံမကုန်ပဲလုပ်လို့ရတဲ့ ပိုးကောင်လေးတွေကို ဖမ်းပြီး ဖျက်ဆီးပစ်တာ၊ ရောဂါကျနေတဲ့အစိပ်အပိုင်းတွေကို သေသေချာချာလေး ဖယ်ရှားဖျက်ဆီးလိုက်တာကနေ ကောင်းလာတဲ့အခြေအနေ ရောက်လာတယ်ဆိုတာလည်းဖြစ်နိုင်ပါသေးတယ်။ ဆိုတော့ ဒီအဆင့်က စောင့်ကြည့်ပြီး လုပ်နိုင်တာ လုပ်လို့ရတဲ့ အခြေအနေအဆင့် သတ်မှတ်ချက်ပါ။
နောက်တစ်ခုကတော့ စီးပွားရေးအရ ထိခိုက်မှုအဆင့် (EIL – ECONOMIC INJURY LEVEL) ဖြစ်ပါတယ်။
သူကတော့ ထိခိုက်တဲ့အဆင့်ကိုရောက်နေတာပါ။ ပိုးမွှားကောင်ရေက သီးနှံဆုံးရှုံးတဲ့ စရိတ်နဲ့ တူနေတာ ဒါမှမဟုတ် ပိုများနေတာကို ဆိုလိုတာဖြစ်ပါတယ်။
ပိုးမွှားကောင်ရေက ပိုများနေတာဆိုရင် မဖြစ်မနေ ကုသမှု တစ်ခုခုလုပ်ရတော့မယ်ဆိုတဲ့ အခြေအနေကိုပြနေတာပါ။
သူတို့ (၂)ခုကို ဘယ်လို ဆက်စပ်မလဲဆိုရင် ပထမတစ်ခုက ဒုတိယတစ်ခုအောက်ကို လျော့နည်းပါတယ်။ သိတော့သိသာပါတယ်။ မျှခြေ အခြေအနေနဲ့ မဖြစ်မနေ ကာကွယ်ကုသမှုကိုလုပ်ဆောင်ရတော့မယ်ဆိုတဲ့ အခြေအနေမှာ မျှခြေကတော့ နည်းနေမှာပါ။
ဆိုတော့ စီးပွားထိခိုက်မှုမရှိသော သတ်မှတ်ချက် (ETL – ECONOMIC THRESHOLD LEVEL) ထက်ကျော်လာရင် များလာရင် စီးပွားရေးအရ ထိခိုက်မှုအဆင့် (EIL – ECONOMIC INJURY LEVEL) ကိုရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။
သူတို့ (၂)ခုက ပြောခဲ့သလို မတူကြဘူး၊ ကွာခြားချက်လေးရှိတယ်ဆိုတော့ အဲ့ကွာခြားတဲ့ပမာဏ ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။ အဲ့ကွာခြားတဲ့ပမာဏဆိုတဲ့အတွင်းမှာ ဘယ်ပိုးကောင်ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရမှာဖြစ်ပါတယ်။
သူတို့က ဘာလို့အရေးကြီးတာလဲ?
ပိုးမွှားရောဂါကို စီမံခန့်ခွဲတဲ့နေရာမှာ ဆုံးဖြတ်ချက်တွေကို ဘယ်လို အမှန်ကန်ဆုံးချနိုင်မလဲဆိုတာကို ကူညီပေးတာကြောင့်မို့ အရေးကြီးပါတယ်။
စီးပွားရေးအရ ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေနိုင်အောင် ကူညီပေးနိုင်ပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပိုးမွှားရောဂါစီမံခန့်ခွဲမှုကို ဖန်တီးပေးနိုင်တယ်။ မလိုအပ်ပဲ ဆေးမသုံးတာ။ အခြားနည်းစနစ်တွေနဲ့တင် ဓာတုဆေးမသုံးရပဲနဲ့ နှိမ်နင်းလို့ ပြန်ကောင်းသွားနိုင်တာမျိုး စတာတွေကြောင့်မို့ ကောင်းကျိုးများပါတယ်။
တွက်ချက်တာမျိုးမလုပ်ခင်မှာ
စီးပွားရေးအရထိခိုက်မှုရှိနိုင်တဲ့ အဆင့်ကနေ မရှိအောင် ဘယ်လိုလျော့ချမလဲဆိုတာကို စဉ်းစားတာက ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းတဲ့ စနစ်ထဲက တစ်ခုပါပဲ။
