ပြောင်းဖူးတွင်ကျရောက်တတ်သော ဖိုးလမင်းကျိုင်းကို ကာကွယ်နှိမ်နင်းခြင်း
ဖိုးလမင်းကျိုင်းသည် အစုံစားကျိုင်းကောင်ဖြစ်ပြီး တောင်သူများ၏စီးပွားရေးကို သိသာစွာ ထိခိုက်စေသော ဖျက်ပိုးဖြစ်ပါသည်။ သီးနှံအမျိုးမျိုးကို ကျရောက်နိုင်သဖြင့် အမြစ်ပြတ်နှိမ်နင်းရန် တော်တော်လေးခက်ခဲပါသည်။ ထို့ကြောင့် ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းနည်းဖြင့်သာ ကာကွယ်နိုင်ပါသည်။
ဖျက်ဆီးပုံလက္ခဏာများ
အတွေ့ရများသောလက္ခဏာမှာ ပြောင်းဖူးအပင်ငယ်များပုသွားပြီး ညှိုးနွမ်းသွားကာ အရောင်ပျက်သွား သို့မဟုတ် သေသွားသည်။ ပြောင်းဖူးတန်းအချို့ရှိ အပင်များ မြေကြီးပေါ် ပေါ်မလာဘဲ ဖြစ်တတ်သည်။ ဖိုးလမင်းကျိုင်းများသည် အညွန့်လောင်းကိုစားပြီး ပြောင်းဖူးပင်ကို သေစေသည်။ ထိုလက္ခဏာတွေ့ရပါက ပြောင်းဖူးပင်အချို့ကို မြေတူးနုတ်ပစ်ပါ။ အမြစ်ဇုံနေရာတွင် ဖိုးလမင်းကျိုင်းကိုရှာကြည့်ပြီး အပင်ပေါက်များနှင့် အမြစ်ကို ထိခိုက်ဒဏ်ရာရှိမရှိစစ်ပါ။
ဖျက်ပိုး၏ဝိသေသလက္ခဏာ
ဖိုးလမင်းကျိုင်းမျိုးစိတ် (၃) မျိုးရှိသည်။ ဂျပန်ဖိုးလမင်းကျိုင်း (Japanese beetle)၊ မေဇွန်ကျိုင်း (May/June Beetle) နှင့် ရုပ်ဖျက်ကျိုင်း (Masked Beetle) ဟူ၍ ဖြစ်သည်။
အရွက်ရောက်ကောင်
ကျိုင်းကောင်များသည် (၁၂) မီလီမီတာမှ (၂၅) မီလာမီတာအထိ ရှည်သည်။ အရွယ်ရောက်ကောင်များသည် အဝါရောင်မှ နီညိုရင့်ရောင် သို့မဟုတ် အနက်ရောင် အထိရှိတတ်ပြီး တုတ်ခိုင်ပြီး ရှည်မျောမျောရှိကာ အရောင်တောက်သော ကျိုင်းကောင် များဖြစ်ကြသည်။ အချို့ကျိုင်းကောင်များက ပိုမိုအရောင်တောက်သည်။
လောက်ကောင်
အရှည် (၂၀) မီလီမီတာမှ (၄၅) မီလီမီတာအထိရှိသည်။ လောက်ကောင်များသည် အင်္ဂလိပ်အက္ခရာ “C” ပုံသဏ္ဌာန်နှင့်အတူ အဖြူရောင်ကိုယ်ခန္ဓာ၊ အညိုရောင်ဦးခေါင်းနှင့် ခြေထောက်သုံးစုံရှိကြသည်။ ဝမ်းဗိုက်၏နောက်ပိုင်းသည် မြေကြီးအမှုန်များကြောင့် ပိုမိုအရောင်ရင့်သည်။ နောက်ဆုံးဝမ်းဗိုက်အဆစ်တွင် ထင်ရှားသည့်ဆူးချွန် (၂) တန်း ပါသည်။
ရုပ်ဖုံး
အရှည် (၂၀) မီလီမီတာမှ (၂၄) မီလီမီတာအထိရှိသည်။ ရုပ်ဖုံးသည် အဖြူရောင်၊ အဝါဖျော့ သို့မဟုတ် ညိုရင့်ရောင်ရှိသည်။
