အစိမ်းရောင်လမ်း
Diamide အုပ်စု(IRAC-group 28) ပိုးသတ်ဆေးအကြောင်း

Diamide အုပ်စု(IRAC-group 28) ပိုးသတ်ဆေးအကြောင်း

ယနေ့စိုက်ပျိုးရေး‌လောကမှာ ပိုးသတ်ဆေး‌တွေကို အသုံးပြုမှုများလာတာကြောင့် ပိုးတွေရဲ့ ဆေးဒဏ်ခံနိုင်ရည်ရှိမှု၊ ပိုးမနိုင်မနင်းဖြစ်မှု၊ ဆေးဖိုးကုန်ကျစရိတ်များမှု၊ သီးနှံအထွက်လျော့နည်းမှုနဲ့ ဓာတ်ကြွင်းပြဿနာဈေးကွက် ပြဿနာတွေ တိုးလာ‌နေပါတယ်။

ဒီလိုအခြေအနေမှာ

 IRAC Group 28 ထဲမှာပါတဲ့ ဒိုင်ယာမိုက်ပိုးသတ်ဆေး(Diamide insecticides) တွေဟာ  ဆေးအာနိသင်အသစ်အနေနဲ့ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေပါတယ်။

IRAC Group 28 ဆိုတာဘာလဲ?

Diamide (IRAC Group 28) ဆိုတာ ဖျက်ပိုးရဲ့ ကြွက်သားအတွင်းကို ပစ်မှတ်ထားတဲ့ ပိုးသတ်ဆေးပဲဖြစ်ပါတယ်။

တနည်းအားဖြင့် ဖျက်ပိုးရဲ့ ကြွက်သားအတွင်းရှိ Ryanodine receptor(RyR)ကို ကမောက်ကမဖြစ်ပြီး ပိုး‌တွေကို တဖြည်းဖြည်းမျှင်းပြီး

သေစေတဲ့ ဆေးအာနိသင်အသစ် (novel insecticide) ဖြစ်ပါတယ်။

Diamide ပါဝင်တဲ့ ပိုးသတ်ဆေး RyR (Ryanodine Receptor) ကိုဘယ်လိုတိုက်ခိုက်လို့ ဖျက်ပိုးကို ဘယ်လိုသတ်သလဲ?

ဖျက်ပိုးရဲ့ ကြွက်သားနဲ့ထိမိသည်နှင့်တပြိုင်နက် Ryanodine receptor (RyR) ကို target လုပ်ပြီး ကြွက်သား ဆဲလ်အတွင်းသို့ Calcium (Ca²⁺) အဝင်/အထွက် တံခါးကို ပုံမှန်ထက် ကြိမ်ဖန်များစွာလုပ်ဆောင်ပါတယ်။

ဒါကြောင့် Ca²⁺ ကို muscle cell ထဲသို့ အလွန်အကျွံ ဖြစ်သွားစေပါတယ်။

ဖျက်ပိုးရဲ့ကြွက်သားMuscle တွေ ထဲမှာ Ca²+တွေ စုပုံလာပြီး ဆေးထိတဲ့ပိုးတွေဟာ

- သွက်ချပါဒဖြစ်ခြင်း (paralysis)

- ဆေးထိပြီး ချက်ချင်း မစားနိုင်ခြင်း (feeding stop)

- ပိုးကောင် အရေပြားကျုံ့ပြီး သေးသွားကာ  တဖြည်းဖြည်း  သေ သွားစေပါတယ်။

အခြားဆေးအုပ်စုတွေနဲ့ မတူတဲ့ Diamide (Group 28) ရဲ့ထူးခြားချက်

နာ့ဗ်ကြောစနစ်ကို တိုက်ခိုက်တဲ့ဆေးအုပ်စုမဟုတ်လို့ ဒိုင်းကနဲ ဘိုင်းကနဲ သေတဲ့( Knock down action )မဟုတ်ပါဘူး။

ဥပမာ:

- အော်ဂနိုဖော့စဖိတ်အုပ်စုနဲ့ ကာဘာမိတ်အုပ်စုတွေဟာ ဗဟိုနာ့ဗ်ကြော တိုက်ခိုက်ခြင်း

- ဆေးဂန္ဓမာအုပ်စုPyrethroid ဟာ ဆိုဒီယံ လမ်းကြောင်းဖျက်ဆီးခြင်း

- နီယိုနီကိုတီနွိုက် ာ အာရုံကြောများကို အလွန်အကျွံ့လှုံဆော်လိုက်ခြင်းပြုလုပ်ပြီးတော့

