ပေါင်းပင်များကို ကာကွယ်နှိမ်နင်းသင့်သည့် အချိန်ကာလ အပိုင်းအခြားများနှင့် စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းနည်းများ
သီးနှံထွက် ကျဆင်းမှုကို ကာကွယ်ရန်အတွက် သီးနှံသက်တမ်းအလိုက်ပေါင်းကင်းစင်ရမည့် အချိန်ကာလ ကို သက်မှတ်ထားပါသည်။ သီးနှံများအတွက် ပေါင်းကင်းစင်ရမည့် အချိန်နောက်ပိုင်းတွင်ပေါင်းပင်ရှိခဲ့သော် သီးနှံအထွက်လျော့ဆင်းမှု မရှိတော့ပါ။ သို့သော် ပေါင်းပင်များ ကင်းရှင်းပါက ပို၍ကောင်းမွန်ပါသည်။ ဥယျာဉ်ခြံသီးနှံများတွင် ပေါင်းအန္တရာယ်ပို၍ သိသာထင်ရှားပါသည်။ ပေါင်းနှိမ်နင်းရမည့်အချိန်မှာ အပင်စိုက်ချိန်၊ အပင်ကြီးထွားချိန်၊ အဖူးထွက်ချိန်များတွင် ပေါင်းကင်းရှင်းရမည်။ ပေါင်းကင်းရှင်းရမည့် အချိန်တွင် ပေါင်းကင်းရှင်းပါက သီးနှံထွက်နှုန်း မထိခိုက်တော့ပါ။ သို့သော် ပေါင်းရှင်းပေးပါက ရိတ်သိမ်းရာတွင် လွယ်ကူပြီး နောင်နှစ်အတွက် ပေါင်းသက်သာစေပါသည်။
စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း (Cultural Method)
သီးနှံအလှည့်ကျ စိုက်ပျိုးရေးစနစ် ဆိုသည်မှာ ကွဲပြားခြားနားသည့် သီးနှံများကို မြေတစ်နေရာထဲတွင် စနစ်တကျ အလှည့်ကျ စိုက်ပျိုးခြင်းဖြစ်သည်။ သီးနှံ အလှည့်ကျ စိုက်ပျိုးရေးစနစ်သည် ပေါင်းကာကွယ် နှိမ်နင်းရန် အတွက် ရေရှည်ကောင်းသည့် စနစ်ဖြစ်သည်။ ပေါင်းပင်များသည်လည်း စိုက်ပျိုးသည့် သီးနှံပင်များနှင့်အတူ စိုက်ပျိုးသည့် ပုံစံအလိုက် ကြီးထွားလာသည်။ သီးနှံတစ်မျိုးတည်း ဆက်တိုက် စိုက်ပျိုးခြင်းသည် ပေါင်းမျိုးစိပ် တစ်ခုကို ၎င်းသီးနှံနှင့် လိုက်လျောညီထွေစွာ ကြီးပြင်းမှု ပေါက်ရောက်မှုကို အားပေးပါသည်။
သီးနှံအမျိုးမျိုးကို အလှည့်ကျ စိုက်ပျိုးသည့်အခါ ပေါင်းပင်များ၏ပေါက်ရောက်မှုနှင့် ကြီးထွားနှုန်းကို လျော့နည်းစေ ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သီးနှံအတွက် ထယ်ရေးပြင်ဆင်မှု၊ စိုက်ပျိုးချိန်၊ သီးနှံနှင့် ယှဉ်ပြိုင်မှုတို့ကြောင့် ဖြစ်ပါသည်။
သီးနှံ အလှည့်ကျ စိုက်ပျိုးသည့် စနစ်တွင် သီးနှံရွေးချယ်ခြင်းက လက်ရှိအနေထားနှင့် နောင်ဖြစ်ပေါ် လာမည့် ပေါင်းပြသနာ ရင်ဆိုင်ရမှုအပေါ်တွင် မူတည်ပါသည်။ သီးနှံ အလှည့်ကျ စိုက်စနစ် တွင် ယှဉ်ပြိုင်နိုင်စွမ်း နည်းသည့် သီးနှံ မစိုက်မီ အာလူးစိုက်ပျိုးပါက ပေါင်းပြသနာကို လျော့ကျစေပါသည်။