ဥ
အချင်းအားဖြင့် (၁.၅) မီလီမီတာ မှ (၃) မီလီမီတာအထိရှိပြီး မြေကြီးများနှင့်ဖုံးအုပ်ထားကာ တစ်လုံးတစ်ခဲတည်းရှိသည်။ ၎င်းတို့သည် သေးငယ်ပြီး စက်လုံးပုံရှိကြကာ အကောင်မပေါက်ခင် ပိုမိုအရောင်ရင့်လာသည်။
ကာကွယ်နှိမ်နင်းနည်းများ
(က) စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း
၁။ ထယ်ထိုး၊ ထွန်မွှေ၊ ပေါင်းပေါက်ပါ။
၂။ ရေလွှမ်းပါ။
၃။ ဆိုးဝါးစွာကျရောက်ပါက ဘာမှမစိုက်ဘဲ ပလှပ်ထားပါ။
၄။ ဆိုးဝါးစွာကျရောက်ပါက အာလ်ဖာဖာနှင့် ကလိုဗာအပင်များကို စိုက်ပါ။
၅။ ယခင်က မြက်ပင်ဖုံးလွှမ်းပေါက်ရောက်ခဲ့သောမြေမှာ အာလူးမစိုက်ပါနှင့်။
၆။ ပြောင်းဖူးခူးပြီးပါက မြေကိုထယ်ရေးနက်နက်ထိုးပါ။
(ခ) လက်အားဖြင့်ကာကွယ်နှိမ်နင်းနည်း
၁။ အကောင်ကြီးတွေ ပျံသန်းနေသောရာသီတွင် အလင်းရောင်ထောင်ချောက်ထွန်းခြင်းကို လူထုအခြေပြု စုပေါင်းလုပ်ဆောင်ပါ။ ဖမ်းမိသောကျိုင်းကောင်များကို ရေနံဆီတွင် နှစ်သတ်ပါ။
၂။ တမာကိုင်း သို့မဟုတ် ညောင်ကိုင်းများကို ပြောင်းဖူးခင်းထဲက နေရာအမျိုးမျိုးမှာ ချထားပါက ကျိုင်းကောင်များကို ဆွဲဆောင်နိုင်ပြီး ၎င်းအရွက်များကို စားမိပါက သေစေနိုင်သည်။
(ဂ) ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း
ဘီတီ (ဘက်စလပ်သူရင်ဂျနက်စစ်) ဇီဝမှိုသတ်ဆေးကို အသုံးပြုပါ။
(ဃ) ဓါတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း
၁။ စိုက်ပျိုးနည်းဖြင့် ကာကွယ်နှိမ်နိမ်း၍မရမှသာ ဓါတုနည်းဖြင့် ကာကွယ်နှိမ်နင်းပါ။
၂။ အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပါ။
- အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
- သိုင်ယာမက်သိုဇမ် (Thiamethoxam)
- ကလိုရန်ထရန်နီလီပရိုးလ် (Chlorantraniliprole)
- ဘိုင်ဖန်သရင် (Bifenthrin)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ပြောင်းဖူးတွင်ကျရောက်တတ်သော ဖိုးလမင်းကျိုင်းကို ကာကွယ်နှိမ်နင်းခြင်းဆောင်းပါးကို KMSS အဖွဲ့က ကူညီပံ့ပိုးထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြောင်းဖိုးလမင်းကျိုင်း
မေယဉ်ဖြူ
