အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
စားတော်ပဲ ဒေါင်းနီးမှို ရောဂါဖြစ်ပါတယ်၊ အရွက်မှာ အကွက် အပျောက်လေးတွေဖြစ်တယ်။ အရွက်ပေါ်က အပျောက်ကို လှန်ကြည့်လိုက်ရင် အမွေးနုသေးသေးလေးတွေစုနေသလို အရွက်အောက်ဘက် မျက်နှာပြင်တွေမှာလည်း ရှိပါတယ်။ ဆိုးလာရင် အရွက်တွေကြွေ ပင်စည်ခြောက်လာမယ်။ အထွက်တော်တော်ထိနိုင်တဲ့အတွက် ၅၀ ကနေ ၁၀၀ ရာခိုင်နှုန်း (တံစဉ်လွတ်) ဖြစ်နိုင်ပါတယ်၊
အေးတဲ့ရာသီမှာ ပိုဆိုးနိုင်ပြီး ကြက်သွန်၊ စပျစ် ဒေါင်းနီးမှိုရောဂါတွေလိုပါပဲ။

သူကနိုင်တာက Dimethomorph ဒိုင်မီသိုမော့ + Forsetyl ဖော့စက်တိုင်းအလူမီနီယမ်ပါ။ ဖျန်းပြီး (၅ - ၇) ရက်အတွင်း ကြားထဲမှာ Chlorothalonil ကလိုသာလိုနေး သို့မဟုတ် Copper based ကော့ပါးပါတာ တစ်ခုခု ဖျန်းပါ။
ဆေးဖျန်းပြီး (၅) ရက်ကျော် မှ အားဆေးတွေသုံးပါ။
အထက်ဖော်ပြပါ မှိုသတ်ဆေး အေအိုင် တွေကရောပါတာတွေလဲရှိမယ်။ ရာနှုန်းမတူတာတွေလည်းရှိပါမယ်။
မှာချင်တာကတော့ ပါဝင်မှုများများ မရောတဲ့ဆေးဆိုပို သဘောကျပါတယ်။
မှတ်ချက် - ကော့ပါး နဲ့ ဖော့စက်တိုင်း အလူမီနီယမ် တွဲမသုံးပါနဲ့ ပိုးဆိုး ပက်ဆက် လောင်နိုင်ပါတယ်။
ဈေးကွက်ထဲမှာ သဘောကျတဲ့ ဆေးအမည်တွေက - Aliette (bayer)၊ ဧလိရက် (MGM)၊ ဂျပန်ဒါကိုနေး(AP)၊ စတားလတ် (မင်းမဟော်) တို့ပဲဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ
U San • ဖြေကြားချက် 4 ခု
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
Kyaw Aye • ဖြေကြားချက် 3 ခု
ပိုးသတ်ဆေးတစ်ဖြုတ်ဖြုတ်ဖြန်းထားတာ1ပတ်လောက်ရှိပြီ/ပိုးကောင်လေးတွေပြန်တွေ့လာလို့စိုးရိမ်ရလား/15ပတ်လည်လည်းကျွေးထားတာ5ရက်လောက်ရှိပါပြီဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်
U Myint Naing • ဖြေကြားချက် 7 ခု
ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(ပုံတော့မရိုက်ဖြစ်ပါဘူး) ဖြစ်ပြီး ရေထဲထည့်ကြည့်တော့ ဘက်တီးရီးယားစိမ့်ထွက်ရည်ထွက်လို့ ပင်ခြေကို Copper Oxychloride -45%+Kasugamysin2%ကို ရေ၂၀လီတာကို ၅၀ဂရမ်နှုန်းနဲ့ ဖျော်ပြီး တိုင်၁၀၀၀ ကို ဆေးရည် ၁၀လီတာနှုန်းဖျန်းပါတယ်ပင်ခြေကိုဘဲ တစ်ပေလောက်ကနေဖျန်းပါတယ် အဲ့နေ့က ဆေးမဖျန်းခင်လိုဘဲ ဆက်သေပါတယ် မနေ့က မိုးရွာနေတော့ လက္ခဏာပြတာကိုမသိရပါဘူး ဒီနေ့ကနေပူတော့ ပြန်သေပါတယ် အရင်ဆေးမဖျန်းခင်က တိုင်၁၀၀၀ကို တစ်နေ့၅ပင်နှုန်းသေပါတယ် ကွမ်းရွက်ခူးပြီး ဆေးဖျန်းတော့ အဲ့နေ့3ရက်နေ့မှာလည်း ၅ပင်နှုန်းဆက်သေပါတယ် မနေ့က4ရက်နေ့မှာ မိုးရွာလို့ မစစ်ဆေးတတ်ပေမဲ့ ဒီနေ့ 5ရက်နေ့မှာ စစ်ဆေးတော့ အရင်လိုဘဲ ၅ပင်နှုန်းသေပါတယ်ဆရာ မေးခွန်း1. ဒီ5ပင်က မနေ့ကနေ့ဒီနေ့ 2ရက်စာ5ပင်ေသတာ သက်သာတယ်လို့ယူဆလို့ရမလား ဒါမှမဟုတ် ဒီနေ့ 5ပင်ဆိုတော့ မသက်သာဘူးလို့ ယူဆနိုင်မလား မေးခွန်း2.အထက်ဖော်ပြပါဆေးက ဘယ်နှစ်ရက်ကြာမှာအာနိသင်ပြတာလဲဆရာ ပုံ1,နဲ့2က ဆရာအပင်ခြေမှာ အရင်လိုမဲမနေတော့ဘဲ အမြစ်မဲပြီး အရိုးမှာ အဖုလေးတွေရှိပါတယ် ပုံ3က ပင်စည်ကိုဖျက်ကြည့်တော့ ရေကြောစည်းမှာ မဲနေပါတယ်ဆရာ ရေထဲထည့်ကြညိ့တော့ ဘက်တီးရီးယားစိမ့်ထွက်ရည် ထွက်နေပါသေးတယ် မေးခွန်း3.အထက်ပါဆေးက ဘယ်နှစ်ရက်ထိ အာနိသင်ရှိတာလဲဆရာ အာနိသင်ပြမှုထပ်မြင့်နိုင်သေးလား လျှော့ကျမယ့် အချိန်ရောက်ပြီလားဆရာ ဒီတစ်ခါဖျန်းရင်ရော ဆေးပြောင်းသင့်လား ။ မေးခွန်းလေး များသွားတာသီးခံပေးပါဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
ပြောင်းလဲလာတဲ့ ပိုးသတ်ဆေးများရဲ့ သမိုင်းကြောင်း
15/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....