ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ် (IPM) အတွက် အားသာချက် အားနည်းချက်
ဖျက်ပိုးဆိုတာဘာလဲ
ဖျက်ပိုးတွေလို့ ပြောလိုက်ရင် ဖျက်ဆီးတဲ့ပိုးတွေ အကုန်ကို ဖျက်ပိုးတွေလို့ ခေါ်ပါတယ်။ သီးနှံမှာကျတဲ့ ပိုးတွေဆိုရင်တော့ သီးနှံဖျက်ပိုးတွေပေါ့။ အဲ့လို သီးနှံဖျက်ပိုးတွေကို ကာကွယ်ဖို့ နှိမ်နင်းဖို့အတွက်ကို ပိုးသတ်ဆေးဆိုတာ အများကြီးသုံးနေကြရတာ လက်တွေ့ပါပဲ
ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ် ဆိုတာ…
အင်္ဂလိပ်လိုတော့ Integrated Pest Management ပေါ့လေ။ အတိုကောက်ကိုတော့ IPM လို့ခေါ်ပါတယ်။ ပိုးမွှားတွေတိုးပွားလာတာကိုလည်း ပြင်ဆင်ချင်တယ်။ နောက်ကာလတွေမှာလည်း အများကြီးပွားမလာစေချင်ဘူး ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ စိုက်နည်းပျိုးနည်းတွေကိုပြောင်းလဲစိုက်တယ်။ ရောဂါဒဏ်ခံတဲ့၊ ဖျက်ပိုးကိုခံနိုင်ရည်ရှိတဲ့မျိုးတွေကို စိုက်တာပျိုးတာတွေလည်းပါတယ်။
ပတ်ဝန်းကျင်ကို သဟဇာတဖြစ်ပြီးတော့ အထွက်နှုန်းကိုတိုးတက်ဖို့လည်း ကူညီပေးတယ်။ ပိုးမွှားတွေကျရောက်မှုအတွက်လည်း ကူညီနှိမ်နင်းပေးတဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။ ပြီးတော့ ဓာတုပိုးသတ်ဆေးတွေကို လျှော့ချသုံးစွဲနိုင်ဖို့အတွက် ကူညီပေးတဲ့ နည်းစနစ်တစ်ခုလည်းဖြစ်ပါတယ်။
IPM ကိုသုံးမယ်ဆိုရင် နည်းဥပဒေလေးတွေတော့ရှိတယ်။ အဆင့်လေးတွေပါပဲ။ သိဖို့ပေါ့လေ။
(၁) ကာကွယ်ဖိနှိပ်ခြင်း
(၂) စောင့်ကြည့်ခြင်း
(၃) ဆုံးဖြတ်ချက်ချခြင်း
(၄) ဓာတု မသုံးသောနည်းလမ်းများ
(၅) ပိုးသတ်ဆေးရွေးချယ်ခြင်း
(၆) အနည်းဆုံး ပမာဏ
(၇) ယဉ်ပါးမှုကိုနည်းပါးတဲ့ နည်းလမ်းကိုရှာတယ်
(၈) လေ့လာအကဲဖြတ်ပြီး စောင့်ကြည့်ခြင်းဆိုတဲ့ အဆင့်တွေပဲဖြစ်ပါတယ်။
ကဲ နည်းလမ်းသစ်တွေကိုတော့ တွေ့ကိုတွေ့နေကြတာပဲ။ တကယ် ကောင်းမကောင်းဆိုတာကိုတော့ သေချာအောင် ကြည့်ကြတာပေါ့။
ကောင်းကျိုးတွေ
၁။ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေရစေနိုင်တယ်။
ကဲ ပိုးသတ်ဆေးဖျန်းတယ်ဆိုရင် ခြင်ဆေးတောင် လူကိုမွှန်တာပဲ။ ပတ်ဝန်းကျင်ကို ထိခိုက်မယ်ဆိုရင်တော့ ကောင်းဦးမလားဆိုတော့ IPM မှာ ဆေးသုံးရတာကိုနည်းစေတာမို့ တစ်ခေါက်ဆို တစ်ခေါက် သိသာပါတယ်။ ပတ်ဝန်းကျင်ကို သက်သာစေတာပေါ့။ တစ်ချို့ဆေးတွေဆို ဓာတ်ကြွင်းတွေပါ ကျန်တတ်တာဆိုတော့ ….. IPM ကောင်း မကောင်း…. ??
