“ဆင်ခြင်သုံးသပ် ယုံကြည်တတ်ပါစေ”
အခုသီတင်းပတ်အတွင်း တောင်သူဦးကြီးများနဲ့ စိုက်ပျိုးရေးနဲ့ နှီးနွယ်ပတ်သက်သူတွေအကြား စိုးရိမ်သောကပွားနေရတာကတော့ ကန္တာရကျိုင်းကောင်ခေါ် ကန္တာရနှံကောင်ဖြစ်ပါတယ်။ ကင်ညာနိုင်ငံမှာ နှစ်ပေါင်း (၇၀) အတွင်း၊ ဆိုမာလီယာနိုင်ငံနဲ့ အီသီယိုပီးယားနိုင်ငံတို့မှာ (၂၅) နှစ်အတွင်း အဆိုးဝါးဆုံးကျရောက်ဖျက်ဆီးတဲ့ ကန္တာရနှံကောင်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်မှာ မေလနဲ့ဇွန်လအတွင်း သားပေါက်ဖို့ရှိပြီး ဇွန်လအတွင်းမှာ အဆ (၅၀၀) ပွားလာနိုင်တယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) ကလည်း ခန့်မှန်းထားခဲ့တယ်မို့လား။ ခန့်မှန်းထားတဲအတိုင်း မှန်ကန်တဲ့အပြင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကို ကန္တာရနှံကောင် အုပ်စုလိုက်ပျံသန်းလာပြီဆိုတဲ့သတင်းလည်း ကြားပြီဆိုတော့ တောင်သူဦးကြီးများ စိုးရိမ်သောကပွားရသည်မှာ မမှားပါ။
ကန္တာရနှံကောင်ဆိုတာ တစ်ခြားနိုင်ငံကနေ ကျူးကျော်ဝင်ရောက်လာတဲ့ နှံကောင်ဖြစ်ပါတယ်။ လိုရင်းပြောရရင် ကျူးကျော်ဖျက်ပိုးတစ်မျိုးဖြစ်ပြီး ၄င်းဟာ ကျူးကျော်ဝင်ရောက်တဲ့နှံကောင်တွေထဲမှာ အဖျက်ဆီးဆုံးနှံကောင်ဖြစ်ပါတယ်။ ကျူးကျော်ဖျက်ပိုးဆိုတာ ၄င်းရဲ့ကျူးကျော်ဝင်ရောက်မှုကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ဂေဟစနစ်မှာရှိတဲ့ ပတ်ဝန်းကျင်နဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ဖျက်ပိုးဖြစ်ပါတယ်။ ၄င်းဟာ နိုင်ငံတွင်း ဒေသရင်းနှံကောင်မျိုးစိတ်တွေရဲ့နေရာကို အစားထိုးဝင်ရောက်နိုင်တာရယ်၊ ၄င်းတို့ကို နှိမ်နင်းနိုင်တဲ့ သဘာဝရန်သူမရှိတာကြောင့်ရယ်၊ လျင်မြန်စွာ မျိုးပွားနိုင်စွမ်းရှိတာကြောင့်ရယ်၊ ပတ်ဝန်းကျင်အသစ်မှာ အလွယ်တကူနေသားတကျ နေထိုင်နိုင်တဲ့စွမ်းရည် ရှိတာကြောင့်ရယ်၊ အစုံစား အင်းဆက်ဖြစ်တာတို့ရယ်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက စိုးရိမ်ကြရပါတယ်။ ဥပမာအနေနဲ့ မူရင်းနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံနဲ့ ဥရုဂွေးနိုင်ငံကနေပေါက်ပွားလာတဲ့ ရွှေခရု၊ မူရင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘာ့အနောက်ဖက်ခြမ်းက အမေရိကန်နဲ့ အာဂျင်တီးနားကြားက ဖောငမြောင်တောင်တို့ရဲ့ ကျူးကျော်ဝင်ရောက်မှုအန္တရာယ်ကို စိုက်ပျိုးရေးကိုအဓိကထားတဲ့ မြန်မာနိုင်ငံအနေနဲ့ နဖူးတွေ့ဒူးတွေ ကြုံဆုံရပြီးဖြစ်ပါတယ်။
ကန္တာရနှံကောင်ဆိုတာ လျင်မြန်စွာပျံသန်းနိုင်မှုနဲ့ လျင်မြန်စွာမျိုးပွားနိုင်စွမ်းရှိပါတယ်။ တစ်ရက်ကို (၁၅၀) ကီလိုမီတာ (၉၃ မိုင်) ပျံသန်းနိုင်ပြီး သူ့ကိုယ်ခန္ဓာအလေးချိန်ရှိတဲ့ (၂) ဂရမ် ကို စားသောက်ဖျက်ဆီးနိုင်ပါတယ်။ တိုက်တဲ့လေအပေါ် မူတည်ပြီး တစ်နာရီကို ၁၆ ကီလိုမီတာကနေ (၁၉) ကီလိုမီတာနှုန်းအထိနဲ့ ပျံသန်းလေ့ရှိပါတယ်။ အုပ်စုလိုက် ပျံသန်းတဲ့ အကောင်ကြီးတွေဟာ တစ်ရက်ကို (၅) ကီလိုမီတာကနေ (၁၃၀) ကီလိုမီတာ ခန့်အထိ ပျံသန်းနိုင်ကြပါတယ်။ ဒီနှံကောင်တွေဟာ လေထဲမှာ အချိန်အကြာကြီးနေနိုင်ကြပါတယ်။ ဥပမာအနေနဲ့ ဒီနှံကောင်တွေဟာ အကွာအဝေး (၃၀၀) ကီလိုမီတာရှိတဲ့ ပင်လယ်နီကို ပုံမှန်ဖြတ်သန်းကြပါတယ်။ အုပ်စုလိုက်ပျံတဲ့ ကန္တာရနှံကောင်ကြီးတွေရဲ့ အရွယ်အစားဟာ တစ်စတုရန်းကီလိုမီတာကနေ ကီလိုမီတာပေါင်း ရာချီပြီးရှိပါတယ်။ အုပ်စုလိုက်ပျံတဲ့ နှံကောင်ကြီးအရေအတွက်ဟာ တစ်စတုရန်းမီတာမှာ အနည်းဆုံး အကောင်ရေ သန်း (၄၀) ရှိနိုင်ပြီး ၄င်းတို့ဟာ လူဦးရေ (၃၅,၀၀၀) ခန့် စားနိုင်တဲ့ အစာပမာဏကို စားကြပါတယ်။ ဒါဟာ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနရဲ့ အဆိုအရ လူတစ်ယောက် တစ်ရက်ကိုစားတဲ့ ပျမ်းမျှအစာအလေးချိန်အပေါ် အခြေခံပါတယ်။ ပဲရစ်မြို့လောက်ရှိတဲ့ နှံကောင်အုပ်ဟာ ပြင်သစ်လူဦးရေတစ်ဝက်လောက်ရဲ့ တစ်ရက်စာအစာပမာဏကို စားနိုင်ပါတယ်။
