ဖောငမြောင်တောင်အပေါ် မေးလေ့ရှိသောမေးခွန်းများ(၂)
မေး − ၈။ ဖောငမြောင်တောင်ကို ကာကွယ်နှိမ်နင်းဖို့ ဘယ်ပိုးသတ်ဆေးတွေကို အသုံးပြုနိုင်သလဲ။ ၄င်းတို့ကို ဘယ်အချိန်မှာ ဘယ်လိုသုံးရမလဲ။
ဖြေ − ၈။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းဟာ ကမ္ဘာအနှံ့က အဖွဲ့ဝင်နိုင်ငံများနဲ့အတူ ထိရောက်တဲ့ ပိုးသတ်ဆေးဖြစ်ပြီး လူနဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ ပိုးသတ်ဆေးအပါအဝင် တောင်သူတွေရဲ့ လုပ်ဆောင်သင့်သည့် ညွှန်ကြားချက်များကို ပြုလုပ်နေပါတယ်။ အဲဒီညွှန်ကြားချက်တွေကို နိုင်ငံချင်းအလိုက်လုပ်ပါတယ်။
မေး − ၉။ ဖောငမြောင်တောင်ကို အမြစ်ပြတ်နှိမ်နင်းနိုင်ပါသလား။
ဖြေ − ၉။ မဖြစ်နိုင်ပါ။ အရွယ်ရောက် ဖောငမြောင်တောင်ဖလံအမဟာ သန်စွမ်းတဲ့ပျံသန်းနိုင်တဲ့ ဖလံဖြစ်ကာ ပြောင်းဖူးတွေကို လျင်မြန်စွာ ဖျက်ဆီးနေပါတယ်။ ၄င်းဟာ လက်ခံပင်များစွာရှိပြီး လျင်မြန်စွာပျံ့နှံ့နိုင်တာမို့ အမြစ်ပြတ်နှိမ်နင်းဖို့မဖြစ်နိုင်ပါ။
မေး − ၁၀။ ဖောငမြောင်တောင်ဟာ အမေရိကတိုက်ရဲ့ဒေသမျိုးဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံမှာ အသုံးချနိုင်တဲ့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ အလေ့အထတွေမရှိဘူးလား။
ဖြေ − ၁၀။ သေချာပေါက်ရှိတာပေါ့။ မြန်မာနိုင်ငံကို မျှဝေနိုင်တဲ့ အမေရိကတိုက်ရဲ့ အတွေ့အကြုံနဲ့ သုတေသနေတွေ ကောင်းကောင်းရှိပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းဟာ ဒီအတွေ့အကြုံတွေကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း မျှဝေနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
မေး − ၁၁။ ဖောငမြောင်တောင်ကို ကာကွယ်နှိမ်နင်းဖို့ ဘယ်ပိုးသတ်ဆေးတွေကို အသုံးပြုသင့်သလဲ။
ဖြေ − ၁၁။ ဖောငမြောင်တောင်ကို ဒေသအလိုက်ကာကွယ်နှိမ်နင်းနိုင်ဖို့ ပိုးသတ်ဆေးတွေ လိုကောင်းလိုနိုင်ပါတယ်။ ခေတ်မီစက်ကိရိယာများမရှိတဲ့ လုပ်ကွက်ငယ်တောင်သူများအလွယ်တကူ ဝယ်ယူသုံးစွဲနိုင်တဲ့ အထိရောက်ဆုံး၊ အန္တရာယ်အနည်းဆုံး၊ တွက်ချေအကိုက်ဆုံး ပိုးသတ်ဆေးကို နိုင်ငံတစ်နိုင်ငံချင်းစီနဲ့ တိုက်ကြီးများအလိုက် ဆုံးဖြတ်ဖို့လိုပါတယ်။ သုတေသနမှာ အထိရောက်ဆုံး ပိုးသတ်ဆေးဖြစ်ရုံသာမက လုပ်ကွက်ငယ်တောင်သူတွေအတွက် သီးသန့်ညွှန်ကြားချက်တွေ၊ (အဆိပ်ရှိပစ္စည်း၊ ဖော်စပ်ပုံ၊ အမျိုးအစား၊ အသုံးပြုရမည့်အချိန်) နဲ့ ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်တို့ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
မေး − ၁၂။ ဖောငမြောင်တောင်ကို ကာကွယ်နှိမ်နင်းဖို့ ပိုးသတ်ဆေးကို ဘယ်အချိန်စဖျန်းရမလဲ။
ဖြေ − ၁၂။ ချင့်ချိန်ပြီး ပက်ဖျန်းရမှာပါ။ ပြောင်းဖူးပင် ကြီးထွားမှုအဆင့်တစ်ဆင့်မှာ ဖျက်ဆီးမှုနိမ့်ရင် အထွက်နှုန်းဆုံးရှုံးမှု အများကြီးမရှိပါဘူး။ ပြောင်းဖူးပင်ကြီးထွားမှုအဆင့်တစ်ခုချင်းစီအတွက်နဲ့ ပိုးသတ်ဆေးပုံစံတစ်ခုချင်းစီနဲ့ အသုံးပြုပုံနည်းလမ်းတွေအတွက် စီးပွားရေးအရထိခိုက်နိုင်မှုအဆင့်ကို သတ်မှတ်ပြီး ညွှန်ကြားရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ အံ့သြတုန်လှုပ်ဖွယ် ကွာခြားနိုင်ပါတယ်။ ၄င်းတို့ကို အသုံးပြုပုံကို စီးပွားရေးတွက်ချေကိုက်မှု ရှိမရှိ ချင့်ချိန်ဖို့အတွက် ပိုးသတ်ဆေးအတွက် ကုန်ကျစရိတ်ဟာ ပိုးသတ်ဆေးဖျန်းလိုက်တဲ့အတွက် တောင်သူက နောက်ထပ်ရရှိအထွက်နဲ့ ညီမျှ သို့မဟုတ် လျော့နည်းရပါမယ်။ ခူးဆွတ်လို့ရရှိမယ့် တောင်သူတွေရဲ့ ပြောင်းဖူးစျေးနှုန်းဟာလည်း မှန်မှန်ကန်ကန်တန်ဖိုးဖြတ်ရပါမယ်။
