စပါးပိုးလောင်မီး/ကျောက်ဆူးပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
စပါးပိုးလောင်မီး/ကျောက်ဆူးပိုးဟာ အောက်ဖက်ကအရွက်အခွံကိုသာ ချန်ထားကာ စပါးရွက်ပြားများရဲ့ အပေါ်ဖက်မျက်နှာပြင်ကို ခြစ်ယူစားသောက်ပါတယ်။

၄င်းဟာ အရွက်တစ်ရှူးကတစ်ဆင့်လည်း လှိုဏ်ခေါင်းပြုလုပ်ပါတယ်။ ဖျက်ဆီးမှု ဆိုးဝါးလျှင် စပါးပင်တွေဟာ ကြံ့ခိုင်မှုနည်းသွားကြပါတယ်။
တစ်ဆင့်ခံလက်ခံပင်အဖြစ် စပါးခင်းထဲနှင့် စပါးခင်းအနီးက မြက်မျိုးနွယ်ဝင် ပေါင်းတွေရှိတာဟာ ဒီဖျက်ပိုးဖွံ့ဖြိုးမှုကို အားပေးပါတယ်။ မြေသြဇာအလွန်အကျွံသုံးတဲ့ စပါးခင်းတွေဟာလည်း ဒီဖျက်ပိုးဖျက်ဆီးမှုကို အားပေးပါတယ်။
မိုးဦးရာသီ ဒါမှမဟုတ် အစောဆုံးမုတ်သုန်ကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုံမမှန်တဲ့ မြူနှင်းကျဆင်းမှုနည်းတာ၊ နေ့ရက်ပေါင်းများစွာ အနိမ့်ဆုံးနေ့ညအပူချိန်ကွာခြားချက်နဲ့ စိုထိုင်းဆမြင့်မားတာဟာ ဒီဖျက်ပိုးပေါများမှုကို အခြေအနေပေးပါတယ်။
စပါးပိုးလောင်မီး/ကျောက်ဆူးပိုးဟာ မိုးရေသောက်နဲ့ ရေသွင်းလယ်တွေမှာ အတွေ့ရများပြီး မိုးရာသီမှာ ပိုပြီးပေါများစွာ တွေ့ရပါတယ်။
အမျိုးအစားခွဲခြားခြင်း
အောက်ပါဖျက်ဆီးမှုများကို စစ်ဆေးပါ။
• အောက်ဖက်အပေါ်ယံအရွက်အခွံကို ရွက်လယ်ရိုးနှင့်အပြိုင် အဖြူရောင်စင်းကြောင်းများအဖြစ် ကျန်ရစ်ပြီး စပါးရွက်ရွက်ပြားရဲ့အပေါ်ဖက်မျက်နှာပြင်ကို ခြစ်စားခြင်း
• စပါးရွက်တစ်ရှူးကတစ်ဆင့် လောက်ကောင်တွေရဲ့ လှိုဏ်ခေါင်းပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရွက်ကြောနဲ့အပြိုင် ပုံသဏ္ဌာန်မမှန်တဲ့ အလင်းဖောက်နိုင်တဲ့ အကွက်များရှိခြင်း
• ဖျက်ဆီးခံထားရတဲ့ စပါးရွက်များ ညှိုးနွမ်းသွားခြင်း
• အဖြူရောင်သန်းပြီး အမျှင်များတဲ့ စပါးရွက်များဖြစ်လာခြင်း
ဆိုးဝါးစွာဖျက်ဆီးခံရပါက စပါးခင်းဟာ မီးလောင်သလိုဖြစ်သွားပါတယ်။
စပါးပိုးလောင်မီး/ကျောက်ဆူးပိုး စားသောက်ဖျက်ဆီးပုံဟာ လှေးကျိုင်းဖျက်ဆီးပုံနဲ့ သဏ္ဍာန်တူပါတယ်။ ဖျက်ဆီးပုံလက္ခဏာကို အတည်ပြုဖို့ အင်းဆက်ရှိမရှိနဲ့ စားသောက်ပုံဝိသေသလက္ခဏာတွေဖြစ်တဲ့ ရှည်မျောမျော ရှင်းလင်းတဲ့ စားသောက်ပုံလက္ခဏာနဲ့ ရွက်ကြောတွေနဲ့အပြိုင် အောက်ဖက်ရွက်ခွံအကြားက မစားရသေးတဲ့ အဖြူရောင်စင်းကြောင်းတွေကို စစ်ဆေးပါ။
စီးပွားရေးအရအရေးကြီးပုံ
ဒီဖျက်ပိုးဟာ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြဿနာဖြစ်နေပါတယ်။ မှတ်တမ်းတွေအရ ၄င်းဟာ ဧရိယာအများကြီးကို ဖျက်ဆီးနိုင်ပြီး အထွက်နှုန်း ၂၀% အထိ ဆုံးရှုံးနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
မြေသြဇာအလွန်အကျွံမသုံးပါနဲ့။ အပင်စိပ်စိပ်စိုက်ပါ။ စပါးရွက်ထိပ်ဖျားများကို ဖြတ်ပါ။ ရွက်ထိပ်ညွန့်များကို ရွှံ့နွံထဲ မြှုပ်ပါ။
နဂျီကောင်ငယ်များဟာ ဒီဖျက်ပိုးရဲ့ဥတွေနဲ့ လောက်ကောင်တွေကို စားပါတယ်။ ရယ်ဒူဗစ်ဒ် ကြမ်းပိုးဟာ အရွယ်ရောက်ကောင်တွေကို စားပါတယ်။ အရွယ်ရောက်ကောင်တွေကို တိုက်ခိုက်တဲ့ မှိုရောဂါ (၃) မျိုးလည်းရှိပါတယ်။
အောက်ပါ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
- အဆီဖိတ် (Acephate)
- ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020