မုန်ညှင်းကိုသုံးပြီး သဘာဝနည်းအားဖြင့် ဇီဝမှိုင်းတိုက်ခြင်း
အိမ်တွေမှာ ခြင်တွေကိုက်လွန်းလို့ နနွင်းမှိုင်းတိုက်ပစ်လိုက်တာမျိုး ကျွန်တော်တို့တွေ လုပ်တတ်ကြပါတယ်။ ဆန်ဂိုဒေါင်တွေ ပဲဂိုဒေါင်တွေလိုမျိုးမှာလည်း အိတ်တွေမှာ ပိုးတွေမကပ်နေအောင်လို့ အခန်းအလုံပိတ်ပြီး အဆိပ်ငွေ့နဲ့ မှိုင်းတိုက်တာလိုမျိုးတွေ မြင်ဖူးကြားဖူးကြမှာပါ။
ဒါဆိုရင် စိုက်ပျိုးရေးမှာရော?
မြေကြီးထဲမှာ နေနေတဲ့ ခိုအောင်းနေတဲ့ ဖျက်ပိုးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့သက်ရှိတွေကို အဆိပ်ငွေ့နဲ့ မှိုင်းတိုက်လို့ရလားလို့ မေးလာရင်တော့
သိပ်ရတာပေါ့ခင်ဗျာ … ရတာအပြင်ကိုမှ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေနဲ့ နည်းလမ်းတွေ သုံးပြီးတော့ မှိုင်းတိုက်လို့ရသဗျာ
ဇီဝမှိုင်းတိုက်ခြင်းဆိုတာဘာလဲ?
ဇီဝမှိုင်းတိုက်ခြင်းဆိုတာကတော့ မြေထဲမှာခိုအောင်းနေနိုင်ကြတဲ့ ဖျက်ပိုးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေကို မုန်ညင်းမုန်လာမျိုးနွယ်အုပ်စုဝင်အပင်တွေကို သီးလှည့်အနေနဲ့ စိုက်ပြီးတော့ စီမံတာဖြစ်ပါတယ်။
ဂလူကိုစီနိုလိတ် ( GSLs) ပါဝင်ကြတဲ့ အပင်တွေက ဆဲလ်ပိုင်းဆိုင်ရာတွေပျက်စီးတယ် ဆဲလ်ထဲမှာ ရေက ပြိုကွဲမှုဖြစ်စဉ်တွေဖြစ်တဲ့အချိန်မှာ ဂလူကိုစီနိုလိတ်ကို ချေဖျက်တဲ့ ပစ္စည်းဖြစ်တဲ့ အိုင်ဆိုသီယိုဆိုင်ယာနိတ် (Isothiocyanates) ထွက်လာပါတယ်။
အိုင်ဆိုသီယိုဆိုင်ယာနိတ်က မှိုနဲ့ နီမတုတ်တွေကို ကာကွယ်နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒီလိုလုပ်တာက စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးတွေအတွက်လည်း အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ကိုင်တွယ်ရခြင်းမရှိတဲ့အတွက် ဘေးကင်းလုံခြုံတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
ဘယ်လိုလုပ်ဆောင်ကြမလဲ?
မုန်ညှင်းဆိုတာကတော့ ဇီဝမှိုင်းတိုက်ရာမှာသုံးတဲ့ နာမည်ကြီး သီးနှံပါပဲ။
ဘာတွေ သိဖို့ လိုအပ်မလဲ?
ကိုယ့်ရဲ့ စိုက်ခင်းမှာ ဘာပိုးတွေကျတာလဲ သူတို့က ဘယ်မှာနေကြတာလဲဆိုတာကိုအရင်ဆုံးစုံစမ်းစစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။
မြေကြီးကို ဇီဝမှိုင်းတိုက်မယ်ဆိုရင် မြေကြီးထဲမှာရှိနေတဲ့ ဖျက်ပိုးနဲ့ ရောဂါဖြစ်စေနိုင်တဲ့သက်ရှိတွေဟာ မြေကြီးရဲ့ အပေါ်မျက်နှာပြင်လွှာ (၁၅ - ၂၀ စင်တီမီတာ (၆ လက်မကနေ ၈ လက်မ)) လောက်မှာ နေထိုင်ကြတာလားဆိုတာကို အရင်ဆုံးလေ့လာပါ။
မုန်ညှင်းကိုသုံးမယ်ဆိုရင် မုန်ညှင်း အပင်ဖြစ် ပန်းပွင့်ပြီး မြေထဲကို ထယ်ထိုးရမယ်။ မြေထဲမှာ ရေနဲ့ လေနဲ့ ထိတွေ့ပြီးမှ ပြိုကွဲတဲ့ဖြစ်စဉ်အထိကိုစောင့်နိုင်တယ်ဆိုတာ သေချာမှ စလုပ်ရပါမယ်။
ဘာတွေကို နှိမ်နင်းနိုင်ပါသလဲ?
