မြေပဲပင်ခြေပုပ်ရောဂါ ကာကွယ်နှိမ်နင်းနည်း
ရောဂါဖြစ်စေသောမှိုအမည် - Aspergillus niger
ရောဂါလက္ခဏာ
မြေပဲပင်ရင်းပုပ်ရောဂါဟာ မြေပဲပင်သက်တမ်းတစ်လျှောက်လုံးမှာဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့တော့ အပင်သက်တမ်းအဆင့် ၃ ဆင့်မှာ ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။
(၁) အညှောင့်မပေါက်မီ ပုပ်ခြင်းအဆင့်
Conidium လို့ ခေါ်တဲ့ မြေဆောင်မှိုတွေကြောင့် မျိုးစေ့အဆင့်မှာကတည်းက ပုပ်တာပါ။ အမည်းရောင်မှိုစပိုးမှုန်တွေဟာ မျိုးစေ့တွေကို ဖုံးလွှမ်းသွားပြီး မျိုးစေ့ရဲ့အတွင်းပိုင်းတစ်သျှူးတွေ ပျော့ရိ ပုပ်သွားစေတာဖြစ်ပါတယ်။
(၂) အညှောင့်ပေါက်ပြီးနောက် ပုပ်ခြင်းအဆင့်
ရောဂါဖြစ်စေတဲ့သက်ရှိမှိုစပိုးတွေဟာ မျိုးညှောင့်ငယ်လေးတွေမှာ စတင်ဖြစ်ပေါ်တိုက်ခိုက်ပြီး အစေ့က ထွက်လာတဲ့အရွက် (စေ့ရွက်) တွေမှာ အညိုရောင်အဝိုင်းပျောက်လေးတွေ ဆက်လက်ဖြစ်စေတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလက္ခဏာတွေဟာ စေ့ရွက်ခြေနဲ့ ပင်စည်တွေဆီပျံ့သွားစေပြီး ပင်ရင်းဆီမှာ အညိုရောင်အကွက်တွေ ဖြစ်လာစေပါတယ်။ ဒီလို မှိုစပိုးတွေတိုက်ခိုက်ခံရတဲ့အပိုင်းတွေဟာ ပျော့ပုပ်သွားပြီး မျိုးပင်ငယ်လေးကို သေဆုံးသွားစေတာပါ။
(၃) ပင်စည်မြစ်ဆက်ပုပ်ခြင်းအဆင့်
ဒါကတော့ အပင်ကြီးအဆင့်ရောက်တဲ့အချိန်မှာ ရောဂါဖြစ်တဲ့အဆင့်ပါ။ မြေအောက်မှာရှိနေတဲ့ အမြစ်နဲ့ပင်စည်အဆက်ဆုံတဲ့နေရာမှာ ကြီးမားတဲ့မှိုဒဏ်ရာကွက်တွေဖြစ်လာပြီး အဲ့ဒီကတဆင့် အပေါ်ကိုင်းတွေအထိ ကူးစက်စေကာ ညှိုးသေသွားစေတာပါ။

ရောဂါဖြစ်စေမှုကို အားပေးတဲ့အခြေအနေတွေကတော့..
(၁) မျိုးစေ့ကို မြေကြီးထဲတွင် နက်နက်ထည့်စိုက်ခြင်း
(၂) မြေတွင်းအပူချိန်မြင့်မားခြင်း (၃၀-၃၅ ဒီဂရီစင်တီဂရိတ်)
(၃) မြေတွင်းအစိုဓာတ်နည်းလွန်းခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ကြိုတင်ကာကွယ်နည်း
(၁) မြေအတိမ်အနက်မှန်အောင် မျိုးစေ့ချပါ။
(၂) ပေါင်းသင် မြေတောင်မြှောက်ရာတွင် အပင်ကို ထိခိုက်ဒဏ်ရာမရှိရအောင် ဆောင်ရွက်ပါ။
(၃) မစိုက်ပျိုးမီ မျိုးစေ့ (၁၀၀) ကီလိုဂရမ်ကို ဟိုမိုင်း (Homai 80% WP) မှိုသတ်ဆေးမှုန့် (၂၀၀) ဂရမ်နှုန်းနှင့် လူးနယ်စိုက်ပျိုးပါ။
(၄) ရောဂါရပင်ကြွင်းပင်ကျန်များကို ဖျက်ဆီးပစ်ပါ။
(၅) ဖြစ်နိုင်ပါက သီးလှည့်စိုက်ပျိုးပါ။
ကာကွယ်နှိမ်နင်းနည်း
အောက်ပါမှိုသတ်ဆေးများဖြင့် ပက်ဖျန်းအသုံးပြုပါ။
(၁) Chlorothalonil (ကလိုရိုသာလိုနေး)၊
(၂) Carbendazim (ကာဗင်ဒါစင်)၊
(၃) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း)
ဒီရောဂါဟာ အပင်အကြွင်းအကျန်တွေမှာ ခိုအောင်းရှင်သန်နေတဲ့မှိုက မြေဆောင်ရောဂါအသွင်နဲ့ တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်းသို့ ကူးစက်ပျံ့နှံ့တာ၊ မြေပဲစေ့တွေမှာ မျိုးစေ့ဆောင်အဖြစ် ကပ်ပါသွားခြင်းဖြင့် ပျံ့နှံ့စေတာမျိုးတွေဖြစ်နိုင်လို့ စနစ်တကျ ကြိုတင်ကာကွယ်သင့်ပါတယ်။
Ref; http://eagri.org/eagri50/PATH272/lecture09/005.html
ပိုးသတ်ဆေးများကို ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနည်း၊ သီးနှံကာ ကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Shinee
လွန်ခဲ့သော ၆ လ ကရောဂါ ကျရောက်တာ အပေါ်ကညွှန်ထားသော ဆေးတွေကိုအသုံးပြုမယ်ဆို ပျောက်ကင်းနိုင်ပါသလား
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026