သြဂင်းနစ် စိုက်ပျိုးသူများသည် သီးနှံအလှည့်ကျ စိုက်ပျိုးရန်အတွက် သီးနှံရွေးချယ်မှုသည် မြေဆီသြဇာ ထက်သန်မှုနှင့် မြေဆီသြဇာ ထက်သန်လာမည့် အချိန်အတိုင်းအတာကို သတိထားရပါသည်။ သီးနှံအမျိုးမျိုးနှင့် ပေါင်းပင်တို့၏ မြေဆီသြဇာ ထက်သန်မှုအဆင့် တုန့်ပြန်မှု ကွာခြားချက်သည် ပေါင်းနှိမ်နင်း ကာကွယ်ရာတွင် အရေးကြီးသည့်အချက် ဖြစ်ပါသည်။
သီးနှံ အလှည့်ကျ စိုက်စနစ်တွင် မြေလှပ်ထားခြင်းသည် နှစ်ရှည်ခံပေါင်းပင် များလျော့နည်းစေရန်ဖြစ်သည်။ အကောင်းဆုံးစိုက်ပျိုးစနစ်မှာ ပဲမျိုးရင်းဝင် အပင်များ၊ မြက်၊ မျိုးနှင့်ဆောင်းရာသီ စိုက်သီးနှံများတွင် အတန်းလိုက် နီးကပ်စိုက်ရသည့် သီးနှံများ အစာကြီးသည့်သီးနှံနှင့် အစားနည်းသည့်သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်းဖြစ်သည်။
ဖုံးအုပ်သီးနှံ (Cover Crops)
သီးနှံများ စိုက်ပျိုးပြီး လျင်မြန်စွာ ကြီးထွားမှုနှင့် သိပ်သည်းစွာ ဖုံးထားခြင်းဖြင့် ပေါင်းများ သက်သာစေပါ သည်။ ဖုံးအုပ် သီးနှံများမှာ ပဲမျိုးစုံသီးနှံများ၊ ပြောင်း၊ ပြောင်းဖူး၊ ဂျုံ၊ ပန်းဂျုံ စသည်တို့ဖြစ်သည်။ ယှဉ်ပြိုင်နိုင်စွမ်း မြင့်သည့်သီးနှံများကို သီးနှံအလှည့်ကျ စိုက်ပျိုးစနစ်တွင် အချိန်တိုတိုအတွင်း ထည့်၍ အသုံးပြုနိုင်သည်။
ဖုံးအုပ်သီးနှံ အကြွင်းအကျန်များသည် အရိပ်မိုးပြီးမြေကိုအေးစေခြင်းဖြင့် ပေါင်းများကို ကျဆင်းစေသည်။ ဖုံးအုပ်သီးနှံရွေးချယ်ရာတွင် နောက်လိုက်စိုက်မည့် သီးနှံအပေါ် အကျိုးသက်ရောက်မှုကို သိရန်လိုအပ်ပါသည်။ ဖုံးအုပ်သီးနှံ အကြွင်းအကျန်များသည် ဆွေးမြေ့ပြီး အပင်ကြီးထွားမှု ဟန့်တားသည့် ဓာတ်ပေါင်း ပစ္စည်းများ ထုတ်ခြင်းဖြင့် ပေါင်းပင် အပင်ပေါက်နှုန်းနှင့် ကြီးထွားဖွံ့ဖြိုးခြင်းကို ဟန့်တား ပါသည်။
သီးညှပ်စိုက်ပျိုးခြင်း ( Inter Cropping)
အဓိက သီးနှံအကြားတွင် သီးနှံတစ်မျိုး စိုက်ပျိုးခြင်းဖြစ်သည့် သီးညုပ်သီးပင်များသည် ပေါင်းကို ကျဆင်းစေ ပါသည်။ မျိုးစေ့ချနှုန်းများကို ကောင်းမွန်စွာ ထိန်သိမ်းစိုက်ရမည်။ သီးညုပ် စိုက်ပျိုးခြင်းဖြင့် အဓိကသီးနှံ အထွက်နှုန်းကို အာဟာရနှင့်ရေများ ယှဉ်ပြိုင် စုပ်ယူသည့်အခါ အဓိက သီးနှံအထွက်လျော့ပါမည်။
