အကောင်သေးသလောက်ဆိုးတဲ့ ဖြုတ်ညိုပိုး
အကောင်သေးသလောက်ဆိုးဆိုးဝါးဝါး ကျရောက်တတ်တဲ့ ဖြုတ်ညိုပိုးတွေအကြောင်းပြောပြချင်ပါတယ်ဗျ။ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကိုကြိုက်တဲ့အတွက် မိုးရာသီရောက်ပီဆို ပုံမှန်ကျရောက်တတ်ပါတယ်။ စပါးစိုက်ပြီးရက် (၅၀) နောက်ပိုင်းမှာ ဆိုးဆိုးဝါးဝါးကျရောက်တတ်တယ်ဗျ။ ပင်ခြေမှာနေတတ်တဲ့အကောင်တွေဖြစ်လို့ နှိမ်နှင်းရခက်ပါတယ်။အကောင်သေးပေမယ့် ဗိုင်းရပ်စ်ရောဂါတွေကို သယ်ဆောင်လာကြတာမို့ ဒီအကောင်သေးသေးတွေက ကျွန်တော်တို့ရဲ့ရန်သူ ဖြစ်နေရတာပါ။
စပါးခင်းမှာ အပင်တွေက အရောင်မညီညာပဲ အဝါရောင်နဲ့ အစိမ်းရောင်ဖြစ်ပေါ်နေတယ်။ အရွက်ရဲ့ထိပ်မှ အလယ်တစ်လျှောက် အဝါရောင်ပြောင်းပြီး တဖြည်းဖြည်းခြောက်သွားမယ်။ ဒါဆိုရင်တော့ ဖြုတ်လောင်နာကျနေခြင်းပါ။ အရွက်တွေမှာ ကြပ်ခိုးတွေကပ်နေသလိုဖြစ်နေရင်လည်း ဖြုတ်ပိုးဖျက်စီးနေတာပါ။ ဖြုတ်လောင်နာကျပြီဆို ပျံ့နှံမှုမြန်ပြီးတော့ တစ်ခင်းလုံး မီးလောင်မြှိုက်ထားသလို ဖြစ်သွားတတ်ပါတယ်။
ကူးစက်မှုမြန်ဆန်တာကြောင့် ကြိုတင်ကာကွယ်နှိမ်နင်းဖို့ လိုပါတယ်ဗျ။
_ ရိုးပြတ်တွေကို ထယ်ထိုးမြှုပ်နှံပါ။
_ ကောက်ပင်ကြဲကြဲစိုက်ပေးပါ။
_ ရေမျက်နှာပင်ပေါ်မှာ နေတတ်တာကြောင့် ဖြုတ်ပိုးကျရောက်မှုနည်းနေချိန်မှာ ၃-၄ ရက်ကြာ ရေထုတ်ပေးပါ။
_ အပင်ရည်တွေကို ကြိုက်ကြတာမို့ ယူရီးယားဓာတ်မြေသြဇာကို လျော့သုံးပါ။
_ ပေါင်မြက်များကိုရှင်းလင်းပါ။
_ပိုတက်ရှ်ဓာတ်မြေသြဇာကို မှန်မှန်ထည့်ပေးခြင်းက ဖြုတ်ညိုပိုးကျရောက်မှုကို လျော့ကျစေပါတယ်။
_စပါးခင်းတစ်ဧကလျှင် မီးထောင်ခြောက်(၂)ခုကို ညဘက်တွင် အသုံးပြုပါ။
_ပင်လုံးပြန့်အာနိသင်ရှိဆေးများကို အပင်ခြေရောက်အောင်စနစ်တကျ ဖျန်းပေးပါ။
ကလိုပိုင်ရီဖော့၊ အဆီတာမီပရစ်၊ ကာတက် စတဲ့ အာနိသင်ပါတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း အသုံးပြုနိုင်ပါတယ်ဗျ။
သတိပြုရန်
****(အခင်းကိုလိုက်လံစစ်ဆေးကြည့်လို့ စပါးနှံတစ်နှံမှာ ဖြုတ်ညို တစ်ကောင်နှုန်းရှိနေတယ်ဆိုမှ ဆေးဖျန်းပါ။ စပါးရုံတစ်ရုံမှာ ပင့်ကူတစ်ကောင်ရှိနေတယ်ဆိုရင်တော့ တစ်နှံ ၂ ကောင်နှုန်းတွေ့မှ ဖျန်းပါဗျ။)*****
ထွန်းရာဇာ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးဖြုတ်ပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းရာဇာ
အားလုံး