သြဇာပင် နှင့် ပိုးသတ်ဆေး
အပူပိုင်းဒေသများတွင် ကောင်းမွန်စွာရှင်သန်ပေါက်ရောက်ကြသည်။ ဉယျာဉ်ခြံတည်၍ စိုက်ပျိုးကြသည်။ မျိုးစိတ်ပေါင်း (၈၀) ခန့်ရှိသော်လည်း မြန်မာနိုင်ငံတွင် ရိုးရိုးသြဇာနှင့် သင်္ဘောသြဇာနှစ်မျိုးသာ ထင်ရှားသည်။ နှစ်မျိုးစလုံး ပိုးသတ်ဆေးအာနိသင် ရှိပါသည်။
အသုံးပြုအစိတ်အပိုင်း - အရွက်၊ အသီး၊ အစေ့
အစွမ်းသတ္တိ - ထိသေ၊ စားသေ၊ တွန်းကန်သတ္တိ၊ အစားအသောက်ပျက်စေသတ္တိ၊ ပိုးသတ်ဆေး၊ လောက်ကောင်သတ်ဆေး
ပါဝင်သောဓာတ်များ
သြဇာစေ့တွင် Amorphous Alkaloid နှင့် စူးရှပြင်းထန်သော အဆီပါဝင်သည်။ အရွက်တွင် Hydrocyanic နှင့် စူးရှသော အနံ့ ပါရှိသည်။
နှိမ်နင်းနိုင်သော ပိုးများ
စပါးဖြုတ်ညို
စပါးဖြုတ်စိမ်း
စပါးဖြုတ်ကျောကုန်းဖြူ
ပိုးနဂါး/ငမြှောင်တောင်
ပျပိုး
စိန်ကွက်ဖလံ
ကြမ်းပိုးစိမ်း
ဝါပိုးနီ
သီးထိုးယင်
ဘူး၊ ဖရုံကျိုင်းနီ
ခူကောင်များ
အကြေးပိုး
လွှသွားကျိုင်း
အသုံးပြုနည်း
နည်းလမ်း -၁
သြဇာရွက် - တစ်ပိဿာခွဲ
ရေ - ၄ ဂါလန်ခွဲ
လက်ဆက်သော သြဇာရွက် တစ်ပိဿာခွဲကို ခုတ်စင်း၍ ရေ ၄ ဂါလန်ခွဲတွင် ထည့်ကာ ပြုတ်ပေးပါမည်။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူကာ ရေ(၁၄) ဂါလန်ဖြင့် ရောစပ်ပက်ဖျန်းနိုင်ပါသည်။
နည်းလမ်း - ၂
သြဇာရွက် - ၃၀ ကျပ်သား
ဆေးရွက်ကြီး - ၃၀ ကျပ်သား
တိရစ္ဆာန်ကျင်ငယ်ရေ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဒုတ္တာ - ၆ ကျပ်သား
ရေ - ၁ ဂါလန်
လတ်ဆတ်သော သြဇာရွက် (၃၀) ကျပ်သားကို ခုတ်စင်း၍ ရေ ၁/၂ ဂါလန်နှင့် ပြုတ်ပါ။ အရည်များ ပျစ်လာလျှင် အအေးခံ၍ ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။ ပုလင်း ၁/၃ ခန့်ရရှိနိုင်သည်။
ဆေးရွက်ကြီး ၃၀ ကျပ်သားကိုလည်း ခြေမွ၍ ရေ၁/၂ ဂါလန်ထည့်ကာ ၄၅ မိနစ်ကြာ ပြုတ်ပေးပါ။ ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။
နွားကျင်ငယ်ရည်၊ နွားမစင်တို့ကို ရောသမမွေ၍ အနည်ထိုင်စေပါ။ အပေါ်ယံ အရည်ကြည် ၁/၃ ပုလင်းကို ရယူထားပါ။
အထက်ပါ စစ်ကျရည်သုံးမျိုးကိုရောစပ်၍ ဒုတ္တာ ၆ ကျပ်သား ထည့်ကာ ရောမွေသမ ပေးပါ။ ရရှိလာသော စစ်ကျရည်ပေါင်းကို ရေ ၁၃ ဂါလန်နှင့် ဖျော်စပ်၍ အသုံးပြုနိုင်ပြီဖြစ်သည်။
နည်းလမ်း - ၃
သြဇာရွက် - တစ်ပိဿာခွဲ
ငရုတ်သီးခြောက် - ၃၀ ကျပ်သား
တမာကြိတ်ဖတ် - ၆၀ ကျပ်သား
ရေ - ၅ ပုလင်း (၅ လီတာ)
သြဇာရွက် လတ်လတ်ဆတ်ဆတ် တစ်ပိဿာခွဲကို ထုထောင်း၍ ရေတစ်ပုလင်းတွင် ရောမွှေ၍ ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ယူထားပါ။