ဒါပေမဲ့ တောင်သူဦးကြီးများကို မေတ္တာရပ်ခံလိုသည်မှာ ကိုဗစ်ကာလအစက ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စကား ခဏငှားပြောရမယ်ဆိုရင် “သိပ်ပြီး ကြောက်ဖို့လည်းမလိုသလို မကြောက်ဘဲလည်းမနေပါနဲ့” လို့ ပြောပါရစေ။
ဘာ့ကြောင့်ဒီလိုပြောရသလဲဆိုရင် ကန္တာရနှံကောင်နဲ့ပတ်သက်လို့ ၁၉၂၀ − ၁၉၃၀ ခုနှစ်များကတည်းက ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းရဲ့ ဦးဆောင်မှုနဲ့ ကန္တာရနှံကောင်ကာကွယ်နှိမ်နင်းရေးအတွက် နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ကန္တာရနှံကောင်နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုဖလှယ်ဖို့ ၁၉၃၀ ခုနှစ်များက နိုင်ငံတကာ မျက်နှာစုံညီအစည်းအဝေးတွေကို ကျင်းပခဲ့ရာ ၁၉၃၁ ခုနှစ်မှာ ရောမမြို့၊ ၁၉၃၂ ခုနှစ်မှာ ပဲရစ်မြို့၊ ၁၉၃၄ ခုနှစ်မှာ လန်ဒန်မြို့၊ ၁၉၃၆ ခုနှစ်မှာ ကိုင်ရိုမြို့၊ ၁၉၃၈ ခုနှစ်မှာ ဘရပ်ဆဲလ်မြို့တို့မှာ ကျင်းပခဲ့ပါသည်။ ရောမမြို့မှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ အစည်း၏ ကန္တာရနှံကောင် သတင်းအချက်အလက်လုပ်ငန်း (DLIS) ကလည်း ရာသီဥတု၊ ဂေဟဆိုင်ရာအခြေအနေများနှင့် ကန္တာရနှံကောင်အခြေအနေများကို နေ့စဉ် စောင့်ကြည့်စစ်ဆေးနေပါတယ်။ ဒီ DLIS ကနေပြီး ကန္တာရနှံကောင်ကျရောက်ခံနေရတဲ့ နိုင်ငံတွေရဲ့ အမျိုးသားကန္တာရနှံကောင်ကာကွယ်ရေးအဖွဲ့အစည်းက ဆောင်ရွက်နေတဲ့ စစ်တမ်းကောင်ယူတာနဲ့၊ ကာကွယ်နှိမ်နင်းမှုလုပ်တာတွေရဲ့ရလဒ်ကို လက်ခံယူပြီး လက်ရှိအခြေအနေကို စိစစ်သုံးသပ်ဖို့၊ ကန္တာရနှံကောင်တွေရဲ့ သားပေါက်တာနဲ့ ကျူးကျော်ဝင်ရောက်တာ (၆) ပတ်ကြိုပြီး ခန့်မှန်းဖို့ MODIS လို ဂြိုလ်တု၊ မိုးလေဝသ ခန့်မှန်းချက်၊ အပူချိန်တို့ဖြင့် သတင်းအချက်အလက်တွေကို စုပေါင်းပါတယ်။ ဒီလို ကန္တာရနှံကောင်အခြေအနေ စိစစ်သုံးသပ်တာနဲ့ ခန့်မှန်းတာကို ၁၉၇၀ ခုနှစ်များကတည်းက လစဉ်စာစောင်တွေကို ထုတ်ဝေဖြန့်ချိပါတယ်။ ဒါ့အပြင် ကန္တာရနှံကောင် ကျရောက်ဖျက်ဆီးခံနေရတဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် သတိပေးချက်တွေနဲ့ နှိုးဆော်ချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက်တွေကို http://www.fao.org/ag/locusts/en/info/info/index.html မှာ ၁၉၉၀ နှစ်များကတည်းက လိုသလောက် သိရှိနိုင်ပါတယ်။ FAOLocust facebook page ကို Like သို့မဟုတ် Follow လုပ်ထားရင်လည်း ကန္တာရနှံကောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်တွေကို အချိန်မီသိရှိနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်းရဲ့ ကန္တာရနှံကောင်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ခန့်မှန်းချက်ကို အကျဉ်းမျှပြောပါရစေ။ ဆူဒန်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ဆူဒန်နိုင်ငံတောင်ပိုင်း၊ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဟာ ဇူလိုင်လအတွင်း ကန္တာရနှံကောင်ကို ဆက်လက်ပြီး သတိကြီးကြီးထားဖို့နဲ့ အနောက်အာဖရိကနိုင်ငံကတော့ ခန့်မှန်းနည်းလမ်းများနဲ့ ကြိုတင်ပြင်ဆင်ရေးခြေလှမ်းတွေကို ဆက်လက်ဆောင်ရွက်ရမှာလို့ ဆိုထားပါတယ်။
ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ ယခုဇူလိုင်လအတွင်း ကန္တာရနှံကောင်နဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ဆိုရမှာပါ။ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း ကန္တာရနှံကောင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝက်ဘ်ဆိုဒ်၊ စိုက်ပျိုးရေး − ပြန်ကြားရေး ဌာနစိတ် ဖေ့စ်ဘွတ် စာမျက်နှာ၊ သီးနှံကာကွယ်ရေးဌာနခွဲရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာ https://ppdmyanmar.org တို့ကို ဝင်ရောက်ကြည့်ရှူပြီး ပြင်ပမှာရှိတဲ့ ကောလာဟလများကို တောင်သူဦးကြီးများအနေဖြင့် ဆင်ခြင်သုံးသပ် ချင့်ချိန်ယုံကြပါရန် တိုက်တွန်းအပ်ပါသည်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
စိုက်ပျိုးရေးဉီးစီးဌာန
စိုက်ပျိုးရေးဦးစီးဌာန၏သမိုင်းအကျဉ်း ၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ခုနှစ်တွင် လယ်ယာမြေ အမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျှော်သော သီးနှံပုံစံ များ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။၂/၁၉၇၂ ခုနှစ်တွင် (၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ (၂)မြေအသုံးချရေးဌာနခွဲ (၃)မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းကို ပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းဟူ၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (Agriculture Corporation) ကို ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ( Myanmar Agriculture Service)အဖြစ် အရာထမ်း(၈၇၈)နေရာ၊ အမှုထမ်း(၁၇၅၇၈)နေရာ၊ စုစုပေါင်း(၁၈၄၅၆)နေရာဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂။ ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နှစ်ရှည်သီးနှံဌာနခွဲနှင့်မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းခဲ့ပါသည်။ ၃။ ၁၉၉၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော်ပစ္စည်းလုပ်ငန်းများအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။ ၄။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသန ဌာနခွဲအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး အရာထမ်း(၇၈၈)နေရာ၊ အမှုထမ်း(၁၆၇၇၇)နေရာ၊ စုစုပေါင်း(၁၇၅၆၅)နေရာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပါသည်။ ၅။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဂုန်လျှော်ပစ္စည်းလုပ်ငန်း၊မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကို ပေါင်းစပ်၍ မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကိုအရာထမ်း(၈၈၅)နေရာ၊ အမှုထမ်း(၁၀၈၇၇)နေရာ၊ စုစုပေါင်း(၁၁၇၆၂) နေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၆။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၉၈၉) နေရာ၊ အမှုထမ်း(၁၅၄၂၇)နေရာ၊ စုစုပေါင်း(၁၆၄၁၆)နေရာဖြင့် လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၇၁၁)နေရာ၊ အမှုထမ်း(၈၁၅၈) နေရာ၊ စုစုပေါင်း(၈၈၆၉)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၇။ ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံ၌ အရာထမ်း(၁၂၀)နေရာ၊ အမှုထမ်း (၁၁၅၀) နေရာ၊စုစုပေါင်း(၁၂၇၀)နေရာနှင့် စိုက်ပျိုးရေးသိပ္ပံ (၁၀)ကျောင်းအား စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲပြောင်း လက်ခံရရှိခဲ့ပြီးအရာထမ်း(၁၁၁၈)နေရာ၊အမှုထမ်း(၁၆၅၉၅)နေရာ၊စုစုပေါင်း(၁၇၇၁၃)နေရာဖြစ်ပေါ်လာပါသည်။ ၈။ ၂၀၁၅ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန(၂)ခုပေါင်းစည်း၍ “စိုက်ပျိုးရေးဦးစီးဌာန”အဖြစ် အရာထမ်း(၁၉၀၁)နေရာ၊ အမှုထမ်း(၂၂၀၉၉)နေရာ၊ စုစုပေါင်း (၂၄၀၀၀) နေရာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၉။ ၂၀၁၇ခုနှစ်၊မတ်လ(၂၃)ရက်နေ့တွင်ကန့်ဘလူ(ခ)အဆင့်ခရိုင်အား ဖွဲ့စည်းပုံရရှိပါသဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် အရာထမ်းရာထူး (၁၉၀၆)နေရာ၊ အမှုထမ်းရာထူး(၂၂၁၂၆)နေရာ၊ စုစုပေါင်း (၂၄၀၃၂) နေရာဖြင့် ဖွဲ့စည်းပုံ ထားရှိပါသည်။ မူဝါဒ ၁။ သီးနှံအလိုက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရာတွင်ဌာနမှသာမကတောင်သူလယ် သမားများပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ(Seed grower Association)ဖွဲ့စညဆောင်ရွက်ရန်၊ ၂။ တောင်သူလယ်သမားများပါဝင်သော သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် စံချိန်စံညွှန်းပြည့်မီသောသွင်းအားစုများအား အချိန်ကိုက်ထည့်သွင်းနိုင်ရေးနည်း ပညာနှင့် စိုက်ပျိုးနည်းပညာအကူအညီ များကို ဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးပြီး ထုတ်လုပ်သူ လယ်သမားများအတွက် စီးပွားရေး တွက်ချေကိုက်မည့် သင့်တော်သော မျိုးစေ့နှုန်းသတ်မှတ်ကာ ဝယ်ယူသိုလှောင် ဖြန့်ဖြူးမည့်သူ နှင့်ချိတ်ဆက်အကောင်အထည်ဖော်ရန်၊ ၃။ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက ကဏ္ဍမှပိုမိုပါဝင်ဆောင်ရွက်နိုင်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီပေးရန်၊ ၄။ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ၊ ပြောင်းလဲချမှတ်နိုင်ရေး သုတေသနလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ၅။ တောင်သူလယ်သမားများ အတွက် အကျိုးအမြတ် ရရှိနိုင်စေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံစသည့်သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော(Farmer Participatory Approach) ပုံစံဖြင့်ဆောင်ရွက်ပြီးနည်းပညာပြန့်ပွားစေရေး ဆောင်ရွက်ရန်၊ ၆။ တောင်သူလယ်သမား အစုအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ရေးသာမကပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် ( Contract Farming)ပေါ်ပေါက် လာရန်နှင့် အစုအဖွဲ့အခြေခံ၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ( Community Integrated Farming System) ပေါ်ထွန်းလာရန်၊ ၇။ စားသုံးသူ လုပ်သားပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံပြီး လုံခြုံစိတ်ချစေရေးအတွက်သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices) ကိုတောင်သူများ လိုက်နာကျင့်သုံးလာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ၈။ တောင်သူလယ်သမားများ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့် မျိုး၊ ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးစသည့် သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ဖောက်ကား သုံးစွဲနိုင်ရေး အတွက် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ၉။ တောင်သူလယ်သမားများစိုက်ပျိုးရေးနည်းပညာများအလွယ်တကူလေ့လာသိရှိနိုင်ရန်တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) အပါအဝင် ပုဂ္ဂလိကမီဒီယာများနှင့် ဆက်စပ် ဆောင်ရွက်ရန်၊ ၁၀။ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်ရေး( Capacity Building ) ဆောင်ရွက်ရန်၊ ရည်မှန်းချက် ၁။ စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝစေရေးနှင့်အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုတိုး တက်လာစေရန်၊ ၂။ တောင်သူလယ်သမားများ၏အခွင့်အရေး ပြည့်ဝစွာရရှိ ခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန်၊ ၃။ လုပ်ကွက်ငယ် တောင်သူလယ်သမားများကို အခြေခံ၍ အစုအဖွဲ့များဖွဲ့စည်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းလုပ်ငန်းများတွင်အမျိုးသမီးများ၏အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ရန်၊ ၄။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာနှင့်ငွေကြေးအရင်း အနှီးများအတွက်ပြည်တွင်းပြည်ပအကူအညီ၊အဆထောက်အပံ့နှင့်ချေးငွေများရရှိရေးကူညီဆောင်ရွက်ပေးရန်၊ ၅။ တန်ဖိုးကွင်းဆက်(ValueChain)တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့်စားသုံးမှုကဏ္ဍများကို ထိရောက်စွာချိတ်ဆက်ဆောင်ရွက်သွားရန်၊ ၆။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရေရှည်တည်တံ့သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အစိုးရ အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောက်ရွက်ခြင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ခြင်း အပါအဝင် သက်ဆိုင်သူများအားလုံး(Stake-holders)ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်၊ ၇။ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၈။ စျေးကွက်ခိုင်မာလာစေရန်၊ ၉။ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၁၀။ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့်သတင်းအချက်အလက်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန် (၁) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ပြန့်နှံ့အောင်ဆောင်ရွက်ခြင်း။ (၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး။ (၃) အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်နည်းပညာများပံ့ပိုးခြင်း။ (၄) တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာလုပ်ငန်းများ။ (၅) ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း။ (၆) ခေတ်မီနည်းစနစ်များလက်တွေ့ကျင့်သုံးရေးလေ့ကျင့်ပညာပေးခြင်း။ (၇) အရည်အသွေးကောင်းမျိုးသစ်များသုံးစွဲနိုင်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ (၈) မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးခြင်း။ (၉) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များသုံးစွဲ၍ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ပညာပေးဆောင်ရွက်ခြင်း။ (၁၀) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၁) မျိုးစေ့အရည်အသွေးထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၂) မျိုးစေ့လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်အတွက်မျိုးစေ့ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြီးကြပ်ပေးခြင်း။ (၁၃) ပုဂ္ဂလိကမျိုးစေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားမျိုးစေ့မူဝါဒရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။ (၁၄) မြေအမျိုးအစားအလိုက်မြေပုံများ (Soil Map )ဖေါ်ထုတ်ခြင်း။ (၁၅) စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားဖြစ်စေသော မြေဆီလွှာပြဿနာများအားပြုပြင်ခြင်း။ (၁၆) သီးနှံအလိုက် မြေသြဇာလိုအပ်ချက်နှင့်ကိုက်ညီအောင် မြေဆီလွှာအတွင်းသို့အပင် အာဟာရများမျှတစွာရရှိစေရန် ဆောင်ရွက်ခြင်း။ (၁၇) မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၈) မြေဆီလွှာနှင့်ရေအာဟာရဓါတ်ခွဲခြင်း။ (၁၉) မြေသြဇာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ထုတ်လုပ်ပြဌာန်းပြီး အတုအပများကင်းရှင်း၍ အရည်အသွေးစစ်မှန်သော မြေသြဇာများကိုသာတောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ (၂၀) ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး ပုံစံများ ချမှတ်ဆောင်ရွက်ရန်။ (၂၁) သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စားသုံး သူများနှင့်အသုံးပြုသူများ၏ကျန်းမာရေးထိခိုက်မှုများ ထိန်းသိမ်းရန်။ (၂၂) ပြည်ပပို့ကုန်သီးနှံများကို အပြည်ပြည်ဆိုင်ရာပိုးမွှားထိန်းချုပ်ရေးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီတင်ပို့ရန်။ (၂၃) ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း။ (၂၄) သတ္ထုအဆိပ်၊ မှိုအဆိပ်စစ်ဆေးခြင်းလုပ်ငန်း။ (၂၅) ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးကောင်းမျိုးသန့်များမွေးမြူထုတ်လုပ်ခြင်း။ (၂၆) ဝန်ထမ်းရေးရာများဆောင်ရွက်ခြင်း။ (၂၇) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း (၂၈) ဖွဲ့စည်းပုံကိစ္စများ တင်ပြဆောင်ရွက်ခြင်း (၂၉) ဒေသပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း (၃၀) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်စေခြင်း (၃၁) ရာထူးနွယ်ဖြင့် တာဝန်ထမ်းဆောင်ခြင်း (၃၂) နှုတ်ထွက်ခွင့်ပြုခြင်း (၃၃) ကွယ်လွန်ရပ်စဲ ခွင့်ပြုခြင်း (၃၄) ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ခြင်း (၃၅) ပြည်တွင်းသင်တန်းများတွင်ဘာသာရပ်ဆိုင်ရာပညာရှင်များအားရွေးချယ်စေလွှတ်ပေးခြင်း (၃၆) နှစ်တိုးခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခွင့်ပြုခြင်း (၃၇) ဝန်ထမ်းမှတ်တမ်းများ ထိမ်းသိမ်းခြင်း (၃၈) ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခြင်း (၃၉) ပင်စင်ခံစားခွင့်ပြုခြင်း (၄၀) ပြစ်မှုမှုခင်းကိစ္စများဆောင်ရွက်ခြင်း (၄၁) ထူးခြားဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (၄၂) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း (၄၃) မူဝါဒ-အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း (၄၄) အဆောက်အဦးကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၅) မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၆) စက်ပစ္စည်းကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၇) ငွေကြေးသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ။ (၄၈) BOT ငှားရမ်းရေးကိစ္စများ ဆောင်ရွက်ခြင်း။ (၄၉) ပြည်တွင်း/ပြည်ပစီမံကိန်းဆိုင်ရာရေးဆွဲ၊ စိစစ်၊ သုံးသပ်ခြင်း။ (၅၀) ပြည်ပစီမံကိန်းအထောက်အကူများရရှိစေရန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (၅၁) e-Government ။ (၅၂) နိုင်ငံခြားသား ဝင်/ထွက်ခြင်းကိစ္စများ။ (၅၃) စီမံကိန်းလုပ်ငန်းများ စုစည်းတင်ပြခြင်း။ (၅၄) ဘတ်ဂျက်အသုံးစရိတ်များဆောင်ရွက်ခြင်း။ (၅၅) စာရင်းစစ်ဆေးခြင်း။ (၅၆) စာရင်းများပြုစုခြင်း။ (၅၇) အလယ်အလတ်အဆင့် စိုက်ပျိုးရေးအတတ်ပညာရှင်များနှင့်ကျွမ်းကျင်သူများမွေးထုတ်ပေးရန်။ (၅၈) သင်ကြားတတ်မြောက်ထားသည့်ပညာရပ်ဖြင့်တောင်သူလယ်သမားများအားခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးရန်။ (၅၉) ဒေသတွင်းရှိလယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....