လွန်ခဲ့သော ၅ နှစ် ကဖိုးလမင်းကျိုင်းကိုသဘာ၀ပိုးသတ်ဆေးနည်း
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ
U San • ဖြေကြားချက် 4 ခု
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
Kyaw Aye • ဖြေကြားချက် 3 ခု
ပိုးသတ်ဆေးတစ်ဖြုတ်ဖြုတ်ဖြန်းထားတာ1ပတ်လောက်ရှိပြီ/ပိုးကောင်လေးတွေပြန်တွေ့လာလို့စိုးရိမ်ရလား/15ပတ်လည်လည်းကျွေးထားတာ5ရက်လောက်ရှိပါပြီဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်
U Myint Naing • ဖြေကြားချက် 7 ခု
ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(ပုံတော့မရိုက်ဖြစ်ပါဘူး) ဖြစ်ပြီး ရေထဲထည့်ကြည့်တော့ ဘက်တီးရီးယားစိမ့်ထွက်ရည်ထွက်လို့ ပင်ခြေကို Copper Oxychloride -45%+Kasugamysin2%ကို ရေ၂၀လီတာကို ၅၀ဂရမ်နှုန်းနဲ့ ဖျော်ပြီး တိုင်၁၀၀၀ ကို ဆေးရည် ၁၀လီတာနှုန်းဖျန်းပါတယ်ပင်ခြေကိုဘဲ တစ်ပေလောက်ကနေဖျန်းပါတယ် အဲ့နေ့က ဆေးမဖျန်းခင်လိုဘဲ ဆက်သေပါတယ် မနေ့က မိုးရွာနေတော့ လက္ခဏာပြတာကိုမသိရပါဘူး ဒီနေ့ကနေပူတော့ ပြန်သေပါတယ် အရင်ဆေးမဖျန်းခင်က တိုင်၁၀၀၀ကို တစ်နေ့၅ပင်နှုန်းသေပါတယ် ကွမ်းရွက်ခူးပြီး ဆေးဖျန်းတော့ အဲ့နေ့3ရက်နေ့မှာလည်း ၅ပင်နှုန်းဆက်သေပါတယ် မနေ့က4ရက်နေ့မှာ မိုးရွာလို့ မစစ်ဆေးတတ်ပေမဲ့ ဒီနေ့ 5ရက်နေ့မှာ စစ်ဆေးတော့ အရင်လိုဘဲ ၅ပင်နှုန်းသေပါတယ်ဆရာ မေးခွန်း1. ဒီ5ပင်က မနေ့ကနေ့ဒီနေ့ 2ရက်စာ5ပင်ေသတာ သက်သာတယ်လို့ယူဆလို့ရမလား ဒါမှမဟုတ် ဒီနေ့ 5ပင်ဆိုတော့ မသက်သာဘူးလို့ ယူဆနိုင်မလား မေးခွန်း2.အထက်ဖော်ပြပါဆေးက ဘယ်နှစ်ရက်ကြာမှာအာနိသင်ပြတာလဲဆရာ ပုံ1,နဲ့2က ဆရာအပင်ခြေမှာ အရင်လိုမဲမနေတော့ဘဲ အမြစ်မဲပြီး အရိုးမှာ အဖုလေးတွေရှိပါတယ် ပုံ3က ပင်စည်ကိုဖျက်ကြည့်တော့ ရေကြောစည်းမှာ မဲနေပါတယ်ဆရာ ရေထဲထည့်ကြညိ့တော့ ဘက်တီးရီးယားစိမ့်ထွက်ရည် ထွက်နေပါသေးတယ် မေးခွန်း3.အထက်ပါဆေးက ဘယ်နှစ်ရက်ထိ အာနိသင်ရှိတာလဲဆရာ အာနိသင်ပြမှုထပ်မြင့်နိုင်သေးလား လျှော့ကျမယ့် အချိန်ရောက်ပြီလားဆရာ ဒီတစ်ခါဖျန်းရင်ရော ဆေးပြောင်းသင့်လား ။ မေးခွန်းလေး များသွားတာသီးခံပေးပါဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020