၂။ ဖျက်ပိုးတွေက ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်တိုးတက်လာတာကိုလည်း နှေးစေတယ်။
ပိုးသတ်ဆေးတွေကို သုံးတာကြာလာရင် ပိုးသတ်ဆေးခံနိုင်အားတွေကို တိုးလာစေပါတယ်။ ဓါတုဆေးတွေကို ထပ်ခါထပ်ခါသုံးလာတဲ့အခါ ဖျက်ပိုးတွေက ပိုးသတ်ဆေးယဉ်ပါးလာပြီး မျိုးဗီဇတွေပြောင်းလဲကာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ အဲ့လိုဖြစ်လာရင် ဓါတုဆေးနဲ့မနိုင်တဲ့ ပိုးအကြီးစားတွေ ဖြစ်လာမှာဖြစ်ပါတယ်။ IPM ကိုသုံးရင်တော့ ဒီပြသာနာကိုလျော့ချနိုင်မှာပါ။
၃။ ဂေဟစနစ်ကို ညီမျှအောင် ထိန်းသိမ်းပေးတယ်။
ဓါတုပိုးသတ်ဆေးတွေကိုသုံးလိုက်ရင် ဖျက်ပိုးအရေအတွက်တွေ နည်းသွားမယ်။ ဒါပေမယ့် ကိုယ်မရည်ရွယ်တဲ့ ကိုယ်မထိခိုက်စေချင်တဲ့ သက်ရှိတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ IPM ကတော့ ဂေဟစနစ်ကို ထိန်းသိမ်းဖို့အတွက် ဖျက်ပိုးတွေကိုပဲ ရှင်းထုတ်ပစ်တာပါ။
၄။ ကုန်ကျစရိတ်နည်းတယ်။
IPM ကိုသုံးရင် ပိုးသတ်ဆေး ခဏခဏသုံးနေရတာ အချိန်မှန်မှန်ဖျန်းနေရတာကို သက်သာစေပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်လည်း နည်းသွားတာပေါ့။
ကောင်းတာတွေအပြင် မကောင်းတာတွေလည်း ရှိတယ်။ ဒါဆိုဆက်ကြည့်လိုက်ပါဦး။
မကောင်းတာတွေက
၁။ ကျွမ်းကျင်မှုတွေလိုအပ်တယ်။
IPM ကိုသုံးမယ်ဆိုရင် တောင်သူလယ်သမားတစ်ယောက်ချင်းစီက IPM အကြောင်း ကောင်းကောင်းနားလည်ပြီးတော့ ကိုယ့်ဒေသမှာရနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲက အကောင်းဆုံးနည်းလမ်းကို ရွေးချယ်တတ်ရပါမယ်။
၂။ အချိန်နဲ့ အားထုတ်ရမှုလိုတယ်။
IPM ကိုသုံးမယ်ဆိုရင် ဖျက်ပိုးအမျိုးအစားအလိုက် သုံးရမယ့်နည်းလမ်းတွေ မတူတာကြောင့် တကယ်ထိရောက်တဲ့နည်းလမ်းကို သိဖို့ဆိုရင် အချိန်ယူပြီး လေ့လာစောင့်ကြည့်ရပါတယ်။ အဲဒါကတော့ မကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လို့တော့ သုတေသနလုပ်ငန်းတွေကနေ အကောင်းဆုံးနည်းလမ်းတွေကို မျှဝေပေးနေပါတယ်။
သုံးသင့် မသုံးသင့်တာနဲ့ ကိုယ်ဘာတွေလိုအပ်လဲဆိုတာကို တွေးသာကြည့်ကြပါတော့ဗျာ….
ထွန်းဝင်းကျော်
https://greentumble.com/advantages-and-disadvantages-of-integrated-pest-management/
https://www.publichealthnotes.com/integrated-pest-management-ipm-principles-advantages-and-limitations/
အေးချမ်းမောင်
လွန်ခဲ့သော ၄ နှစ် ကဆေးကပြအုံလေbro
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026