စပါးပင်စည်ပုပ်ရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ရောဂါလက္ခဏာများ
စပါးပင်စည်ပုပ်ရောဂါဟာ ဒဏ်ရာများကိုဖြစ်စေပြီး ဗိုက်သားဖြူဆန်သားနဲ့ အဆံမပြည့်တဲ့ စပါးနှံတွေကို ဖြစ်စေပါတယ်။
တွေ့ရှိရသည့်နေရာ
ရောဂါကျမှိုမျှင်စုတွေကို မြေကြီးရဲ့ အပေါ်ယံလွှာမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ လေနဲ့ခြောက်နေတဲ့မြေကြီး၊ မြုပ်နေတဲ့ စပါးစိုက်စိုစွတ်မြေနဲ့ ရေဘုံဘိုင်ရေမှာ အသက်ရှင်နေကြပါတယ်။ ၄င်းတို့ဟာ မြေကြီးထဲမြုပ်နေတဲ့ ကောက်ရိုးထဲမှာတောင် အသက်ရှင်နေနိုင်ပါတယ်။ မှိုမျှင်စုဟာ သွင်းရေပေါ်နဲ့ ရောဂါကျ အသစ်စိုက်ထားတဲ့ စပါးပင်တွေပေါ်မှာ ပေါလောပေါ်နေပါတယ်။
အပင်ယိုင်လဲခြင်း ဒါမှမဟုတ် အင်းဆက်ဖျက်ပိုး တိုက်ခိုက်ခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေကတစ်ဆင့် စပါးပင်တွေကို ရောဂါကျတာ ပိုမိုမြင့်မားပါတယ်။ စပါးနှံ အစိုဓါတ်ပါဝင်မှုနဲ့ နိုက်ထရိုဂျင်မြေသြဇာဟာလည်း ဒီရောဂါ ဖွံ့ဖြိုးမှုကို လွှမ်းမိုးပါတယ်။
ရောဂါခွဲခြားနည်း
စပါးပင်ပေါ်မှာ အောက်ပါလက္ခဏာများရှိမရှိ စစ်ဆေးပါ။
• ရောဂါကျစပါးပင်စည်ထဲမှာ မျက်စိနဲ့မြင်နိုင်တဲ့ မြောက်များစွာသော သေးငယ်တဲ့ အဖြူရောင်နဲ့ အနက်ရောင် မှိုမျှင်စုများ
• ရောဂါကျ စပါးပင်စည်တွေ ယိုင်လဲပြီး အဆံမပြည့်တဲ့ စပါးနှံတွေနဲ့ ဗိုက်သားဖြူစပါးစေ့တွေဖြစ်ပေါ်ခြင်း
ကနဦးရောဂါလက္ခဏာတွေဟာ သေးငယ်ပြီး ရေအမြင့်အနီးမှာရှိတဲ့ အပြင်ဖက်အကျဆုံး စပါးရွက်ဖုံးပေါ်မှာ ပုံသဏ္ဌာန်မမှန်တဲ့ အနက်ရောင် ဒဏ်ရာတွေဖြစ်ကြပါတယ်။ ရောဂါတိုးလာတာနဲ့ ဒဏ်ရာဟာ ကျယ်ပြန့်လာပါတယ်။ ဆိုးဝါးစွာကျရောက်ခဲ့ရင် စပါးပင်ပွားတွေကို သေစေပါတယ်။
စီးပွားရေးအရ အရေးပါပုံ
အစောပိုင်း စပါးနှံထွက်ချိန်နဲ့ စပါးစေ့တည်ချိန်အတောအတွင်း စပါးပင်ပေါ်မှာ ရောဂါကျတာကို တွေ့ရပါတယ်။ စပါးရွက်ဖုံးတွေ ပုပ်သွားပြီး ယိုင်လဲကာ စပါးစေ့တည်တာကို နိမ့်စေပါတယ်။ ၄င်းဟာ နိုင်ငံများစွာမှာ ကြီးမားတဲ့ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။
ဥပမာအနေနဲ့ ဂျပန်နိုင်ငံမှာ ဟက်တာပေါင်း ၅၁၀၀၀ ကနေ ၁၂၂၀၀၀ အထိ ရောဂါကျပြီး နှစ်စဉ် တန်ချိန် ၁၆၀၀၀ ကနေ ၃၅၀၀၀ အထိ ဆုံရှုံးပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံ တွေမှာ အထွက် ၃၀% ကနေ ၈၀% အထိ ဆုံရှုံးတယ်လို့ မှတ်တမ်းရှိပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
• ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို စိုက်ပါ။ ရရှိနိုင်တဲ့ ခေတ်မီစပါးမျိုးတွေအတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာ စိုက်ပျိုးရေးဌာနနဲ့ ဆက်သွယ်ပါ။
• စပါရိတ်ပြီးတဲ့အခါ ကျန်ရှိနေတဲ့ကောက်ရိုးနဲ့ ဘယ်သီးနှံအကြွင်းအကျန်မဆို မီးရှို့ပါ။ ဒါမှမဟုတ် ကောက်ရိုးတွေကို ဆွေးမြေ့အောင်လုပ်ပါ။
• မှိုမျှင်စု လျော့နည်းဖို့ စပါးခင်းကရေကို ထုတ်ပေးပါ။
• မြေသြဇာအသုံးပြုမှုကို ချိန်ညှိပါ။ ဒါမှမဟုတ် မြေသြဇာကို ခွဲကျွေးပြီး ပိုတက်ရှ်မြေသြဇာများများသုံးကာ မြေကြီးချဉ်ငန်ဓါတ်မြင့်ဖို့ ထုံးထည့်ပါ။
• အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
• ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)
• ကလိုရိုသာလိုနေးလ် (Chlorothalonil)
• သိုင်အိုဖာနိတ်မီသိုင်းလ် (Thiophanate methyl)
• ဘီနိုမိုင်း (Benomyl)
• ဗလီဒါမိုင်ဆင် (Validamycin)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးပင်စည်ပုပ်ရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Nway Soe
လွန်ခဲ့သော ၄ နှစ် ကပါဝင်ဆွေးနွေးမည်
ကိုသန်း စိုး
လွန်ခဲ့သော ၅ နှစ် က.ငင😁😁ာ😁😁
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020