အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြောင်းဖူးတွင်ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

ပြောင်းဖူးတွင်ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

၁။ ဖားဥမှိုရောဂါ (Powdery Mildew)

ရောဂါလက္ခဏာများ 

  • အရွက်များပေါ်တွင် ဖျော့တော့သော အစင်းကြောင်းများဖြစ်ပေါ်ပြီး အရွက်၏ မျက်နှာပြင်နှစ်ဖက်စလုံးတွင် အဖြူရောင်မှိုကြီးထွားမှုကို မြင်နိုင်သည်။ 
  • ရောဂါကျအပင်များ ပုသွားကြပြီး ဆစ်ကြားများတိုသွားသောကြောင့် ချုံပုတ်ပုံစံ ပေါက်နေသည်။ 
  • တစ်ခါတစ်ရံ အနှံတွင် အရွက်ထူသောကြီးထွားမှုဖြစ်ပေါ်လာပြီး အနှံ၏ရိုးတံပေါ်တွင် ဘေးထွက်ဖူးများကို သတိပြုမိနိုင်သည်။ 
  • ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
  • နိမ့်သောအပူချိန် (၂၁-၃၃˚C)၊ မြင့်သော စိုထိုင်းဆ  (၉၀%) နှင့် မိုးတဖွဲဖွဲရွာပါက ရောဂါဖြစ်ရန် အခြေအနေပေးသည်။
  • အပင်ငယ်များသည် ဤရောဂါကို အကြီးအကျယ် ခံနိုင်ရည်နည်းသည်။ 

ကာကွယ်နှိမ်နင်းခြင်း

  • ရောဂါကျအပင်များကို နှုတ်ပါ။ 
  • ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
  • စိုက်ပြီး ရက် ၃၀ အကြာတွင် ကောင်းမွန်စွာဆွေးမြေ့သော မြေဆွေး သို့မဟုတ် သဲ၂၀ ကီလိုဂရမ်နှင့် ထရိုဂိုဒါးမားမှို ၁ ကီလိုဂရမ် (မသုံးခင် ၁၀ ရက်အလိုတွင် ရောနှောထားပါ) ကို ရောစပ်ပြီး မြေကြီးတွင်ထည့်ပါ။  
  • အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
  • မက်တာလာဇီ (Metalaxyl)
  • မန်ကိုဇက်ဘ် (Mancozeb) 

၂။ ပြောင်းရွက်ခြောက်ရောဂါ (Leaf Blight: Helimthosporium maydis, H. turcicum)

ရောဂါလက္ခဏာများ 

  • ဤမှိုသည် အပင်ငယ်ရွယ်စဉ်တိုက်ခိုက်သည်။ 
  • အစောပိုင်းရောဂါလက္ခဏာများမှာ အရွက်များပေါ်ရှိ ဘဲဥပုံရေစိုနာကွက်ဖြစ်သည်။ 
  • ရင့်လာသော ရောဂါလက္ခဏာများမှာ ၃ - ၁၅ စက်တီမီတာရှည်လျားသည့် ဆေးပြင်းလိပ်ပုံစံ ဒဏ်ရာများဖြစ်သည်။ 
  • ဒဏ်ရာများသည် ဘဲဥပုံဖြစ်ကြကာ သံလွင်ရောင်ရှိပြီး ရောဂါရင့်လာသည်နှင့် မှိုမျှင်ထုတ်ခြင်းနှင့်အတူ ထင်ရှားသည့် အနက်ရောင်ဧရိယာများ ဖြစ်လာကြသည်။ 
  • ဒဏ်ရာများသည် အစတွင် အောက်ပိုင်းအရွက်များတွင် ပေါ်လာကြပြီး အပင်ကြီးရင့်လာသည်နှင့် အပေါ်ရွက်များနှင့် ရွက်ဖုံးများသို့ ပျံ့နှံ့လာကြသည်။ 
  • ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
  • အရွက်များပေါ်တွင် ရေရှိကာ အပူချိန် ၈ -၂၇ ˚C ရှိလျှင် ရောဂါဖြစ်နိုင်သည်။
  • မိုးရာသီအစောပိုင်းဖြစ်တတ်သည်။

ကာကွယ်နှိမ်နင်းခြင်း

  • ရောဂါကျအပင်များကို ဖယ်ရှားပါ။ 
  • ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
  • စိုက်ပြီး ရက် ၃၀ အကြာတွင် ကောင်းမွန်စွာဆွေးမြေ့သော မြေဆွေး သို့မဟုတ် သဲ၂၀ ကီလိုဂရမ်နှင့် ထရိုဂိုဒါးမားမှို ၁ ကီလိုဂရမ် (မသုံးခင် ၁၀ ရက်အလိုတွင် ရောနှောထားပါ) ကို ရောစပ်ပြီး မြေကြီးတွင်ထည့်ပါ။  
  • ရောဂါစကျပြီးသည်နှင့် အောက်ပါမှိုသတ်ဆေးများကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။
  • ကလိုရိုသာလိုနေးလ် (Chlorothzlonil)
  • ဒိုင်ဖီနိုကိုနာလ်ဇိုးလ် (Difenoconazole)
  • ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)
  • မန်ကိုဇက်ဘ် (Mancozeb)