ဆိုတော့ ဓာတုဆေးလိုမျိုး အန္တရာယ်လည်းများတယ်၊ ကုန်ကျစရိတ်လည်းရှိတဲ့ နည်းမျိုးမဟုတ်တာကို ရွေးချယ်ကြည့်ရအောင်။
ပထမဆုံးတစ်ချက်ကတော့ စိုက်ပျိုးနည်းစနစ်အားဖြင့် ကာကွယ်နည်းပါ။
သီးလှည့်စိုက်ပျိုးတာ
သီးနှံတစ်ခုတည်းကို တစ်နေရာတည်းမှာ အမြဲစိုက်ပျိုးတာက ရောဂါပိုးမွှားတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ ဆိုတော့ အလှည့်ကျဖြစ်ဖြစ် လှည့်ပြီးတော့ သီးနှံပြောင်းစိုက်ကြည့်ပါ။ အဲ့လိုဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။
သန့်ရှင်းရေးလုပ်တာ
အပင်အကြွင်းအကျန်တွေကိုဖယ်ရှားတာ၊ လယ်ထဲ ယာထဲမှာသုံးတဲ့ ပစ္စည်းကိရိယာတွေကို သန့်ရှင်းအောင်ထားတာမျိုး၊ အမြဲတန်းထားနိုင်ရင်တော့ပိုကောင်းပေမဲ့ အထူးသဖြင့် ရောဂါတို့ ပိုးတို့ ကျရောက်နေတဲ့ အခင်းတွေမှာသုံးထားတဲ့ ကိရိယာတွေဆိုရင်တော့သန့်ရှင်းပြီးမှ နောက်တစ်ခင်းအတွက် သုံးသင့်ပါတယ်။
အရံအတားတွေလုပ်တာ
လေကာပင်လိုမျိုး၊ စင်နဲ့ပျိုးပင်ပျိုးတာလိုမျိုး အမိုးဆောက်ပြီး စိုက်ပျိုးတာလိုမျိုးကလည်း ပိုးမွှားရောဂါတွေကို လျော့ချပေးနိုင်တဲ့ နည်းတစ်နည်းဖြစ်ပါတယ်။
တစ်ခြားနည်းတွေလည်းရှိပါတယ်။ ပင်ကြား တန်ကြား ကို ထိန်းပြီး စိုက်ပျိုးတာမျိုး၊ ဘောင်တင်ပြီး စိုက်ပျိုးတာလိုမျိုး စတဲ့ စိုက်ပျိုးနည်းစနစ်အားဖြင့် လျှော့ချပေးနိုင်တာမျိုးတွေလည်း အများကြီးပါ၊ လိုက်လေလေ ကျယ်ပြန့်လေဖြစ်ပါတယ်။

ဇီဝနည်းအားဖြင့်ကာကွယ်နည်းတွေကတော့
သဘာဝအားဖြင့် ကူညီတဲ့ အကောင်လေးတွေ
စိုက်ပျိုးရေးမှာ ရောဂါပိုးမွှားတွေကို စားသုံးတဲ့ အင်းဆက်ကောင်တို့ အင်းဆက်ပြေးပင်တို့၊ ကပ်ပါးပြုတဲ့ အကောင်လေးတွေတို့ စတာတွေကို သုံးပြီးတော့ ဖြေရှင်းတဲ့ နည်းမျိုးကိုလည်း သုံးလို့ရပါတယ်။ ယင်မည်းစစ်သည်တို့၊ နကျယ်တို့လိုမျိုးတွေကျ နိုင်ငံတကာမှာလည်း သုံးနေကြပါပြီ။
ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေ
တစ်ချို့ရောဂါဖြစ်စေနိုင်တဲ့ ကောင်လေးတွေက အင်းဆက်ဖျက်ပိုးတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဟော်မုန်းတွေလိုမျိုးဖြစ်ပါလိမ့်မယ်။
နောက်ဆုံးမရတော့တဲ့အခါမျိုးကျမှ ဓာတု ပိုးသတ်ဆေးကို သုံးတာက အကောင်းဆုံးပါပဲ။ စီးပွားထိခိုက်မှုမရှိသော သတ်မှတ်ချက် (ETL – ECONOMIC THRESHOLD LEVEL) ကိုတွက်ချက်ပြီးတော့ လိုအပ်မှ သုံးဖို့ဖြစ်ပါတယ်။
