မြေဆောင်ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ?
ကောင်းသောနေ့လေး ဖြစ်ကြပါစေ.......
အပင်စိုက်ပျိုးတဲ့ လုပ်ငန်းကို လုပ်ဆောင်နေကြတဲ့ သူရဲကောင်းကြီးတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်ဖို့ တွေးကြည့်တဲ့အခါ အပင်ရောဂါတွေ ကိုသတိရမိပါတယ်။ ရောဂါကျရောက်မှုဟာလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ၊
ဒီတစ်ခေါက်မှာတော့ မြေဆောင်ရောဂါတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတဲ့ အချက်တွေကို လေ့လာကြည့်ကြတာပေါ့။
မြေဆောင်ရောဂါတွေ
မြေကြီးထဲကနေ အပင်တွေကို တိုက်ခိုက်တဲ့ ရောဂါတွေရှိပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေက မြေကြီးထဲမှာနေထိုင်ပြီးတော့ အပင်တွေကို တိုက်ခိုက်ကြတာပါ။ နာမည်ကြီးတဲ့ ရောဂါတွေမှာဆိုရင်တော့ ဖျူစေရီယမ်ပင်ညိုးရောဂါမျိုး၊ မြစ်ဖုနီမတုတ်လိုမျိုး နာမည်ကြီးတွေပါပါတယ်။ အဲ့လို ရောဂါတွေဖြစ်ပွားစေတဲ့ သက်ရှိတွေဟာ မြေကြီးထဲမှာ ဒီအတိုင်းသော်လည်းကောင်း၊ အပင်အကြွင်းအကျန်တွေမှာ ကပ်ငြိပြီးတော့သော်လည်းကောင်း နေထိုင်နိုင်ပါတယ်။ အပင်လေးတွေစိုက်လိုက်တဲ့အချိန်မှာ အခြေအနေ အချိန်အခါပေးတာနဲ့ သူတို့က တိုက်ခိုက်ကြတော့တာပါပဲ၊
ဘယ်လို ကာကွယ်နိုင်သလဲ
မြေဆောင်ရောဂါလို့ သံသယရှိတယ်။ ကိုယ်အခင်းမှာလည်း ကျတတ်တယ်ဆိုတာမျိုး ရှိနေရင်တော့ အောက်ကအချက်လေးတွေကို လိုက်ပြီးလုပ်ကြည့်လိုက်တဲ့အခါ ရောဂါပိုးကျရောက်မှု နည်းပါးလာမှာကို တွေ့ရမှာဖြစ်ပါတယ်။
မျိုးစေ့ရွေးချယ်မှု၊ သိုလှောင်မှု
မျိုးကိစ္စကတော့ အပြင်က ဝယ်တယ်ဆိုရင်တော့ မျိုးစေ့လူးနယ်ဆေးတွေ ပါဝင်ပြီးသားပါပဲ။ တစ်ချို့မျိုးတွေမှာ မပါတာမျိုး၊ ကိုယ်တိုင်စိုက်ပျိုး ကိုယ်တိုင်မျိုးခံထားတယ်ဆိုရင်တော့ စကားနည်းနည်းပြောရပါလိမ့်မယ်။ မှန်ကန်တဲ့နည်းစနစ်နဲ့ သိုလှောင်ထားတာမျိုးဆိုရင် သန်မာပြီးတော့ မြေဆောင်ရောဂါတွေကို ထိုက်သင့်သလောက် ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
မျိုးရွေးချယ်မှုနဲ့ ကိုင်းကူးကိုင်းဆက်နည်းစနစ်