၃။ ပြောင်းရိုးမည်းရောဂါ (Charcoal rot: Macrophomina phaseolina)

ရောဂါလက္ခဏာများ 

  • ဤမှိုသည် အများအားဖြင့် ပန်းပွင့်ပြီးနောက် တိုက်ခိုက်တတ်ပြီး ရောဂါကို ပန်းပွင့်ပြီးနောက် ရိုးတံပုပ်ရောဂါဟုခေါ်သည်။ 
  • ရောဂါကျအပင်၏ရိုးတံကို မီးခိုးရောင်သန်းသည့် စင်းကြောင်းများဖြင့် ဝိသေသပြုသည်။ 
  • အူတိုင်သည် မွစာကြဲသွားပြီး မီးခိုးရောင်သန်းသည့် အနက်ရောင် သေးငယ်သည့်မှိုများ အစာကြောစည်းထဲတွင် ဖွံ့ဖြိုးလာကြသည်။  
  • ရိုးတံ၏အတွင်းပိုင်း မွစာကြဲသွားခြင်းသည် မြစ်ဆုံအပိုင်းကို ကွဲစေသည်။  
  • ရောဂါကျအပင်၏မြစ်ဆုံသည် အနက်ရောင်ဖြစ်လာသည်။ 
  • အမြစ်အခေါက်မွစာကြဲခြင်းနှင့် အမြစ်စနစ် ယိုယွင်းပျက်စီးခြင်းသည် တွေ့နေကျသွင်ပြင် ဖြစ်သည်။  
  • ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
  • အပူချိန်မြင့်ပြီး မြေကြီးအပူချိန် နိမ့်ခြင်း (ခြောက်သွေ့ခြင်း) သည် ရောဂါဖြစ်ရန် အားပေးသည်။ 

ကာကွယ်နှိမ်နင်းခြင်း

  • သီးလှည့်စိုက်ပါ။  
  • ပန်းပွင့်ချိန်တွင် ရေငတ်ခြင်းကို ရှောင်ရှားခြင်းသည် ရောဂါကျရောက်မှုကို လျော့နည်းစေသည်။ 
  • အာဟာရပြတ်တောက်ခြင်းကို ရှောင်ရှားပါ။ 
  • ရောဂါကျနေကျ နေရာများတွင် တစ်ဧကလျှင် ပိုတက်ရှ် ၃၂ ကီလိုဂရမ်နှုန်း အသုံးပြုပါ။  
  • အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
  • တက်ဗျူကိုနာလ်ဇိုးလ် (Tebuconazole)
  • ဒိုင်ဖီနိုကိုနာလ်ဇိုးလ် (Difenoconazole)
  • မန်ကိုဇက်ဘ် (Mancozeb)
  • သိုင်ရမ် (Thiram)

၄။ သံချေးမှိုရောဂါ

ရောဂါလက္ခဏာများ 

  • အရွက်၏ မျက်နှာပြင်နှစ်ဖက်စလုံးတွင် အညိုရောင်ရောဂါဖုများကို တွေ့ရသည်။  
  • ရောဂါဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေ
  • အပူချိန်အေးမြခြင်းနှင့် စိုထိုင်းဆမြင့်ခြင်းသည် ရောဂါဖြစ်ရန် အားပေးသည်။
  • အပူချိန် ၁၀-၁၂ ˚C 

ကာကွယ်နှိမ်နင်းခြင်း

  • ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပါ။
  • ကြွေကျနေသော ရောဂါရအရွက်များကို မီးရှို့ဖျက်ဆီးပါ။
  • တစ်ဆင့်ခံလက်ခံပင်များကို ဖျက်ဆီးပါ။ 
  • စိုက်ပြီး ရက် ၃၀ အကြာတွင် ကောင်းမွန်စွာ ရောနှောဆွေးမြေ့သောမြေဆွေး သို့မဟုတ် သဲ၂၀ ကီလိုဂရမ်နှင့် ထရိုဂိုဒါးမားမှို ၁ ကီလိုဂရမ် (မသုံးခင် ၁၀ ရက်အလိုတွင် ရောနှောထားပါ) ကို ရောစပ်ပြီး မြေကြီးတွင်ထည့်ပါ။  
  • အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
  • ကော့ပါးဟိုက်ဒြောက်ဆိုဒ် (Copper hydroxide)
  • ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxuchloride)
  • တက်ဗျူကိုနာလ်ဇိုးလ် (Tebuconazole)
  • ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)
  • မိုက်ကလိုဗျူတာနေးလ် (Myclobutanil)
  • ဟက်ဇာကိုနာဇိုးလ် (Hexaconazole)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ပြောင်းဖူးတွင်ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများဆောင်းပါးကို KMSS အဖွဲ့မှ ပံ့ပိုးကူညီထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

