ခရုအန္တရာယ် ဘယ်လိုကာကွယ်မလဲ
Golden apple snail (ရွှေခရု) ယခင်က ထိုင်ဝမ်ခရု အကြောင်းတင်ထားတဲ့ပိုစ်လေးတွေ့လို့ ထိုင်ဝမ်ခရုနဲတူလို့ပါရေးတင်လိုက်တာပါ။
Golden apple ခရုအမျိုးအစားပေါင်း ၁၀၀ရှိပါတယ်။ သူတို့ဟာ ၁၉၈၀ လောက်မှာ အာရှကို စတင် ပြန့်နှံလာပါတယ်။ အစကတော့ လူစားသုံးဖို့ရည်ရွယ်ထားတာပါ နောက်ပိုင်း မှာ စပါးအတွက်အဓိက ဖျက်ပိုး ဖြစ်လာပါတယ်။ မျိုးကွဲ နှစ်မျိုးရှိပါတယ် Pomacea canaliculata နှင့်Pomacea maculata တိုဖြစ်ပါတယ်။
Golden apple snail ကဘာလဲ
သူတို့ဟာ အဓိကအားဖြင့် အပင်ငယ် နှင့် အညောင့်ထွက်စာပြုနေတော့ စပါးပင်လေးများကို စားသုံးပါတယ်။ အပင်အောက်ခြေ ကို ကိုက်ဖြတ်ပြီး အပင် တစ်ခုလုံးကိုဖျက်ဆီးပါတယ်။ ဘယ်လိုပြန်နှံသလဲ၊ ဘယ်မှာတွေနိုင်မှာလဲ ခရုများက ဆည်ရေသွင်းမြောင်းမှ တဆင့်သော် လည်းကောင်း၊ သဘာဝ ရေသွင်းမြောင်းမှ သော်လည်းကောင်း၊ ရေလျှံရေမြုပ်ခြင်းမှ သော်လည်းကောင်း ပြန့်နှံနိုင်ပါတယ်။ လယ်ကွင်းထဲရေ မရှိတော့ရင် သူတို့ဟာ ရွံ့နွံများဖြင့် ဖုံးလွမ်းပြီး ၆ လအထိ မြေကြီးထဲတွင်ခိုအောင်းနိုင်ပါတယ်။ ရေပြန်ရလာရင်တော့ သူတို့ဟာ မြေကြီးထဲက ပြန်လည်ထွက်ပေါ်လာမှာဖြစ်ပါတယ်။
သူတို့ဟာ တိုက်ရိုက်ချ စိုက်တော့ စပါးစေ့များ နှင့် ပျိုးစိုက်သော အပင်များ(၁လသားအရွက်) ထိ တိုက်ရိုက် ဖျက်ဆီးနိုင်ပါတယ်။ အပင်အသက် တစ်လကျော်သွား လျှင်တော့ အပင်ဟာ ခရုဒဏ်ကိုခံနိုင်သွားပါပြီ။
လယ်ထဲရောက်နေပြီဆိုတာဘယ်လိုသိရှိနိုင်မှာလဲ
Golden apple snail လား ဒေသခရုလား အဓိကတော့ အရောင်၊ အရွယ်အစား ဖြင့် ခွဲခြားနိုင်ပါတယ်။ Golden apple snail အခွံအရောင်ကတော့ ရွှံအရောင်ရှိပါတယ်။ ဥအရောင်ကတော့ အပန်းရောင်ပါ။ သူတို့ဟာ ဒေသခရုများထက် ဘာလို့ Golden apple ခရုများဟာအရေးကြီးပါသလဲ
Golden apple snail များဟာ စပါးပင်ရဲ့အဓိက ဖျက်ပိုးလို့ ဆုံးဖြတ်နိုင်ပါတယ်။ ထိရောက်စွာ မနိုမ်နှင်းရင် တစ်ညလျှင် ၁ မီတာပတ်လည်အထိဖျက်ဆီးနိုင်ပါတယ်။ ထွက်နှုံး ၅၀ရာခိုင်နှုန်း အထိ ဖျက်ဆီးနိုင်ပါတယ်။
ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
မြေပြင်ချိန် နှင့် အပင်စစိုက်ချိန်ဟာ အရေးကြီးပါတယ်။ အသေးစိတ်ဖြင့်ဆိုသော် ပျိုးဖြင့်စိုက်လျှင် ရွှေပြောင်းပြီး ၁၀ ရက် အစေ့ချ စိုက်လျှင် စိုက်ပြီး ၃ပတ်အတွင်း ဖြစ်ပါတယ်။ တစ်လကျော် သွားလျှင်တော့ အပင်ဟာ ခရုဒဏ်ကိုခံနိုင်ရည်ရှိသွားပါပြီ။
အတူတကွပူးပေါင်းကာကွယ်ခြင်း
အကောင်းဆုံးနည်းလမ်းကတော့ အသင်းအဖွဲ့ဖြင့် ခရုအရေအတွက် နည်းအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
· မြေပြင်ချိန်အတွင်း သို့ အပင်ရွှေ့ပြောင်းစိုက်ပျိုးပြီးစအချိန်အတွင်း အသင်းအဖွဲဖြင့် ခရုများ၊ ခရုဥများကို လိုက်လံဖယ်ရှားခြင်း
· စိုက်ပျိုးပြီး အပင်ရက်သား ၃၀မပြည်အချိန်အထိ ရေသွင်းခြင်း နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ပေးခြင်း
· သဘာဝမိတ်ဆွေပိုးများ များပြားလာအောင်ထိန်းသိန်းခြင်း
ဇီဝအားဖြင့် နှိမ်နင်းခြင်း
