ရောဂါလေလား ပိုးလေလား
|
စဉ် |
ဖျက်ပိုးကျရောက်မှုလက္ခဏာ |
ရောဂါကျရောက်မှုလက္ခဏာ |
|
၁။ |
သီးနှံပင်များကို ဖျက်ဆီးသောပိုးမွှားများကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ |
သီးနှံပင်များတွင် ပိုးမွှားများ မမြင်ရပါ။ |
|
၂။ |
အပင်၏ အမြစ်၊ ပင်စည်၊အရွက်၊ အပွင့်၊ အသီးများကို ကိုက်ဖြတ်၊ခြစ်စား၊ စုပ်စားသည့် ဒဏ်ရာများကိုတွေ့ရမည်။ |
အပင်၏ အမြစ်၊ ပင်စည်၊အရွက်၊ အပွင့်၊ အသီးများပေါ်တွင် နက်ညို၊ မီးခိုးရောင်အကွက်အပြောက်များ တွေ့ရမည်။ |
|
၃။ |
သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ တွေ့ရမည်။ |
သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ မတွေ့ရပါ။ |
|
၄။ |
သီးနှံပင်၏ ပင်စည်ထဲဝင်ရောက်ကာ တစ်ပင်လုံးညှိုးခြောက်၊ အရွက်အခက် ပဲ့ကြေခြင်းကို တွေ့ရမည်။ |
ရောဂါရ အကွက်များဆက်စပ်သွားပါက အရွက်ဝါ၊မဲ၍ကြွေခြင်း၊ တစ်ပင်လုံးညှိုးခြင်း၊ အရည်ထွက်ခြင်း တွေ့ရမည်။ |
|
၅။ |
ပိုးဖျက်ဆီးမှုခံရသော စိုက်ခင်းအား ယူရီးယားဓါတ်မြေသြဇာထည့်ပါက အပင်များပြန်လည်ကြီးထွားရှင်သန်လာသည်။ |
ယူရီးယားဓါတ်မြေသြဇာထည့်ပါက အပင်များရောဂါပိုမိုဆိုးဝါးပြီး အပင်များသေဆုံးနိုင်သည်။ |
|
၆။ |
ပိုးမွှားမြင်တွေ့ပါက ပင်တွင်းစိမ့်ပြန့်အာနိသင်၊ထိသေ၊ စားသေအာနိသင်ရှိသောဆေးများဖြင့် ကာကွယ်နှိမ်နင်းရသည်။ *သတိပြုရန်မှာ ဓါတုဆေးဖြန်းပါက တောင်သူ့အကျိုးပြု မိတ်ဆွေပိုးများသေဆုံးနိုင်ပါသည်။ |
ရောဂါကာကွယ်ကုသဆေးများဖြင့် ပက်ဖြန်းရသည်။ |
တောင်သူအကျိုးပြုမိတ်ဆွေပိုးနှင့် ဖျက်ပိုးများအကြောင်း ကို သီးသန့်ဆွေးနွေးပေးပါမည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....