အချိန်မီကာကွယ်သင့်သည့်အန္တရာယ်ရှိသည့် ဖောငမြှောင်တောင်
မူရင်းဒေသအမေရိကမှ ဖောငမြှောင်တောင်သည် ယခုအခါ မြန်မာနိုင်ငံရှိ ပြောင်းစိုက်ခင်းများတွင်လည်း စတင်ကျရောင်ဖျက်ဆီးလျှက်ရှိသည်။ ဖော ငမြှောင်တောင်မျိုးစိတ်အသစ်သည် ပြောင်းနှင့်အခြားသီးနှံများဖြစ်သော စပါး၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံအပါအဝင် အခြားသီးနှံအမျိုးအစားစုစုပေါင်း (၈၀ ) ကျော်တို့တွင် ကျရောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ (၁၀၀) ထိ ပျံသန်းနိုင်စွမ်းရှိသဖြင့် တစ်နေရာမှ တစ်နေရာသို့ လျှင်မြန်စွာ ပျံ့နှံ့ရောက်ရှိနိုင်သည်။
ပြောင်းပင်ကြီးထွားချိန်နှင့်မျိုးပွားချိန်တွင် ဖျက်ဆီးမှု အများဆုံးဖြစ်သည်။ လောက်ကောင်ငယ်အဆင့်တွင် မြင်ရန်ခက်ခဲသော်လည်း နှိမ်နင်းရန် အကောင်းဆုံးအချိန်ဖြစ်သည်။ အပင်ငယ်စဉ် ပထမဆုံးအရွက် အဝိုက်ထွက်လျှင် ထွက်ချင်း ကင်းထောက်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ ဖောငမြှောင်တောင်ပိုးကို အပင်ငယ်စဉ် ထိရောက်စွာမကာကွယ်လျှင် သီးနှံအထွက်နှုန်းကို ထိခိုက်စေသည်။
ဘက်စုံကာကွယ်နှိမ်နင်းနည်းလမ်း
ဖျက်ပိုးတစ်ကောင်ကို ဦးစွာနှိမ်နင်းရန် ဦးစွားပထမ ယင်းဖျက်ပိုး၏ သဘာဝဖြစ်စဉ်နှင့် ကျရောက်မှုလက္ခဏာကို သိထားရန် လိုအပ်သည်။
ဖျက်ဆီးမှုလက္ခဏာ
ဖျက်ပိုးကောင်သည် အပင်ငယ်စဉ်မှ ဖူးပွင့်ချိန်အထိ အရွက်ဝိုက်အတွင်း ဝင်ရောက်စားသောက်ဖျက်ဆီးသည်။ အရွက်များစုတ်ပြတ်သတ်နေပြီး အရွက်များပေါ်တွင် စိုစွတ်နေသော မစင်များကို တွေ့နိုင်သည်။ အပင်ငယ်စဉ်တွင် ဆိုးဝါးစွာ ကျရောက်ပါက ခေါင်ညွှန့်သေခြင်း လက္ခဏာများကို ထင်ရှားစွာတွေ့နိင်သည်။
ဘဝစက်ဝန်း
အမသည် ဥဥပြီး နှစ်ရက်သုံးရက်ခန့်အကြာတွင် လောက်ကောက်ငယ်များ ပေါက်လာသည်။ လောက်ကောင်အဆင့် ခြောက်ဆင့်ရှိသည်။ ၎င်းမှတစ်ဆင့် ၁၄ ရက်မှ ၂၂ ရက် အကြာတွင် ရုပ်ဖုံးအဆင့် ဖြစ်ပေါ်ပြီး ၇ရက်မှ ၁၄ ရက်ခန့်တွင် အကောင်ကြီးလာသည်။ ဘဝစက်ဝန်းမှာ ၂၆ ရက်မှ ၄၂ ရက်ခန့် ကြာမြင့်တက်သည်။
ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများ
- စိုက်ချိန်စောနိုင်သမျှ စောပါ။
- ဘဝစက်ဝန်း ဆက်လက်မရှင်နိုင်ရန် ပိုးကျထားသော ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။
- စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းပင်များကို ရှင်းလင်းပါ။