· ပုရွက်ဆိတ်အနီများဟာ ခရုဥများကို စားသောက်နိုင်ပါတယ်။ ဘဲများဟာ ခရုငယ်များ ကို စားသောက်နိုင်ပါတယ်။ အခြား ငှက်မျိုးများလည်း ခရုများကို စားသောက်နိုင်ကြပါတယ်။ မြေပြင်ပြီးချိန် သို့ အပင်စပျိုးပြီး ၁လနောက်ပိုင်းအချိန် ဘဲများကို လယ်အတွင်း ထားရှိခြင်းဖြင့် နှိမ်နင်းနိုင်ပါတယ်။
· Golden apple snail များဟာ ချက်ပြုတ် စားနိုင်သလို့ တိရစ္ဆာန် အစားအစာအဖြင့်လည်း အသုံးပြု နိုင်ပါတယ်။ ချက်ပြုတ်စားမယ်ဆို ဂရုတစိုက် ချက်ပြုတ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ သူတို့ဟာ rat lungworm ကိုသယ်ဆောင်သူများဖြစ်ပါတယ်။
ရိုးရာနည်း
· ခရုများကိုကောက်ယူခြင်း။
ခရုများဟာ မနက်ပိုင်း နှင့် ညနေနောင်ပိုင်းများဆို လှုပ်ရှားမှုက ပိုအားကောင်းလေ့ ရှိပါတယ်။ ဝါးချောင်းလေးများကို ထောင်ထားပြီး ဥဥဖို့နေရာဖန်တီးပြီး ဥများကို ဖျက်ဆီးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ခရုများကို သဘောင်္သီးရွက်၊ ပီလောပီနံရွက်ဖြင့် မျှားခေါ်ကာလက်ဖြင့် ကောက်ယူဖမ်းဆီးခြင်း ပြုလုပ်နိုင်ပါတယ်။
· ရေပမာဏထိန်းချုပ်ခြင်း
ခရုများဟာ ရေအနက် ၂စင်တီမီတာ (တစ်လက်မရဲ့ လေးပုံသုံးပုံခန့်)ထက် လျှော့နည်းလျှင် သွားလာရ ခက်ခဲပါတယ်။ အပင်ငယ် ရွယ်စဉ်တွင် ရေ ကို ၂စင်တီမီတာအောက် ထိန်းသိမ်းထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
လယ်ကွင်းပတ်ပတ်လည် တစ်ပေအကျယ် ၂လက်မအနက်တူးမြောင်းလေးများဖော်ပြီး ရေသွင်းက ခရုများခိုအောင်းရာအဖြစ်ဖန်တီးပြီး အလွယ်တကူ ကောက်ယူ ဖျက်ဆီးနိုင်ပါတယ်။
· အဆိပ်ဖြစ်စေသော အပင်များ အသုံးပြုခြင်း
ဆေးရွက်ကြီးအရွက်များ၊ ရှောက်ရွက်များကို လယ်ကွင်းထားရှိခြင်း သို့ တူးမြောင်း လေးများတွင် ထားရှိခြင်း။
· ရေဝင်ရာက်မူကိုထိန်းချုပ်ခြင်း
ခရုများဟာ ရေမှတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ ဇကာ သို့ ဇကာပေါက်ပါသောခြင်းများကို ရေဝင်ရောက်သည့် နေရာတွင် ထားရှိခြင်းဖြင့် ဟန့်တားနိုင်ပါတယ်။
· အပင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း
အပင်ရွှေပြောင်း စိုက်ပျိုးခြင်းဟာ အစေ့စိုက်ခြင်းထက် ခရုဒဏ်ပိုခံနိုင်ရည်ရှိပါတယ်။ တစ်ကျင်းလျှင် တစ်ပင်နူံးထက် တစ်ကျင်းလျှင် ၃၊ ၄ပင် စိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ပျိုးရက်သား ၂၅-၃၀ ရက်သားရောက်မှ ရွှေပြောင်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
ဓာတုနည်းဖြင့်နိုမ်နင်းခြင်း
အခြားနည်းဖြင့် နိုမ်နင်းလို့ မရတော့ပါက ဓာတုနည်းဖြင့် နှိမ်နင်းနိုင်ပါတယ်။
· နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို ရေအနက် ၂စင်တီမီတာအောက် အနက်ရှိ လယ်ကွင်းများတွင် အသုံးပြုခြင်းဖြင့် ခရုများကို နှိမ်နင်းနိုင်ပါတယ်။
· Molluscicides (ခရုသတ်ဆေး) ကိုအပင်ရွှေပြောင်းပြီးချိန် သို့ အစေ့ချစိုက်ပျိုးပြီးချိန်တွင် အသုံးပြုခြင်းဖြင့်လည်း နိုမ်နင်းနိုင်ပါတယ်။
ငွားဆီရှယ်
Ngwe khin
လွန်ခဲ့သော ၁ လ ကထုံးနဲ့ပြုလုပ်နှိမ်နင်းလို့ရလားရှင်ြ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....