ကိုရာနီစပိုးရား မှို ကြောင့်ဖြစ်သော ရော်ဘာရွက်ကြွေရောဂါ
လက္ခဏာ(Symptom)
ပျိုးခင်းတွင် ရွက်ပြား၌ ၁.၈ မီလီမီတာ စက်ဝိုင်းပုံ (သို့မဟုတ်) မညီညာသော အကွက်များ ဖြစ်ပွားပြီး အနာကွက် အလယ်တွင် အညိုဖျော့ရောင်စက္ကူသဖွယ် ပါးလွှာနေပါသည်။ အနားကွက်၏ဘေးနားတွင် အညိုရင့်ရောင်ရှိ၍ အဝါရောင်အဝိုင်းဖြင့် အနားသတ်ထားပြီး အလယ်တွင် concentric ring များ ဖြစ်နေပါသည်။ တစ်ခါတစ်ရံတွင် အနာကွက်အလယ်တွင် အပေါက် ဖြစ်နေပါသည်။ ရွက်ကြောများတွင် မီးရထား သံလမ်းပုံသဏ္ဍာန်ရှည်လျားသော အညိုရောင် အနာကွက်များ ဖြစ်ပေါ်ပါသည်။ အရွက်ရင့်များတွင်ရောဂါ ကျရောက်ပါက ပင်အပ်ခေါင်းအရွယ် အနာကွက်များ ဖြစ်ပေါ်ပြီး ရွက်ကြောမကြီးနှင့် ဒုတိယရွက်ကြောတွင် အမည်းစင်းများ ဖြစ်ပေါ်ပါသည်။ ထိပ်ညွှန့်များတွင် ကျရောက်ပါက ရှုံ့တွန့်နေ၍ခြောက်သွားပြီး stag horn ပုံသဏ္ဍာန်တွေ့ရှိ ရပါသည်။ အစိမ်းနုရောင် အညွှန့်တွင်ရောဂါကျရောက်ပါက လွန်းပုံသဏ္ဍာန် အနာကွက်များတွေ့ရ ပါသည်။ အပင်ကြီးများအောက်တွင် အစက်အပြောက်များပါသော အရွက်ခြောက်များအားလုံးတွေ့ရှိရပါသည်။ အပင်ရှိ အရွက်အားလုံး (သို့) တစ်စိတ်တစ်ပိုင်းကြွေကျ ပါသည်။ ရိုးတံတွင်ရောဂါကျရောက်ပါက ချက်ချင်းကြွေကျပါသည်။ ရော်ဘာမျိုး၊ နေရာဒေသနှင့် အရွက်နု၊ အရင့်ပေါ်မူတည်ပြီးရောဂါ လက္ခဏာ အမျိုးမျိုးတွေ့ရှိရပါသည်။
ရောဂါဖြစ်စေသောသက်ရှိ (Pathogen)
ရောဂါဖြစ်စေသော သက်ရှိမှာ Corynespora cassiicola ဟုခေါ်သော မှိုရောဂါကြောင့် ဖြစ်ပါသည်။
ပျံ့နှံ့ပုံ
မြေကြီး၊ သီးနှံအမှိုက်အကြွင်းများနှင့်ပေါင်းမြက်များ၌ ခိုအောင်းနိုင်ပါသည်။ ရေ၊ လေဖြင့်လည်း ပျံ့နှံ့ နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း (Control)
ပျိုးခင်း၌ပေါင်းမြက်ရှင်းရန် အရေးကြီးသည်။ ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးရန် အောက်ပါဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ Benlate 3 gm /liter ကို (၇) ရက် တစ်ကြိမ် ဖျန်းပေးနိုင်ပါသည်။ Dithane M 45 3 gm/liter ကို (၇) ရက်တစ်ကြိမ် ဖျန်းပေးနိုင်ပါသည်။ Funguran 0.2 % နှုန်း တို့ဖြင့် ဖျန်းပေးနိုင်ပါသည်။
နှစ်ရှည်ပင်သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026