စိုက်ကွင်းတွင်စုံစမ်းထောက်လှမ်းခြင်း (Field Scouting)
ကွင်းမှ သတင်းထောက်လှန်းမှု မှတ်တမ်းများကို ရယူပါမည်။ မှတ်တမ်းများမှ ပေါင်းပင်ပျံ့နှံ့မှု၊ ဇီဝကြီးထွားမှု အဆင့်၊ ဦးရေနှင့် သီးနှံအဆင့် စသည်တို့ ဖြစ်သည်။ ၎င်းသတင်း အချက်အလက်များကို သုံး၍ ရေတိုအနေဖြင့် သီးနှံ စီးပွားရေးရာ ဆုံးရှုံးမှုလျော့စေရန် ပေါင်းနှိမ်နင်းမှုကို စီမံကွပ်ကဲနိုင်သည်။ ရေရှည်အနေဖြင့် ပေါင်းနှိမ်နင်းရာတွင်အောင်မြင်မှု၊ ဆုံးရှုံးမှုတို့ကို ဆန်းစစ်၍ အနာဂါတ်အတွက် သင့်လျော်မည့် ဆုံးဖြတ်ချက်များ ကိုချမှတ်နိုင်ပါသည်။
မြေမျက်နှာပြင်ကို ဖုံးလွှမ်းထားခြင်း (Mulching)
မြေမျက်နှာပြင်ကို ဖုံးအုပ်ထားခြင်၊ ပေါင်းပင်များ အလင်းရောင် မရရှိရန်အတွက် ပေါင်းပင်ပေါက်မှုကို ကာကွယ် ဟန့်တားပါသည်။ ဖုံးအုပ်သည့် ပစ္စည်းများမှ အပင်ကို အဆိပ်ဖြစ်စေ၍ အရည်ထုတ်ပေးခြင်းဖြင့် ပေါင်းစေ့များ အပင်ပေါက်မှုကို ကျဆင်းစေပါသည်။
ဖုံးအုပ်မှု ပြုလုပ်နိုင်သည့် ပစ္စည်းများ သက်ရှိ ပစ္စည်းများနှင့် ဖုံးအုပ်ခြင်း (Living Mulches)
သီးနှံ မျိုးစိပ်တစ်ခုကို မြေမျက်နှာပြင် ဖုံးအုပ်သီးနှံအဖြစ် စိုက်ပျိုးကြီးရာတွင် သိပ်သိပ်သည်းသည်း ရှိစေပါ သည်။ မြေဖုံးအုပ် သီးနှံများကို အဓိကသီးနှံ မစိုက်လာမှီ (သို့) စိုက်အပြီးတွင် စိုက်ရပါမည်။ အဓိကသီးနှံ မစိုက်မှီ မြေဖုံးအုပ်သီးနှံ စိုက်ပျိုးခြင်းဖြင့် သီးနှံနှင့် ယှဉ်ပြိုင်မှု လွတ်ကင်းစေပါသည်။ ၎င်းဖုံးအုပ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် မြေဖွဲ့စည်းမှု မြေဆီသြဇာ ထက်သန်မှုကောင်းပြီး ပိုးမွှားကျမှုနည်းခြင်းနှင့် ပေါင်းပေါက်ရောက်မှု ကျဆင်းစေပါသည်။
သီးနှံပင် အစိတ်အပိုင်းများနှင့် ဖုံးအုပ်ခြင်း (Organic Mulches)