တစ်ချို့ မျိုးစေ့တွေမှာ ရောဂါဒဏ်ခံနိုင်တဲ့ စွမ်းရည်တွေကို ဖော်ထုတ်ထားတာမျိုး ရှိပါတယ်။ ခံနိုင်ရည်ရှိတဲ့မျိုးတွေကို သုံးစွဲဖို့ အကြံပေးထားပါတယ်။ ဥပမာ - တစ်ချို့ စပ်မျိုး ခရမ်းချဉ်တွေဟာဆိုရင် ဖျူစေရီယမ်ပင်ညိုးရောဂါကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ရောင်းချပေးတဲ့ မျိုးတွေရှိပါတယ်။ အဲ့လိုမျိုးတွေကို သုံးပေးနိုင်တာက အကောင်းဆုံးဖြစ်ပါတယ်။ မျိုးစေ့ကနေ စိုက်တာမဟုတ်ဘူး ကိုင်းကူးအပင်တွေကနေ စိုက်ပျိုးတယ်ဆိုရင်လည်း ပိုးသတ်ထားတဲ့ပစ္စည်းတွေကို သုံးပြီးတော့ ကိုင်းကူးကိုင်းဆက်တာက အပင်တွေကို သန်မာစေပြီးတော့ ရောဂါဒဏ်ကို ထိုက်သင့်သလောက် ခံနိုင်ရည်ရှိလာစေပါတယ်။ အောက်ခံပင်တွေကို ရွေးချယ်ပေးတာမျိုးကလည်း မြေဆောင်ရောဂါတွေ ကိုကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
အော်ဂဲနစ်ပစ္စည်းတွေကို သုံးစွဲပေးပါ
အော်ဂဲနစ်ပစ္စည်းတွေကို သုံးပေးတာက မြေတွင်းထဲက အကျိုးပြုဘက်တီးရီးယားနဲ့ အဏုဇီဝသက်ရှိတွေကို တိုးပွားလာစေပါတယ်။ ကောင်းကောင်းဆွေးနေတဲ့ မြေဆွေးမျိုးကို ထည့်ပေးတာက မြေဆီကိုတက်စေပါတယ်။ သတိထားစရာအချက်ကတော့ ကောင်းကောင်းမဆွေးသေးတဲ့ မြေဆွေးမျိုးကို ထည့်မိရင်တော့ မြေဆောင်ရောဂါတွေပါ ပါလာနိုင်ပါတယ်။
ထိန်းသိမ်းစောင့်ရှောက်မှုတွေ
ပျိုးပင်ဘဝ ဒါမှမဟုတ် တိုက်ရိုက်စိုက်တာမျိုးတွေက ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့သူတွေတိုင်း ရွေးချယ်ရတဲ့ စိုက်ပျိုးနည်းစနစ်ပါပဲ၊ အဲ့လိုဆိုတော့ ပျိုးပင်ဘဝမှာကတည်းက ရေအများကြီးလောင်းမိတာမျိုး၊ အပူချိန်များတာမျိုးကို ပျိုးပင်ဘဝနဲ့ ပြောင်းစိုက်ချိန်မှာ တတ်နိုင်သလောက် ရှောင်နိုင်အောင် စီမံထားရမှာဖြစ်ပါတယ်။
တိုက်ရိုက်စိုက်ပျိုးတယ်ဆိုရင်တော့ ရေထုတ်စွမ်းအားကောင်းတဲ့မြေမျိုးကို ရွေးချယ်ရပါမယ်။ ပြင်ဆင်ထားရပါမယ်။
စိုက်ပျိုးတဲ့အခါမျိုးမှာလည်း အပင်တွေ အရမ်းကြပ်နေတာမျိုး၊ အရမ်းကွာနေတာမျိုး မဖြစ်ရပါဘူး။ လေဝင်လေထွက်နဲ့ ရေစုပ်ယူနိုင်မှုတွေအတွက် သင့်တင့်မျှတတဲ့ အကွာအဝေးအတိုင်း ပင်ကြားနဲ့ တန်းကြားတွေကို ချိန်ဆသင့်ပါတယ်။
စိုက်ပျိုးပြီး ကောက်ရိုးနဲ့ပဲဖြစ်ဖြစ် မြေဖုံးပေးတာက မြေဆောင်ရောဂါတွေကို အထိုက်အသင့် ကာကွယ်ပေးပါတယ်။ မြေဆောင်ရောဂါတွေက မိုးရွာလို့ မြေကြီးကိုရိုက်ပြီး အရွက်တွေကိုပြန်စင်တဲ့ ရေစက်တွေကနေလည်း တစ်ဆင့် ကူးစက်ဝင်ရောက်နိုင်တာကြောင့်မို့ပါ။ စိုက်ချိန်မှာ ဂရုစိုက်ရမဲ့အချက်တွေကတော့ ရေသွင်းတဲ့အချိန်၊ ကြိမ်ရေ စတာတွေပဲဖြစ်ပါတယ်။
သန့်စင်ခြင်း
ဟုတ်ပါတယ်။ မြေကြီးကို သန့်စင်တာပါ။ ရောဂါကျထားတဲ့အပင်အကျန်တွေ မရှိအောင် ဖယ်ရှားပေးတာမျိုးပါ။ ရိတ်သိမ်းချိန်မှာ ကျန်ခဲ့တဲ့ အသီးအရွက်အကြွင်းအကျန်တွေမှာ မြေဆောင်ရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါသေးတယ်။ ပေါင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။