ပင်ညိုးရောဂါကိုဖြစ်စေနိုင်တဲ့ Verticillium မျိုးစိတ်၊ အညွန့်ပုပ်၊ ပင်စည်ပုပ်၊ အမြစ်ပုပ် တို့ကိုဖြစ်စေနိုင်တဲ့ Rhizoctonia မျိုးစိတ်၊ ပင်ညိုးရောဂါကိုဖြစ်စေနိုင်တဲ့ Fusarium မျိုးစိတ်၊ အမြစ်တွေကို တိုက်ခိုက်တတ်တဲ့ Pythium မှိုမျိုးစိတ်၊ မှိုဖြူ တွေကျတတ်စေတဲ့ Sclerotinia မျိုးစိတ် နဲ့ တစ်ချို့သော နီမတုတ်များကိုလည်း သေစေနိုင်ပါတယ်။ မြေထဲမှာနေတဲ့ ကျောက်ပိုး အကောင်လောင်း တွေက ဖျက်ဆီးတဲ့ ဒဏ်ကိုလည်းအများကြီးလျှော့ချနိုင်ပါတယ်။
အကျိုးရှိရှိ ဘယ်လိုလုပ်ကြမလဲ
စိုက်ချိန် - မြေကို ဇီဝမှိုင်းတိုက်ချင်လို့ စိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ အပင်ဖြစ်ထွန်းဖို့ သိပ်ဂရုစိုက်စရာမလိုတဲ့ ရာသီမျိုးမှာစိုက်ပျိုးနိုင်ပါတယ်။ ရက် (၆၀) ကနေ (၇၀) မှာ သူတို့ရဲ့ ဇီဝအလေးချိန်က အများဆုံးဖြစ်နေဖို့တော့ လိုပါတယ်။ ဒါကိုချိန်ဆကြည့်ဖို့လိုပါတယ်။
မြေသြဇာကျွေးခြင်း - အကောင်းဆုံး ရလာဒ်ရဖို့အတွက်ဆိုရင် မြေချဉ်ငန်ကိန်းကတော့ ၅.၅ ကနေ ၇ ကြားထဲမှာရှိဖို့လိုပါတယ်။
မြေချဉ်ငန်ကိန်း (၅.၅) အောက်ကိုရောက်နေတယ်ဆိုရင်တော့ ဇီဝမှိုင်းတိုက်တဲ့ဖြစ်စဉ်က အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းပါးပါတယ်။ မုန်ညှင်း ပမာဏများများရလေ ဇီဝမှိုင်းတိုက်တဲ့ ဖြစ်စဉ်အတွက်ကောင်းလေဖြစ်တာမို့ နိုက်ထရိုဂျင်(ပုလဲ)မြေသြဇာကို ထည့်သွင်းပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တဲ့ တစ်ခုကတော့ ဆာလ်ဖာဖြစ်ပါတယ်။ တိတိကျကျထည့်မယ်ဆိုရင်တော့ ပုလဲ နဲ့ ဆာလ်ဖာ ၆း၁ အနေနဲ့ ထည့်ရမှာဖြစ်ပါတယ်။ မစိုက်ခင်က ကြိုကြဲပက်ထားဖို့ လိုအပ်ပါလိမ့်မယ်။
မြေကြီးထဲ ပေါင်းထည့်ခြင်း - ပန်းပွင့်ပြီလားဆိုတာ စစ်ဆေးရပါမယ်။ ပန်းတွေအကုန်ပွင့်ပြီးတော့ အစေ့မထုတ်ခင်မှာ မြေကြီးထဲကို ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်။
၁) တကယ်လို့များ မျိုးစေ့အဖြစ် ဖြစ်သွားတယ်ဆိုရင် နောက် သီးနှံရာသီအတွက် ပေါင်းပင်ဖြစ်လာနိုင်ပါတယ်။
၂) မျိုးစေ့ ထုတ်နေပြီဆိုတဲ့ အဆင့်မှာ ဂလူကိုစီနိုလိတ် ( GSLs) တွေ နည်းသွားပါတယ်။ ဆိုတော့ ပန်းပွင့် အကုန်မပွင့်ခင်မှာ မြေကြီးထဲကို ထည့်ပေးဖို့ စီစဉ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

အောက်မှာအကြမ်း လုပ်ထုံးလုပ်နည်းလေးကို အောက်မှာ ဆက်ကြည့်ပါ။
၁) မုန်ညှင်းပင်တွေ ပန်းအကုန်မပွင့်ခင်မှာ မြေကြီးထဲကိုထည့်ပေးပါ။
