သရက် ပင်စည်ထိုးပိုး (MANAGO STEM BORER)
ပင်စည်ထိုးပိုးသည် သရက်ပင်များကို ဆိုးဝါးစွာ ဖျက်ဆီးသော ပိုးတစ်မျိုး ဖြစ်သည်။ သရက်ပင်များသည် နာလန်မထူနိုင်အောင်ပင် တိုက်ခိုက် ဖျက်ဆီးသည်။ မိုးများသောဒေသများတွင် ပိုမို ကျရောက်သည်။
ဤပိုးသည် ရှည်လျား မာကြောသော ခန္ဓာကိုယ်ရှိသည့် ကျိုင်းကောင် ဖြစ်သည်။ ဦးမျှင်ရှည်လျားသည့် ခြေချောင်း လက်ချောင်းများ ရှည်လျားသည်။ ညိုဝါရောင် ကိုယ်ထည်ပေါ်တွင် အစက်ပြောက်များ ပါရှိပါသည်။ ဘေးတဘက် တစ်ချက်တွင် အရောင်တူ အစင်းကြောင်း ၂ခု ပါရှိသည်။ ပင်စည်ထိုးပိုး အမသည် မိုးဦး ကာလ (မေလ)မှ မိုးနှောင်း ကာလ(သြဂုတ်လ)အတွင်း ပင်စည်ပေါ်တွင် ကျင်းငယ်များ တူး၍ ဥများကို အုချလေ့ရှိသည်။ ၇-၁၄ ရက်အတွင်း ဥမှ အကောင်ငယ်များ (Grub)ပေါက်လာသည်။ အကောင်ငယ် ဘဝတွင် ၆လကြာ နေထိုင် စားသောက်ပြီး ပင်စည် အတွင်း၌ပင် ရုပ်ဖုံး ဘဝသို့ ပြောင်းလဲကြသည်။
ပင်စည်ထိုးပိုးသည် အကောင်ငယ် ဘဝ (Grub)၊ အကောင်ကြီး ဘဝ (Adult) နှစ်ခုလုံး သရက်ပင်စည်ကို ထွင်းဖောက် စားသောက်ကြသည်။ ဥများပေါက်လာသော အကောင်ငယ်များသည် ကိုင်းများအတွင်း ထိုးဖောက် ဝင်ရောက်ကြပြီး ပင်စည် အကိုင်းများ အတွင်း၌ (z)ပုံ သို့မဟုတ် ဝက်အူရစ်ပုံ (Spiral) လမ်းကြောင်းများ ဖောက်၍ စားသောက်လေ့ရှိသည်။
ဤပိုးများ ကျရောက်ဖျက်စီးမှုကို အကိုင်း ပင်စည်များပေါ်တွင် ပိုး၏ အညစ်အကြေး မစင်များ၊ လွှစာကဲ့သို့ သရက်သားစများကို တွေ့ရသည်။ ပိုးထိုးကိုင်း၏ အဖျားရှိ အရွက်နု အစိတ်အပိုင်းများ စတင် ခြောက်သွေ့ပြီး မကြာမီ ကိုင်းတစ်ခုလုံးသေသည့် လက္ခဏာ တွေ့ရသည်။ ကိုင်းကြီးများတွင် ကျရောက်ပါက ကိုင်းများ ကျိုးကျကုန်သည်။
ကာကွယ်နှိမ်နင်းနည်း
၁။ အညွန့်ညှိုးနေသော ကိုင်းများ၊ ခြောက်၍သေနေသော ကိုင်းများကို သေချာစွာ စစ်ဆေး၍ ကိုင်းပေါ်ရှိ ပိုးဖောက်ရာ၏ အောက်ဘက် ၆ လက်မ နေရာမ ဖြတ်တောက်ပါ။ ဖြတ်တောက် ရရှိသော ကိုင်းများကို စုပုံ မီးရှို့ ဖျက်စီးပစ်ပါ။
၂။ ဤပိုးသည် ပင်စည် အတွင်း ထွင်းဖောက် စားသောက်သော အလ့အထကြောင့် ပိုးသတ်ဆေးဖြန်း၍ နှိမ်နင်းရန် ခဲယဉ်းသည်။
၃။ ပိုးပေါက်အတွင်းသို့ ရေနံဆီ လောင်းထည့်၍လည်းကောင်း၊ ဓာတ်ဆီ ဆွတ်ထားသော ဂွမ်းစကို အပေါက်ထဲထည့်၍ ရွှံ့ဖြင့်မံကာ အပေါက်ကို ပိတ်ပေးရမည်။
၄။ ကလိုရိုဖောင်း(chloroform)၊ ပိုတက်ဆီယမ် ဆိုင်ယင်နိုက်(potassium cyanite)၊ ကာဘွန်ဒိုင်ဆာလ်ဖိုဒ် (Carbondi sulphide) တစ်မျိုးမျိုးကို ဂွမ်းတွင်ဆွတ်၍ ပိုးဝင်ပေါက်ထဲသို့ ထိုးသွင်းကာ ရွှံ့စေးဖြင့် ပိတ်ပေးရမည်။
၅။ ပိုတက်ဆီယမ ်ဆိုင်ယင်နိုက်၊ ကာဘွန်ဒိုင် ဆာလ်ဖိုဒ်အခဲများ ဖြစ်ပါက ၁-၂ ခဲကို ပိုးပေါက်ထဲသို့ ထည့်၍ အပေါက်ကို လုံခြုံစွာ ပိတ်ပေးရမည်။
၆။ သွားတိုက်ဆေး ကဲ့သို့ ခပ်ပျစ်ပျစ် ပုံစံဖြင့် ပြုလုပ်ထားသော ဖော့စဖင်း ဓာတ်ငွေ့(Phosphine) ထုတ်ပေးနိုင်သည့် ဆေးကို ပိုးပေါက်အတွင်း ညှစ်ထည့်၍ အပေါက်ကို အထူး လုံခြုံစွာ ပိတ်ပေးပါ။
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်
ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန
ဟိန်းထက်ဇော်
လွန်ခဲ့သော ၃ နှစ် ကဆေးထည့်ပြီး ပိုးသေမသေ ဘယ်လိုစောင့်ကြည့်ရမလဲဗျ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....