နေပြခြင်း နေလှန်းခြင်း
ပလတ်စတစ်အုပ်ပြီး စိုက်ပျိုးကြတဲ့စနစ်ပါ။ အပင်တွေမစိုက်ခင်မှာ မြေကို ဖုံးအုပ်ပြီးတော့ အပူတွေစုထားပေးတာကြောင့်မို့ အပင်တွေကိုတိုက်ခိုက်နိုင်တဲ့ သက်ရှိတွေအပေါ် သက်ရောက်မှုတွေရှိပါတယ်။ ဖန်လုံအိမ်နဲ့စိုက်တဲ့ စိုက်ခင်းတွေလိုမျိုး ဖြစ်ပါတယ်။ နွေရာသီစိုက်ခင်းလိုမျိုး ရာသီဥတုပူပြင်းတဲ့ အချိန်အခါမျိုးမှာလုပ်ပေးရင် မြေထဲက မှိုမျှင်တွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဖျူစေရီယမ်လိုမျိုးတွေပေါ့။ ဒါပေမဲ့ ဒီနည်းလမ်းက နေပူတဲ့အချိန်မျိုးမှာပဲရပြီးတော့ တစ်ရာသီလောက်နဲ့တော့ သိပ်ပြီးထိရောက်မှာမဟုတ်တဲ့ အားနည်းချက်တော့ ရှိပါတယ်။
လေမဲ့ ပိုးသတ်ခြင်း
တစ်နိုင်တစ်ပိုင်ကနေ စလို့ရပါတယ်။ ဖွဲပြာ၊ ကောက်ရိုး စတာတွေနဲ့ မြေဖုံးပြီးတော့ အပေါ်ကနေ ပလတ်စတစ်စနဲ့ လေလုံအောင်အုပ်ထားတာမျိုးပါ။ နေရောင်ခြည်ရတာမျိုးနဲ့ဆိုရင် အပူတွေတက်လာပြီးတော့ မြေကိုပိုးသတ်ပေးပါတယ်။ ဒီစနစ်ရဲ့ အားသာချက်တစ်ချက်က နေအရမ်းပြင်းစရာမလိုတာပါပဲ။
သီးလှည့်စိုက်ခြင်းနှင့် ကြားသီးနှံများစိုက်ပျိုးခြင်း
သီးနှံတစ်မျိုးတည်းကိုမဟုတ်ပဲနဲ့ တစ်ရာသီနဲ့ တစ်ရာသီမှာ သီးနှံတွေပြောင်းစိုက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အဲ့လိုလုပ်ပေးတာမျိုးကြောင့် တဖြည်းဖြည်းနဲ့ မြေဆောင်ရောဂါတွေ နည်းပါးလာမှာဖြစ်ပါတယ်။
ကိရိယာတွေသန့်ရှင်းရေး
မြေဆောင်ရောဂါတွေဆိုတာက ပေါက်တူး ပေါက်ပြားတွေ လယ်ယာသုံးကိရိယာတွေကနေ ကူးစက်နိုင်တာကြောင့်မို့ ဖြစ်နေကျအခင်းကို နောက်ဆုံးမှထွန်တာပဲဖြစ်ဖြစ်၊ သီးခြားထွန်တာမျိုးဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
နောက်ပြီးတော့ ကိုင်းကူးကိုင်းဆက်လုပ်တဲ့ ပစ္စည်းကိရိယာတွေ မျိုးစေ့ချတဲ့ ကိရိယာတွေ ကိုလည်း ဆိုဒီယမ်ကလိုရိုက် (၁.၂) ရာခိုင်နှုန်းပျော်ရည်နဲ့ ဆေးကြောပေးနိုင်ပါတယ်။
ကဲ အဲ့လောက်ဆိုရင်တော့ မြေဆောင်ရောဂါတွေကို ဘယ်လိုမျိုးလျှော့ချနိုင်မလဲ ဆိုတာကို လိုက်လုပ်ရင်း ရောဂါကင်း အထွက်တိုးနိုင်ကြပါစေ။
ထွန်းဝင်းကျော်
https://eorganic.org/node/7581
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေဆောင်ရောဂါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026