၂) မနက်ပိုင်း သို့ ညနေပိုင်းမှာ မြေကြီးထဲကိုထည့်ဖို့စီစဉ်ပါ။ နေပူတဲ့ နေ့ကို ရှောင်ရှားဖို့ သတိပြုပါ။
၃) မုန်ညှင်းထည့်မယ့် မြေကြီးက ခြောက်သွေ့နေတာမျိုးမဟုတ်ဘဲနဲ့ မြေကြီးမှာ သင့်တော်တဲ့ အစိုဓာတ်ရှိတဲ့အချိန်မှာထည့်ပေးနိုင်ဖို့ လိုပါတယ်။
၄) မုန်ညှင်းတွေကို မြေကြီးထဲ နေရာ အနှံ့ရောက်နိုင်ဖို့အတွက် သေသေချာချာအပိုင်းအစလေးတွေအဖြစ် ခုတ်ဖြတ်တာမျိုး ဖြတ်တောက်တာမျိုးလုပ်နိုင်ဖို့ လိုအပ်ပါတယ်။
၅) ပိုင်းဖြတ်ပြီးတာနဲ့ မြေထဲကို ချက်ချင်းထည့်နိုင်အောင် စီစဉ်ပါ။ ၈၀ ရာခိုင်နှုန်းသော မှိုင်းတိုက်နိုင်တဲ့ ဓာတ်ငွေ့တွေက ပထမဆုံး မိနစ် ၂၀ လောက်မှာ ထွက်သွားတတ်လို့ပါ။ ခုတ်ဖြတ်ပြီးတာနဲ့ ချက်ချင်းမြေကြီးထဲ ထည့်ဖို့ တစ်နိုင်တစ်ပိုင်လောက်နဲ့ စပါ။
၆) မြေကြီးထဲ ထည့်ရင် ဘယ်လိုထည့်ရမလဲဆိုတော့ ၁၅-၂၀ စင်တီမီတာ (၆ လက်မ ကနေ ၈ လက်မ) လောက်ကို တူးနိုင်တဲ့ ကိရိယာ (ပေါက်တူးဖြစ်ဖြစ်) သုံးပြီးတော့ မြေကြီးထဲမှာ ထည့်ပေးရမှာဖြစ်ပါတယ်။ ထယ်မထွန်ရပါဘူး။ ထယ်ထိုးဖို့ မလိုအပ်ပါဘူး။
၇) အသေးစား လုပ်ကိုင်တဲ့ အကွက်လေးတွေမှာဆိုရင်တော့ မြေကိုဖုံးထားပေးနိုင်ပါတယ်။ အဲ့လိုဆိုရင်တော့ မှိုင်းတိုက်တဲ့ လုပ်ငန်းက ပိုမိုလွယ်ကူမှာဖြစ်ပြီးတော့ အကွက်အကျယ်ကြီးမှာဆိုရင်လည်း မြေဖုံးနိုင်တဲ့ ကောက်ရိုးတို့လိုမျိုးတို့နဲ့ ဖုံးထားပေးနိုင်ပါတယ်။
၈) မြေထဲကိုထည့်ပြီးရင် ၁၄ ရက်လောက် ဆွေးမြေ့ဖို့ အချိန်ပေးပြီး မထိပဲ နေဖို့ အကြံပြုပါတယ်။ မြေအပူချိန်က ၁၀ ဒီဂရီဆဲလ်စီးယပ် အောက်ရှိနေတယ်ဆိုရင်တော့ ဒီထက်ပိုပြီး အချိန်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဆိုတော့
ဒီလိုဇီဝမှိုင်းတိုက်တာက မြေကြီးထဲက ဖျက်ပိုးတွေနဲ့ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေကို ဖိနှိပ်နိုင်ရုံတင်မကပဲနဲ့ မြေသားတိုက်စားမှုများကနေလည်း ကာကွယ်ပေးနိုင်တယ်။ မြေကြီးထဲက အာဟာရဓာတ်တွကိုလည်း ပြန်သုံးလို့ရစေနိုင်တယ်။ မြေသားတည်ဆောက်ပုံလည်း ကောင်းမွန်လာစေတဲ့ အပြင်ကို သူတို့ကလည်း အော်ဂဲနစ်ပစ္စည်းတွေအဖြစ်ပြောင်းလဲသွားကြမှာဖြစ်တဲ့အတွက်ကြောင့် မြေသားအတွက်လည်းကောင်းမွန်လာစေပါတယ်။ ဆိုတော့ အချိန်များရတယ်ဆိုရင် ဘေးအန္တရာယ်ကင်းတဲ့ ဒီလိုသဘာဝနည်းတွေကို သုံးဖို့အတွက် အကြံပေးချင်ပါတယ်ခင်ဗျာ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026