အပင်ရောဂါတွေ ဘယ်လိုကူးစက်ပျံ့နှံ့ကြသလဲ (၁)
အပင်ရောဂါဖြစ်စေသော သက်ရှိများသည် တစ်ပင်မှတစ်ပင်သို့ အောက်ဖော်ပြပါ နည်းအမျိုးမျိုးဖြ င့် ပျံ့နှံ့၍ ရောဂါကူးစက်ဖြစ်ပွားစေပါသည်။

- ၁။ လေဖြင့်ကူးစက်ပျံ့နှံ့ခြင်း
- ၂။ ရေဖြင့်ကူးစက်ပျံ့နှံ့ခြင်း
- ၃။ အင်းဆက်ပိုးများဖြင့်ကူးစက်ပျံ့နှံ့ခြင်း
- ၄။ အခြားတိရစ္ဆာန်များဖြင့်ကူးစက်ပျံ့နှံ့ခြင်း
- ၅။ လူကြောင့်ကူးစက်ပျံ့နှံ့ခြင်း
- ၆။ မျိုးစေ့ဖြင့်ကူးစက်ပျံ့နှံ့ခြင်း
- ၇။ ပင်ပိုင်းမျိုးပွား အစိတ်အပိုင်းများဖြင့် ကူးစက်ပျံ့နှံ့ခြင်း
- ၈။ ပင်ထွက်ပစ္စည်းများဖြင့် ကူးစက်ပျံ့နှံ့ခြင်း
- ၉။ မြေ၊ အပင်အကြွင်းအကျန်၊ မြေဆွေးမြေဩဇာတို့ဖြင့် ကူးစက်ပျံ့နှံ့ခြင်းနှင့်
- ၁၀။ စိုက်ပျိုးလုပ်ကိုင်စဉ် ကူးစက်ပျံ့နှံ့ခြင်းတို့ ဖြစ်သည်။
၁။ လေဖြင့်ကူးစက်ပျံ့နှံ့ခြင်း
လေဖြင့် ကူးစက်ပျံ့နှံ့သော ရောဂါများအနက် မှိုရောဂါသည် အများဆုံးဖြစ်သည်။
ရောဂါဖြစ်စေသော မှို၏မျိုးစေ့ (စပိုးမှုန်)များသည် ကူးစက်နိုင်သော အစိတ်အပိုင်းများ ဖြစ်ကြသည်။ ယင်းတို့သည် လေထဲတွင် မည်မျှပင်ကြာရှည်စွာ နေရသော်လည်း ရောဂါဖြစ်နိုင်စွမ်း ပျက်ပြယ်မသွားပေ။ မှိုစပိုးမှုန်များသည် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာဒေသသို့တိုင်အောင်ရောက်နိုင်ကြသည်။ မှိုတို့သည် တစ်ကြိမ်မျိုးပွားလျှင် စပိုးမှုန်များစွာ လေထဲသို့ ထုတ်လွှင့်ပျံ့နှံ့လျက်ရှိကြောင်း စပိုးမှုန်ဖမ်းထောင်ချောက်ဖြင့် ဖမ်းယူလေ့လာနိုင်သည်။
ဤနည်းဖြင့် လေထဲ၌ အများအပြားတွေ့ရသော စပိုးမှုန်အမျိုးအစားကို ကြည့်ကာ ယင်းလေ ကြောင်းတစ်လျှောက်ရှိ သီးနှံစိုက်ခင်းများတွင် မှိုရောဂါကျရောက်နိုင်ခြင်းကို ခန့်မှန်း၍ ကြိုတင်ကာကွယ်နိုင်သည်။
စပိုးမှုန်ဖမ်းထောင်ချောက်အမျိုးမျိုး
- ဘက်တီးရီးယားများစွာသည်လည်း လေထဲတွင်ရှိနေတတ်၍ လေဖြင့်ပျံ့နှံ့နိုင်ကြသည်။
- သို့ရာတွင် ဘက်တီးရီးယားတို့သည် အပင်၏ သဘာဝအလျောက်ဖြစ်ပေါ်နေသော လေပေါက်၊ ရေပေါက်များမှသာ ဝင်နိုင်သည်။ ထိုသို့ဝင်ရောက်ရာတွင် လေပေါက်၊ ရေပေါက်များအတွင်းသို့ လေအရှိန်ဖြင့်သာ ဝင်ရောက်ကာ ရောဂါဖြစ်ပွားစေနိုင်သည်။
ဥပမာ- စပါးဘက်တီးရီးယားရွက်စင်းရောဂါ၊ အပင်ရောဂါဖြစ်စေနိုင်သည့် အခြားသက်ရှိတစ်မျိုးဖြစ်သည့် နီမတုတ်သည် လေဖြင့်ကူးစက်ပျံ့နှံ့မှု နည်းပါးသည်။ သို့ရာတွင် နီမတုတ်ရောဂါ ကျရောက်ထားသော အပင်၏အင်္ဂါအစိတ်အပိုင်းငယ်များ လေတိုက်ရာပါသွားခြင်းဖြင့် တစ်ခါတရံ ရောဂါကူးစက် ပျံ့နှံ့တတ်သည်။
၂။ ရေဖြင့်ကူးစက်ပျံ့နှံ့ခြင်း
ရေကြောင့် အပင်ရောဂါများ ကူးစက်ပျံ့နှံ့မှုသည် လေလောက်တော့အရေးမကြီးလှပေ။