ကောက်ရိုး၊ အပင်အခေါက်နှင့် မြေဆွေးပြုလုပ်သည့် ပစ္စည်းများကို သုံးခြင်းဖြင့် ပေါင်းနှိမ်နင်းမှုကို ထိရောက်စေပါသည်။ လယ်ယာမှ ထွက်သည့် ပစ္စည်းများကို အသုံးပြုသင့်သည်။ သတင်းစာနှင့် ကောက်ရိုးများကို အသုံးပြုနိုင်သည်။ သတင်းစာ စာရွက် ၂ လွှာကို ခင်းပြီး အပေါ်မှ မြက်ခြောက် (သို့မဟုတ်) ကောက်ရိုး ဖုံးနိုင်သည်။ အပင် အကြွင်းအကျန်များကို အသုံးပြုခြင်းဖြင့် မြေဆွေးကို ရရှိစေပါသည်။ ပလက်စတစ်များကိုလည်း ဖုံးအုပ်ရန် အသုံးပြုနိုင်သည်။ မြေကို ပူနွေးစေပြီး ခရမ်းလွန်ရောင်ခြည်သည် ပေါင်းပင်များ နှိမ်နင်းရန် အကျိုးသက်ရောက်ပါသည်။
ထယ်ရေးစနစ် (Tillage System)
၇၅%ပေါင်းစေ့များသည် အပေါ်ယံမြေလွှာ၏ ၅ စီတီမီတာ အလွှာတွင် ရှိနေပါသည်။ ထယ်ရေးကိုပေါင်းစေ့များ မြုပ်မည့် ထယ်ရေးအနက်ကို စဉ်းစားရသည်။ အာလိန်ထယ်သုံးခြင်းဖြင့် မြေခံကို ညီညီညာညာ ပြန့်ပြူးစေပြီး ပေါင်းစေ့များကို အနက်ညီညာစွာ မြုပ်စေပါသည်။ ထယ်ရေးကို သိပ်မနက်စေပဲ ပေါင်းစေ့များကို မြုပ်ပါက ပေါင်းပင်ပေါက်လညီညာပြီး နှိမ်နင်းရန်လွယ်ကူပါသည်။ မြေနှင့်နီးကပ်နေသည့် ပေါင်းပင်များသည် တိရစ္ဆာန်၊ ပိုးကောင်တို့စား၍ ဖျက်ဆီးခြင်း၊ အခြားသောသားရဲကောင်များ ရောဂါဖြစ်စေ သည့် သက်ရှိများ၏ ဖျက်ဆီးခြင်းခံရပါသည်။
သန့်ရှင်းရေးလုပ်ခြင်း (Sanitation)
လယ်ယာတွင် လက်ရှိ ရှိနေသည့်ပေါင်းစေ့ ဦးရေများများ မပွားစေရန်နှင့် အသစ်ရောက်ရှိလာမည့်ပေါင်းစေ့များ ကာကွယ်ရန် ဖြစ်ပါသည်။ သန့်ရှင်းသော မျိုးစေ့ကို အသုံးပြုခြင်း၊ စိုက်ကွင်းထောင့်တွင်လေလှေ့ခြင်း၊ ပေါင်းပင်မှပေါင်းစေ့အထိ မရောက်ရန်ဆောင်ရွက်ပြီး မြေဆွေးသုံးလျှင် ကောင်းမွန်စွာဆွေးမြေ့ပြီး၊ ပေါင်းစေ့များ အပင်ပေါက်စွမ်း မရှိစေခြင်း၊ ပေါင်းစေ့ ကင်းစင်သည့် မျိုးကောင်းမျိုးသန့် များကို စိုက်ပျိုးရပါမည်။
သီးနှံ မချွေမှီ ချွေစက်နှင့် အသုံးပြုသည့် ကရိယာများကို သန့်ရှင်းအောင်ဆောင်ရွက်ရမည်။ လေနှင့်ပေါင်းစေ့များ မပြန့်ရန် စိုက်ပင်တန်းများ (hedgerows) စိုက်ထားရမည်။
နိုက်ထရိုဂျင်မြေသြဇာ (Nitrogen Fertility)
နိုက်ထရိုဂျင်ဓာတ်၏ အကျိုးအာနိသင်သည် သီးနှံပေါင်းနှင့် နောက်စိုက်မည့် သီးနှံတို့တွင် အကျိုးသက်ရောက်မှု ရှိသည်။ ဥပမာ နိုက်ထရိတ်ဓာတ်သည် အချို့ပေါင်း မျိုးစေ့များကို အပင်ပေါက် စွမ်းအားကောင်းစေပြီး မျိုးစေ့ထုတ်လုပ်မှုကိုလည်း ကောင်းစေပါသည်။