6
Nang Thuzar Moe

Nang Thuzar Moe

လွန်ခဲ့သော ၁ နှစ် က

ပြောင်းမာကျရောက်တတ်သောရောဂါနှင့်ဖျက်ပိုးများ

Ko Moe

Ko Moe

လွန်ခဲ့သော ၂ နှစ် က

ပြောင်းပင်က၁လသားပန်ပွင့်နေပါပီအပင်တွေပုတ်ပီခြောက်လိုက်နေလို့ဘာဖြစ်တာလဲဗျအလင်ပြပါအုံးဆရာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

အခုပြောင်းမှာဖြစ်နေတဲ့ရောဂါအကြောင်းလေးသိချင်ပါတယ်

စိုး

စိုး

လွန်ခဲ့သော ၄ နှစ် က

ပြောင်းပင်၂ လသားမှာ အောက်ခြေအရွက်တွေ အပင်တစ်ဝက်လောက်ထိ ခြောက်နေတယ် ဗျာ ဘယ်လိလုပ်ရမလည်း အကြံပေးကြပါဦးဗျို့

Shine Htet Naing

Shine Htet Naing

လွန်ခဲ့သော ၄ နှစ် က

ရောဂါအကြောင်းသိချင်လို့ဗျ

You

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ

U San • ဖြေကြားချက် 4 ခု

ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်

Kyaw Aye • ဖြေကြားချက် 3 ခု

ပိုးသတ်ဆေးတစ်ဖြုတ်ဖြုတ်ဖြန်းထားတာ1ပတ်လောက်ရှိပြီ/ပိုးကောင်လေးတွေပြန်တွေ့လာလို့စိုးရိမ်ရလား/15ပတ်လည်လည်းကျွေးထားတာ5ရက်လောက်ရှိပါပြီဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်

U Myint Naing • ဖြေကြားချက် 7 ခု

ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(ပုံတော့မရိုက်ဖြစ်ပါဘူး) ဖြစ်ပြီး ရေထဲထည့်ကြည့်တော့ ဘက်တီးရီးယားစိမ့်ထွက်ရည်ထွက်လို့ ပင်ခြေကို Copper Oxychloride -45%+Kasugamysin2%ကို ရေ၂၀လီတာကို ၅၀ဂရမ်နှုန်းနဲ့ ဖျော်ပြီး တိုင်၁၀၀၀ ကို ဆေးရည် ၁၀လီတာနှုန်းဖျန်းပါတယ်ပင်ခြေကိုဘဲ တစ်ပေလောက်ကနေဖျန်းပါတယ် အဲ့နေ့က ဆေးမဖျန်းခင်လိုဘဲ ဆက်သေပါတယ် မနေ့က မိုးရွာနေတော့ လက္ခဏာပြတာကိုမသိရပါဘူး ဒီနေ့ကနေပူတော့ ပြန်သေပါတယ် အရင်ဆေးမဖျန်းခင်က တိုင်၁၀၀၀ကို တစ်နေ့၅ပင်နှုန်းသေပါတယ် ကွမ်းရွက်ခူးပြီး ဆေးဖျန်းတော့ အဲ့နေ့3ရက်နေ့မှာလည်း ၅ပင်နှုန်းဆက်သေပါတယ် မနေ့က4ရက်နေ့မှာ မိုးရွာလို့ မစစ်ဆေးတတ်ပေမဲ့ ဒီနေ့ 5ရက်နေ့မှာ စစ်ဆေးတော့ အရင်လိုဘဲ ၅ပင်နှုန်းသေပါတယ်ဆရာ မေးခွန်း1. ဒီ5ပင်က မနေ့ကနေ့ဒီနေ့ 2ရက်စာ5ပင်‌ေသတာ သက်သာတယ်လို့ယူဆလို့ရမလား ဒါမှမဟုတ် ဒီနေ့ 5ပင်ဆိုတော့ မသက်သာဘူးလို့ ယူဆနိုင်မလား မေးခွန်း2.အထက်ဖော်ပြပါဆေးက ဘယ်နှစ်ရက်ကြာမှာအာနိသင်ပြတာလဲဆရာ ပုံ1,နဲ့2က ဆရာအပင်ခြေမှာ အရင်လိုမဲမနေတော့ဘဲ အမြစ်မဲပြီး အရိုးမှာ အဖုလေးတွေရှိပါတယ် ပုံ3က ပင်စည်ကိုဖျက်ကြည့်တော့ ရေကြောစည်းမှာ မဲနေပါတယ်ဆရာ ရေထဲထည့်ကြညိ့တော့ ဘက်တီးရီးယားစိမ့်ထွက်ရည် ထွက်နေပါသေးတယ် မေးခွန်း3.အထက်ပါဆေးက ဘယ်နှစ်ရက်ထိ အာနိသင်ရှိတာလဲဆရာ အာနိသင်ပြမှုထပ်မြင့်နိုင်သေးလား လျှော့ကျမယ့် အချိန်ရောက်ပြီလားဆရာ ဒီတစ်ခါဖျန်းရင်ရော ဆေးပြောင်းသင့်လား ။ မေးခွန်းလေး များသွားတာသီးခံပေးပါဆရာတို့ခင်ဗျာ။

Thurain Htun • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။