သို့ရာတွင် များစွာသော အပင်ရောဂါတို့သည် ရေဖြင့်ကူးစက်ပျံ့နှံ့နိုင်သည်။ မြစ်ရေ၊ ချောင်းရေ၊ သွင်းရေ၊ ထုတ်ရေ၊ လျှံရေတို့သည် အပင်ရောဂါဖြစ်စေ သက်ရှိများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးကြသည်။ ပြင်းထန်စွာ ရွာသွန်းစီးဆင်းလာသည့် မိုးရေနှင့်မိုးသက်တို့သည် အရှိန်အဟုန်ဖြင့် အပင်ရောဂါဖြစ်စေသော သက်ရှိများကို ပျံ့နှံ့စေလေ့ရှိသည်။ ရေဖြင့်ကူးစက်ပျံ့နှံ့ခြ င်းသည် အပင်ရောဂါဖြစ်စေသော ဘက်တီးရီးယားတို့အတွက် အရေးကြီးသော ကူးစက်ပျံ့နှံ့နည်းဖြ စ်သည်။ ဘက်တီးရီးယားတို့၏လှုပ်ရှားနိုးကြားမှုသည် ပတ်ဝန်းကျင် အစိုဓာတ်အပေါ်တွင် များစွာမူတည်လျက်ရှိသည်။
ဥပမာ။ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ အပင်ရောဂါဖြစ်စေသော၊ မြေတွင်းရှိ နီမတုတ်တို့သည် သွင်းရေ၊ ထုတ်ရေ စသည့် စီးဆင်းနေသောရေတို့ဖြင့် ကူးစက်ပျံ့နှံ့သည်။
၃။ အင်းဆက်ပိုးများဖြင့် ကူးစက်ပျံ့နှံ့ခြင်း
ဗိုင်းရပ်စ်ရောဂါများသည် ဤနည်းဖြင့် အများဆုံးကူးစက်ပျံ့နှံ့ကြသည်။ မှို၊ ဘက်တီးရီးယားနှင့် နီမတုတ်တို့မှာမူ အင်းဆက်ပိုးများဖြင့် အသင့်အတင့်သာ ကူးစက်ပျံ့နှံ့နိုင်ကြသည်။
အင်းဆက်ပိုးတို့သည် အပင်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်တို့ကို ယင်းတို့၏ ခန္ဓာကိုယ်အတွင်း သို့မဟုတ် အပင်တွင် သယ်ဆောင်သွားပြီး လက်ခံပင်ဆီသို့ ရောက်ရှိသွားစေသည်။
အချို့ဗိုင်းရပ်စ်တို့ကား အင်းဆက်ပိုး၏ ခန္ဓာကိုယ်အတွင်း၌ ကြာရှည်စွာ ပွားများ အသက်ရှင်လျက်ရှိသည်။ ဗိုင်းရပ်စ်များကို ကူးစက်ပျံ့နှံ့စေသော ပိုးမွှားများမှာ ပျပိုး၊ ဖြုတ်စိမ်း၊ နှံကောင်၊ ကျိုင်း ကောင်၊ လှေးမွှား စသည်တို့ ဖြစ်ကြသည်။ ဗိုင်းရပ်စ်ရောဂါအများစုသည် အင်းဆက်ပိုးဖြင့် ကူးစက်ပျံ့နှံ့ကြသည်။ ခြွင်းချက်အားဖြင့် ဆေးရွက်ကြီး ရောင်မညီကွက်ကြား ဗိုင်းရပ်စ်နှင့် အာလူးရောင်မညီကွက်ကြားဗိုင်းရပ်စ်တို့ကဲ့သို့သော ဗိုင်းရပ်စ်ရောဂါ အနည်းငယ်သာ အင်းဆက်ပိုးများဖြင့် ကူးစက်ခြင်း မပြုကြပေ။ ဗိုင်းရပ်စ်ရောဂါတစ်ခု အင်းဆက်ပိုးဖြင့် ပြန့်ပွားကူးစက်ရန် အင်းဆက်ပိုးအမျိုးအစား၊ လက်ခံပင်အမျိုးအစား၊ ဗိုင်းရပ်စ်အမျိုးအစားအပြင် ပတ်ဝန်းကျင်အခြေအနေ ရာသီ ဥတုတို့အပေါ်၌လည်း မူတည်နေပါသည်။
၄။ အခြားတိရစ္ဆာန်များဖြင့် ကူးစက်ပျံ့နှံ့ခြင်း
ကြွက်၊ ငှက်၊ ပက်ကျိ၊ ခရု စသည်တို့သည် အပင်ရောဂါဖြစ်စေသော သက်ရှိတို့ကို သယ်ယူပို့ဆောင်နိုင်ကြ၏။ မုန်လာထုပ်အနက်ပုပ်ရောဂါသည် ပက်ကျိများဖြင့် ကူးစက်နိုင်သည်။
ကပ်ပါးပင်များဖြစ်ကြသော ရွှေနွယ်ပင်နှင့်ကျီးပေါင်းပင်တို့၏ မျိုးစေ့နှင့် အပင်အင်္ဂါ အစိတ်အပိုင်းများအား ငှက်များချီသွားခြင်းဖြင့် ကူးစက်ပျံ့နှံ့သည်။ မြင်း၊ ကျွဲ၊ နွားနှင့် ဝက်တို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကပ်ပါသွားခြင်းဖြင့်လည်း ရောဂါများကူးစက်ပျံ့နှံ့ကြသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇော်ဟိန်း
လွန်ခဲ့သော ၂ နှစ် ကthaunk
ဦးအောင်ကိုကိုဦး
လွန်ခဲ့သော ၃ နှစ် ကမတ်ပဲစိုက်ပျိုးရာ မြေအောက်အမြစ်ဖောက်ပိုးဝင်တဲ့အတွက် အပင်များသေ ဘယ်လိုဆောင်ရွက်ရမလဲ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....