မေး − ၁၃။ ဖောငမြောင်တောင်အတွက် လေထဲကနေ ပိုးသတ်ဆေးဖျန်းတာကို ထောက်ခံပါသလား။
ဖြေ − ၁၃။ မထောက်ခံပါ။ ငမြောင်တောင်ရဲ့ ဖျက်ဆီးနိုင်တဲ့အဆင့်ဖြစ်တဲ့ လောက်ကောင်အဆင့်ဟာ ပြောင်းဖူးရဲ့ ကတော့ရွက်ထဲမှာ အမြဲလိုလိုရှိနေတာကြောင့် လေထဲက ဆေးဖျန်းတာဟာ ထိရောက်မှုနည်းပြီး ရည်ရွယ်မထားတဲ့ နေရာတွေကို ပိုးသတ်ဆေးပျံ့နှံ့စေပါတယ်။
မေး − ၁၄။ မြန်မာနိုင်ငံမှာ ဖောငမြောင်တောင်အတွက် ဇီဝကာကွယ်နှိမ်နင်းမှုကို အသုံးပြုဖို့ ဖြစ်နိုင်ပါသလား။
ဖြေ − ၁၄။ ဖောငမြောင်တောင်ကို ကာကွယ်နှိမ်နင်းနိုင်တဲ့ ဇီဝသက်ရှိတွေ အများကြီးရှိပါတယ်။ အချို့ကို မြန်မာနိုင်ငံမှာ သဘာဝအတိုင်းတွေ့ရနိုင်ပြီး အချို့ကိုတော့ တင်သွင်းဖို့လိုပါတယ်။ အပင်ထွက်ပစ္စည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
မေး − ၁၅။ ဖောငမြောင်တောင်ပြဿနာကို ဖြေရှင်းဖို့ ဗီဇပြုပြင်ထားတဲ့ပြောင်းဖူးမျိုးဟာ အဖြေဖြစ်နိုင်သလား။
ဖြေ − ၁၅။ ဗီဇပြုပြင်ထားတဲ့ ပြောင်းဖူးမျိုးတွေကို အချို့နိုင်ငံတွေမှာ အသုံးပြုနေကြပါပြီ။ ၄င်းတို့ဟာ မြေဧရိယာ အများကြီးပိုင်ဆိုင်တဲ့ အရင်းအနှီးရှိတဲ့တောင်သူတွေဖြစ်ကြပြီးတည်ငြိမ်တဲ့ ပြောင်းဖူးစျေးကွက်ကို ပိုင်ဆိုင်ထားမှသာ စိုက်ပျိုးနိုင်ပါတယ်။ မြန်မာနိုင်ငံက တောင်သူအများစုဟာ တစ်ဦးကို မြေယာပိုင်ဆိုင်မှုက (၂) ဧက အောက်ပဲရှိပါတယ်။ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပြောင်းဖူးမျိုးစေ့တန်ဖိုး ကြီးမြင့်မှု၊ လုံလောက်တဲ့ ထောက်ပံ့ရေးလမ်းကြောင်းများ ကင်းမဲ့မှုနဲ့ လုပ်ကွယ်ငယ်တောင်သူများအတွက် စီးပွားရေးမက်လုံးကင်းမဲ့မှုတို့ဟာ ပြောင်းဖူးစိုက်ချင်စိတ်အလားအလာကို လျော့ပါးစေပါတယ်။
မေး − ၁၆။ မြန်မာနိုင်ငံမှာ ဖောငမြောင်တောင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအတွက် နောက်ထပ်အဆင့်တွေက ဘာတွေလဲ။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းဟာ လုပ်ကွက်ငယ် ပြောင်းဖူးစိုက်ပျိုးသူတွေအတွက် ရေရှည်တည်မြဲတဲ့ ဖျက်ပိုးကာကွယ်နှိမ်နင်းရေး အစီအစဉ်ဒီဇိုင်းနဲ့ စမ်းသပ်ခြင်းတို့ကို လောလောဆယ် ပံ့ပိုးပေးနေပါတယ်။ ပထမဆုံးအဆင့်ကတော့ အမေရိကတိုက်က တောင်သူတွေနဲ့ သုတေသီတို့ရဲ့ အတွေ့အကြုံတွေကို ကြည့်ပါတယ်။ နောက်တော့ အကောင်းဆုံး အလေ့အထများကို ကြိုးစားလုပ်ကြည့်ပြီး တောင်သူသင်တန်းကျောင်းတွေကတစ်ဆင့် စိုက်ခင်းထဲမှာ လက်ခံကျင့်သုံးပါတယ်။ နောက်ဆုံးမှာ အကောင်းဆုံး ထောက်ခံချက်များကို ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပြီး တောင်သူတွေ၊ တောင်သူအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ နည်းပညာမျှဝေကြပါတယ်။
ဒေါက်တာကိုကို
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
နိုင်ထွန်းအောင်
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုဖြေရှင်းရလဲဗျ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....