ဓာတုအားဖြင့် ကာကွယ်နည်းတွေကတော့
ပစ်မှတ်ကိုပဲ ထိအောင် ဆေးသုံးတာ
ရွေးချယ် ပိုးသတ်ဆေးတွေကို ပြောတာပါ။ တစ်ခြားသော သက်ရှိတွေကိုပါ ထိခိုက်တာကို လျော့ချနိုင်ဖို့အတွက် ကိုယ်ပစ်မှတ်ထားတဲ့ ပိုးကောင်တွေကိုပဲ သေစေနိုင်တဲ့ရွေးချယ်ပိုးသတ်ဆေးမျိုးကို သုံးနိုင်ပါတယ်။
အဆိပ်အပျော့ဆုံးရွေးချယ်တာ
လေဘယ် အညွှန်းကိုကြည့်ပြီးတော့ ရွေးချယ်လို့ရနိုင်ပါတယ်။ ရွေးချယ်ပိုးသတ်ဆေးမရှိတဲ့အခါမျိုးမှာ အဆိပ်သင့်တာနည်းပါးတဲ့ ပျော့တဲ့ကောင်လေးတွေ ရွေးချယ်လို့ရနိုင်ပါတယ်။
စောင့်ကြည့်လေ့လာတာ
ဆေးက အပျော့သုံးထားတယ်။ ဆိုတော့ သူသက်ဆိုင်ရာ ပြန်ဝင်ခွင့်ရှိတဲ့အချိန်မှာ ပြန်ဝင်ပြီးတော့ ပုံမှန် လေ့လာစောင့်ကြည့်တာမျိုးလုပ်ပြီးတော့ လိုအပ်ရင် ထောင်ခြောက်တို့ ဘာတို့ ထပ်ထည့်ပေးဖို့လိုရင် လုပ်ပေးရမှာပါ။
အလုပ်တော့ရှုပ်ပေမဲ့ သူက ကောင်းကျိုးအများကြီး ရတာမို့ လိုက်ကို လုပ်သင့်တာပါ။ တစ်နိုင်တစ်ပိုင်ကနေ စလို့ စီးပွားဖြစ်အထိ လုပ်ကြမယ်ဆိုရင် ရေရှည်တည်တံ့လာမယ်။ ပိုးသတ်ဆေးခံနိုင်ရည်အားတိုးတာမျိုး၊ မျိုးထွန်းလာတာမျိုး၊ ပိုးတွေ ချက်ချင်းပျံ့ပွားတာမျိုး၊ မရှိနိုင်တော့ပါ၊။
စီးပွားရေးအရ တွက်ချေပိုကိုက်လာမယ်။ ပထမအချက်ကလိုမျိုးမရှိတော့တဲ့အခါမျိုးမှာ အရင်ကလိုမျိုး မြေကြီးက ရွှေသီးတာမျိုး ပြန်ဖြစ်လာမှာပါ။
စားရတာ စိတ်ချလက်ချ စားလို့ရသလို ရောင်းတဲ့အခါမှာ လက်ခမောင်းခတ်ရောင်းလို့ရတယ်။ ဆေးသုံးတာကို အတတ်နိုင်ဆုံးလျှော့ချထားတာဆိုတော့ ဓာတုဓာတ်ကြွင်းလည်း အနည်းဆုံးနဲ့ စိတ်ချလက်ချ ရောင်းချ စားသုံးနိုင်ပါတယ်။
အဲ့တော့ စီးပွားထိခိုက်မှုမရှိသော သတ်မှတ်ချက် (ETL – ECONOMIC THRESHOLD LEVEL) ရောက်ရောက် မရောက်ရောက်၊ စီးပွားရေးအရ ထိခိုက်မှုအဆင့် (EIL – ECONOMIC INJURY LEVEL) အဆင့်ထိ ရောက် မရောက် လုပ်ကိုလုပ်ရမဲ့ အခြေခံအချက်အလက်တွေကို ကြိုတင်တွေးတော့ လုပ်ဆောင်ထားရင်တော့ ဒီဂဏန်းတွေကို တွက်ချက်ရမယ် လေ့လာရမယ်ဆိုတာကိုတော့ အတော်အသင့်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
Thi Ha Kyaw
လွန်ခဲ့သော ၁ နှစ် ကသီးလှည့်စိုက်ပျိုးလို့ရမယ့် သီးနှံတွေကိုဖော်ပြပေးစေလိုပါတယ်
အောင်ဝင်းနိုင်
လွန်ခဲ့သော ၁ နှစ် ကအသီးဆေး
အောင်ဝင်းနိုင်
လွန်ခဲ့သော ၁ နှစ် ကအသီးဆေး
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....