ငရုတ်သီးခြောက် ၃၀ ကျပ်သား ကိုလည်း ထုထောင်းကာ ရေတစ်ပုလင်းခွဲတွင် တစ်ညသိပ်စိမ်ထားပြီး ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။
တမာစေ့ကြိတ်ဖတ် ၆၀ ကျပ်သားကိုလည်း ရေ နှစ်ပုလင်းခွဲတွင် တစ်ညသိပ်ရေစိမ်ထားပြီး ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။
အထက်ပါ စစ်ကျရည် သုံးမျိုးကို ရောမွှေသမပေး၍ အမှုန့်များ မပါစေရန် ပိတ်စဖြင့် ထပ်မံစစ်၍ ညှစ်ယူပါ။ ရရှိလာသော စစ်ကျရည်ပေါင်းကို ရေ ၁၂ ဂါလန်နှင့် ရောစပ်ပြီး အသုံးပြုနိုင်ပြီဖြစ်သည်။
နည်းလမ်း - ၄
သြဇာစေ့သည် သြဇာရွက်ထက် ပိုမို အစွမ်းထက်သည်။ သြဇာစေ့များ နေရိပ်တွင် ကောင်းမွန်စွာ ခြောက်သွေ့အောင် လေသလပ်ခံ အခြောက်ခံထားပါ။
သြဇာစေ့ - ၃၀ ကျပ်သား
ရေ - ၄ ဂါလန်ခွဲ
သြဇာစေ့ခြောက်များကို ထုထောင်း၍ ကြေညက်စေပါ။ မျက်စိထဲ မဝင်ရန် ဂရုပြုပါ။ သြဇာစေ့မှုန့် ၃၀ ကျပ်သားကို ရေ ၄ ဂါလန်ခွဲနှင့် ရောစပ်သမ၍ ၂ ရက်ခန့် စိမ်ထားပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချ၍ အသုံးပြုနိုင်ပြီ ဖြစ်သည်။
နည်းလမ်း - ၅
သြဇာစေ့ကို ရေနွေးအနည်းငယ်စွက်၍ ဆီကြိတ်ယူပါ။ ရရှိလာသော သြဇာစေ့ဆီ တစ်ဆ ရေ (၁၀) ဆ ရောစပ်၍ ဆပ်ပြာရည် အနည်းငယ်ထည့်၍ အသုံးပြုပါက ထိရောက်မှုကောင်းသော ပိုးသတ်ဆေးဖြစ်သည်။
အထက်ပါ ဖျော်ရည်တွင် ရေနံဆီ အနည်းငယ် ထပ်မံ၍ ရောစပ် အသုံးပြုပါက ပိုမို၍ အာနိသင် ထက်မြက်စေသည်။
နည်းလမ်း - ၆
သြဇာစေ့ဆီကို သီးနှံအစေ့အဆန်များနှင့် လူးနယ်၍ သိုလှောင်ခြင်းဖြင့် သိုလှောင်သီးနှံများ ပိုးထိုးလောက်ကိုက် ကင်းစေသည်။ သြဇာရွက်ခြောက်များကိုလည်း အစေ့အဆန်များ သိုလှောင်ရာတွင် တစ်လွှာခြင်းထည့်ထားခြင်းဖြင့် သိုလှောင်သီးနှံဖျက်ပိုးများကို ကာကွယ်နိုင်သည်။
သြဇာရွက်များကို ဆေးရွက်ကြီး၊ တစောင်းလက်ပတ်တို့နှင့် ထုထောင်း၍ ပြည်တစိုစိုဖြစ်နေသော အနာဆွေး၊ အနာဟောင်းများကို အုံပေးခြင်းဖြင့် အနာများအကျက်မြန်၍ အသားမြန်မြန်တက်စေသည်။
သြဇာပင်၏ အသားသည် ခြမတတ်နိုင်သောကြောင့် သြဇာသားဖြင့် သေတ္တာများ ပြုလုပ်နိုင်သည်။
မောင်ဌေးအန့်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
ကျော်သက်ဦး
လွန်ခဲ့သော ၄ နှစ် ကဆေးဖျန်းပုံးတစ်ပုံးဘယ်လောက်ထည့်ရမလဲ၊ပဲတဧကကိုဘယ်လောက်စီစီဆိုတဲ့နုန်းထားလေးလဲပြောပါဦး
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....