သရက်ရွက်ဖုပြဿနာ ဘယ်လိုဖြေရှင်းမလဲ
သရက်ရွက်ဖုပိုးသည် ကမ္ဘာတစ်ဝန်းကသရက်ခင်းများတွင် တွေ့ရများသော ယင်အငယ်စားလေးတွေဖြစ်ပါသည်။ ရွက်ဖုပိုးသားလောင်းအဆင့်သည် အပင်ရဲ့တစ်ရှူးများအတွင်းစားသောက်သောကြောင့် အရွက်၊ ပန်းပွင့်၊ အညွှန့်များနှင့် အသီးများပေါ်တွင် မူမမှန် အဖုပုံစံလေးများကိုတွေ့ရပါမည်။
ဘဝစက်ဝန်း
အမများသည် အရွက်၏အောက်မျက်နှာပြင်တွင် ဥများ ချသည်။ ဥချပြီး ၂-၃ ရက်တွင်အကောင်ပေါက်ပါသည်။ အကောင်ပေါက်ပြီး သားလောင်းများသည် အရွက်သားများကိုစားသောက်ဖျက်စီးသည်။ သားလောင်းအဆင့်တွင် အဝါရောင်ဖြစ်ပြီး ၁-၁.၂ မီလီမီတာရှည်လျားပါသည်။ အရွယ်ရောက်သားလောင်းများသည် ရုပ်ဖုံးအဆင့်အတွက် မြေထဲသို့ဆင်းသက်ပါသည်။ သားလောင်းအဆင့်တွင် ၇-၁၀ ကြာပြီး ရုပ်ဖုံးအဆင့်တွင် ၅-၆ ရက်ကြာပါသည်။
အကောင်ကြီးများသည် အလွန်သေးငယ်ပါသည် အရှည်အားဖြင့် ၁-၂ မီလီမီတာ လောက်ရှိပါသည်။ ဖျက်ပိုးသည် ခြင်နဲ့ဆင်တူပါသည်။
ဖျက်ဆီးနိုင်သောအပင်အစိတ်အပိုင်းများနှင့်အပင်သက်တမ်းအဆင့်
အပင်ကြီးထွားသည့်အဆင့်တိုင်းတွင် ကျရောက်နိုင်ပါသည်။ သားလောင်းများသည် အရွက်အတွင်းသားများထဲဝင်ပြီး တစ်ရှူးများကိုစားသောက်ပါသည်။ ဖျက်ဆီးစားသောက်ခံရသောအရွက်များပေါ်တွင် ကြွက်နို့ကဲ့သို့ အဖုများကိုတွေ့ရပါမည်။ ဖျက်ဆီးခံရပြီး ၇ ရက်အတွင်း လက္ခဏာကိုတွေ့ရပြီး ဆိုးရွားစွာကျရောက်ပါက အရွက်များတွန့်ပြီး ကြွေကျတတ်ပါသည်။ ခံနိုင်ရည်မရှိသော အကိုင်းအခက်များသည် ခြောက်၍သေဆုံးနိုင်ပါသည်။ အရွက်ဒဏ်ရာများမှ မှိုရောဂါများလည်းဝင်ရောက်နိုင်ပါသည်။ အသီးနုများတွင်တိုက်ခိုက်ခံရလျှင် အပေါက်များသည် အသီး၏အောက်ဘက်ခြမ်းပန်းခိုင်နှင့်တွယ်ဆက်သည့်နေရာများတွင်တွေ့ရနိုင်ပါသည်။ ဆိုးရွာစွာကျရောက်ပါက အသီးအထွက်နှုန်းလျော့ကျစေပါသည်။
ပျံ့နှံ့ပုံ
ပျံသန်းနိုင်တဲ့အတွက် သရက်ပင်တစ်ပင်မှ တစ်ပင်ဖို့ကူးဆက်ပျံ့နှံ့ဖို့လွယ်ကူပါသည်။ လေပြင်းသောအခါ ပျံ့နှံ့မှုအားကောင်းပါသည်။ နောက် လူမှတစ်ဆင့် စိုက်ခင်းသုံးကိရိယာများမှတစ်ဆင့် ကူးဆက်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းခြင်း
ခံနိုင်ရည်မျိုးများကို အသုံးပြုပါ။ အခင်းကို ပေါင်မြက်အပင်အကျွန်းအကျန်များရှင်းလင်းပေးပါ။ ကိုင်းချိုင်ပေးပါ။ ဖျက်ပိုးကျရောက်မှုလျော့ချနိုင်တဲ့ သီးနှံပင်များနှင့် သီးညှပ်စိုက်ပျိုးပါ။ ဖျက်ဆီးခံထားရသောအပင်များကို တစ်ခြားသန့်ရှင်းသောနေရာများသို့ ရွေ့ပြောင်းခြင်းမလုပ်ပါနှင့်။ အဝါရောက်ကော်ထောင်ချောက်များအသုံးပြုပြီး အကောင်ကြီးများကို ဖမ်းနိုင်ပါသည်။
ကိုးကား- https://www.greenlife.co.ke/mango-gall-midge-and-all-you-need-to-know/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw Ko Ko
လွန်ခဲ့သော ၄ နှစ် ကရွက်ဖျားတွေခြောက်တာကရော
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026