နိုက်ထရိုဂျင်မြေသြဇာသည် သီးနှံအထွက်တိုးစေမည့်အစား ပေါင်းပင်ကြီးထွားမှုကို အကျိုးသက်ရောက်စေ ပါသည်။ နိုက်ထရိုဂျင်မြေသြဇာကို အပင်ပတ်လည်တွင် တူးဆွကျွေးခြင်းဖြင့်ပေါင်းပင်ထက် သီးနှံပင်အတွက် အကျိုးသက်ရောက်ပါသည်။ လုံးဝဆွေးမြေ့နေသည့် မြေဆွေးကို သုံးခြင်းဖြင့် နောက်ထပ်ပေါင်းစေ့ အသစ်များရောက်မလာတော့ပါ။ သန့်စင်သည့် မျိုးကောင်းများကို စိုက်သင့်ပါသည်။ ပဲမျိုးစုံ သီးနှံအကြွင်းအကျန်များသည် ဓာတ်မြေသြဇာနှင့် ဆန့်ကျင်ပြီး အပင်အတွက် လိုအပ်သည့် နိုက်ထရိုဂျင်ကို ဖြည့်စွက်ဆည်းပေးသဖြင့် သီးနှံကြီးထွားဖွံဖြိုးပြီး ပေါင်းပင်ကို အားနည်းစေပါသည်။ ပဲမျိုးစုံသီးနှံသည် မြေသြဇာဓာတ်ကို နှေးကွေးစွာလွှတ်ပေးသဖြင့် ပေါင်းပင် ကြီးထွားမှုအတွက် အခြေအနေမပေးပါ။
သီးနှံပင်ကို အစာကျွေးပါ။ ပေါင်းပင်ကို မကျွေးနှင့် (Feed the Crops, not the week)
အရည်ပျော်လွယ်သည့် အာဟာရဓာတ်များကို အပင်မပေါက်မှီ ကြဲခြင်းရှောင်ပါ။ ယင်းကဲ့သို့ပြုလုပ်ပါက သီးနှံပင်ကို ကြီးထွားမှုနှေးစေပြီး ပေါင်းပင်ကြီးထွားမှုကို အားပေးပါသည်။ ပေါင်းစေ့ပေါက်ရန်လည်း လှုံ့ဆော်ပေးပါသည်။ မြေသြဇာကို စိုက်တန်းများအနီး ကျွေးခြင်းဖြင့် သီးနှံပင်များများ ရရှိနိုင်ပါသည်။ တန်ဖိုးကြီးသည့် သြဂဲနစ်မြေသြဇာကို နှုန်းထားအနည်းငယ်သာ စိုက်ချိန် (သို့) စိုက်တန်ဘေးကပ်၍ သုံးရပါသည်။ ၎င်းကဲ့သို့ သုံးခြင်းမှာ ရာသီအလယ်တွင် မြေဆွေး၊ သစ်စိမ်းမြေသြာဇာတို့မှ ပထမ မူလအဟာရ (Primary Fertility) ထုတ်ပေးမှုအပေါ် မှီခိုပါသည်။
ရေပေးရေယူမှု (Water Mangaement)
ဟင်းသီးဟင်းရွက် စိုက်ပျိုးရာတွင် ပေါင်းကာကွယ် နှိမ်နင်းရန်အတွက် ရေပေးရေယူ ပြုလုပ်ခြင်းသည် အဓိကသော့ချက် ဖြစ်သည်။ ရေပေးမှု နည်းများစွာရှိသည့်အနက် သွင်းရေစနစ် သတိကြီးစွာထား၍ ဆောင်ရွက်ခြင်းဖြင့် ပေါင်းပင်၏ သီးနှံအပေါ် ဖိနှိပ်မှုကို လျော့နည်းစေပါသည်။
ပေါင်းစေ့များ အပင်မပေါက်မှီ နှိမ်နင်းခြင်း (Pre-germination of weed)
ပေါင်းစေ့များသည် သီနှံပင်များ မစိုက်မှီသွင်းရေ (သို့) မိုးရေဖြင့် အပင်ပေါက်ပါသည်။ ပေါက်လာသည့် ပေါင်းပင်နုများကို သာမာန်မြေကို ပေါက်ဆွခြင်းဖြင့် နှိမ်နင်းနိုင်သည်။
ကိုးကား- ဓာတုကင်းဝေး စိုက်ပျိုးရေး
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026