- သက်တမ်းတူသော မျိုးများကို စိုက်ချိန်တစ်ပြိုင်နက်တည်း စိုက်ပျိုးပါ။
- လောက်ကောင် ရုပ်ဖုံးများ မြေကြီးပေါ်ရောက်လာပြီး သေစေရန် ထယ်ထိုးထွန်မွှေ နက်နက်ထွန်ပါ။
- လောက်ကောင်ငယ်စဉ် မြင်နိုင်ရန် ခက်ခဲသော်လည်း နှိမ်နင်းရန် အကောင်းဆုံးအချိန် ဖြစ်၍ အပင်ငယ်စဉ် ပထမဆုံးအရွက်အဝိုက်စထွက်လျှင်ထွက်ခြင်းကင်းထောက်စစ်ဆေးပါ။
- ဥမြုံများနှင့် လောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပါ။
- လောက်ကောင်များသေစေရန် အရွက်အဝိုက်များအတွင်းသို့ မြေကြီး ဆပ်ပြာမှုန့်၊ ဆေးရွက်ကြီး၊ ပြာ၊ လွှစာမှုန့်များကိုထည့်ပေးပါ။
- မီးထောင်ချောက်များထွန်း၍ ဖလံများကိုဖမ်းယူဖျက်ဆီးပါ။
- သီးလှည့်စိုက်ပျိုးပါ။
အပင်ငယ်စဥ်အချိန်၌ အပင်၅၀တွင် ၁၀ပင်နှင့်အထက် အဖူးဝင်ပြီး အပင်မျိုးပွားချိန်၌အပင်၅၀ တွင် အပင် ၂၀ပင်နှင့်အထက် ကျရောက်ပါက မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး တရားဝင်ခွင့်ပြုထားသော ထိသေ၊ စားသေပိုးသတ်ဆေးများဖြစ်သည့် ဖလူလန်ဒိုင်ရာမိုက် ၂၄ ရာခိုင်နှုန်း၊ ဒဗလျူဒီဂျီကလိုရန်ထရန်နီလီပရိုး ၅၁.၅ရာခိုင်နှုန်း၊အက်စီ၊ အင်ဒိုဇာကပ်၁၅ရာခိုင်နှုန်း၊ အက်စီ၊ အင်ဒိုဇာကပ် ၁၇ ရာခိုင်နှုန်း+လန်ဘရာဆိုင်ဟေလိုသရင် ၃ ရာခိုင်နှုန်း၊ အက်စီ၊အီမာမက်တင်ဘမ်ဇိုအိတ် ၁၀ ရာခိုင်နှုန်း၊ လန်ဘဒါဆိုင်စေလိုသရင် ၁၅ ရာခိုင်နှုန်း၊ ဒဗလျူပီဆိုင်ပါမီသရင် ၃ ရာခိုင်နှုန်း၊ အီမာမက်တင်ဘမ်ဖိုအိတ် ၀.၂ ရာခိုင်နှုန်း၊ ကလိုဖန်နပါ ၁၀ ရာခိုင်နှုန်းအက်စီအစရှိသည့်ပိုးသတ်ဆေးများကို အရွက်အဝိုက်ထဲဝင်ရန် ထိထိမိမိဖျန်းပါ။
ပိုးသတ်ဆေးများကို မနက်စောစောနှင့်ညနေပိုင်းများတွင်သာ ပက်ဖျန်းပါ။
ပိုးသတ်ဆေးယဥ်ပါးမှုမဖြစ်ပေါ်စေရန်ပိုးသတ်ဆေးညွှန်းစာများ၌ပါရှိသောဆေးနှုန်းထားပြည့်မီစွာပက်ဖျန်းရန်နှင့် မတူညီသောဆေးအုပ်စုကိုအလှည့်ကျသုံးစွဲပါ။
အထက်ဖော်ပြပါ ဘက်စုံကာကွယ်နှိမ်နင်းနည်းများအနက်မှ မိမိစိုက်ခင်းနှင့်သင့်တော်သည့်နည်းလမ်းနှစ်ခု(သို့) သုံးလေးခုပူးတွဲလုပ်ဆောင်ပါက ဖောငမြှောင်တောင်ကျရောက်ဖျက်ဆီးမှုမှ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းရှင်းစွာဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်သည်။ လိုအပ်ပါက ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
ဒေါက်တာခင်ခင်မာလာမြင့်(သီးနှံကာကွယ်ရေး)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....