ဒိုင်ယာမိုက်က ဖျက်ပိုးရဲ့ ကြွက်သားကို တိုက်ခိုက်ပါတယ်။

ဒိုင်ယာမိုက်၏အားသာချက်များ

ပစ်မှတ်ချင်းမတူသဖြင့် အခြားဆေးများဖျန်းပြီး မနိုင်သော ဖျက်ပိုးလောက်ကောင်များကို နှိမ်နင်းနိုင်ခြင်း။

ဆေးဖျန်းပြီး၊ ပိုးနဲ့ဆေးထိမိသည်နှင့်  ချက်ချင်းမစားနိုင်တော့ခြင်း။

ဆိုလိုတာကတော့ ပိုးတွေချက်ချင်းမသေဘူး ဒါပေမယ့် မစားနိုင်တော့ပါဘူး။

သီးနှံ ကို ပိုးဖျက်ဆီးမှု လျှော့ချပေးနိုင်ကာ ဖျက်ပိုးရဲ့ ကြွက်သားအတွင်းရှိ Ryanodine receptor(RyR)  ကိုသာ ထိခိုက်ပြီး လူ/တိရစ္ဆာန်အတွက် အဆိပ်သင့်မှု နည်းစေပါတယ်။

တစ်ကြိမ်ဖျန်းရင် ဆေးသက်ကြာရှည်တဲ့အတွက် ဆေးဖျန်းအကြိမ်‌သက်သာစေပါတယ်။

သတ်မှတ်နှုန်းထားနဲ့သုံးပြီး ဘက်စုံလိုက်နာခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအတွက် အထောက်အကူဖြစ်သော ဆေးတစ်မျိုးဖြစ်ပါတယ်။

အသုံးပြုနိုင်သော ဖျက်ပိုးများ

လိပ်ပြာ/ဖလံအုပ်စု ဖျက်ပိုးများ(Lepidoptera pests)ကို နှိမ်နင်းရာမှာ အသုံးပြုနိုင်ပါတယ်။

ဥပမာ: စပါးဆစ်ပိုး (Stem borer)၊ ရွက်လိပ်/ကပ်ပိုး (Leaf folder)၊ ငမြှောင်တောင် (Armyworm)စသည့်  နှိမ်နင်းရခက်သော ပိုးများကို ( out break )မနိုင်မနင်း မဖြစ်စေရန် ထိန်း‌ပေးနိုင်သော ဆေးအမျိုးအစား ဖြစ်ပါတယ်။

ဒိုင်ယာမိုက်တွင်ပါဝင်သော ဆေးအေအိုင်များမှာ 

-Flubendiamide

-Chlorantraniliprole

-Cyantraniliprole တို့ပဲ ဖြစ်ပါတယ်။

ကဲ. ပိုးကောင်တွေကို ဇာတ်ထဲက မင်းသားသေသလို တဖြည်းဖြည်းချင်း သေစေချင်တယ်။ ဆေးဖျန်းအကြိမ်‌ရေလည်း လျှော့ချင်တယ်။ ဆေးအုပ်စု မတူတာလည်းသုံးချင်ရင်တော့ ဒိုင်ယာမိုက်အုပ်စု တွေကိုသာ သုံးကြဖို့ တိုက်တွန်းလိုပါတယ်ဗျာ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

4
Mg lin linn

Mg lin linn

လွန်ခဲ့သော ၁ လ က

မြေအောင်းပိုနိမ်နင်းနည်းလေးပြောပြပါလားဗျာ ကြက်သွန် အတွက်

Aung Naing Thu

Aung Naing Thu

လွန်ခဲ့သော ၃ လ က

systemic နဲ့translaminar actionလားဆရာ

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၃ လ က

တောင်ကြီး၊လပ်ကီးဆဲဗင်း ဆေးဆိုင်ကဲ့သို့ စိုက်/ဆေးဆိုင်တွေမှာရှိပါတယ်။

ခွန်သာဒွန်း

ခွန်သာဒွန်း

လွန်ခဲ့သော ၃ လ က

ရှမ်းပြည်ရောဆေးရောက်ပြီလား

You

ဆက်စပ်ဆောင်းပါးများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....