ဖောငမြောင်တောင်အပေါ် မေးလေ့ရှိသော မေးခွန်းများ (၁)
မေး − ၁။ ဖောငမြောင်တောင်ဆိုတာဘာလဲ?
ဖြေ − ၁။ ဖောငမြောင်တောင် (Spodoptera frugiperda) ဆိုတာ ပြောင်းဖူး၊ စပါး၊ နှံစားပြောင်းတို့လို စီးပွားရေးအရအရေးပါပြီး စိုက်ပျိုးထားတဲ့ နှံစားသီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဝါတို့ကို ဖျက်ဆီးတဲ့ အပင်မျိုးစိတ် (၈၀) ကျော်မှာ ကျရောက်ဖျက်ဆီးတတ်တဲ့ အင်းဆက်တစ်မျိုးဖြစ်ပါတယ်။ ၄င်းဟာ အမေရိကတိုက်ရဲ့ အပူပိုင်းနဲ့ အပူသမပိုင်းဒေသတွေရဲ့ ဒေသဖျက်ပိုးဖြစ်ပါတယ်။ ဖျက်ဆီးမှုကို ဖြစ်စေတာက အင်းဆက်ရဲ့ လောက်ကောင်အဆင့်ဖြစ်ပါတယ်။ ဖောငမြောင်တောင်ဟာ တစ်နှစ်ကို မျိုးဆက်ပေါင်း မြောက်မြားစွာရှိပြီး ဖလံအမတစ်ကောင်ဟာ တစ်ညကို ကီလိုမီတာ (၁၀၀) ကျော် ပျံသန်းနိုင်ပါတယ်။
မေး − ၂။ ဖောငမြောင်တောင်နဲ့ အတွေ့ရများတဲ့ ငမြောင်တောင်ကြားက ကွာခြားချက်ကဘာလဲ?
ဖြေ −၂။ ၄င်းတို့ဟာ နီးကပ်စွာ ဆက်မှုရှိပေမဲ့ ခြားနားတဲ့ပြုမူချက်တွေနဲ့ ဂေဟဗေဒတွေရှိကြပါတယ်။ ဖောငမြောင်တောင်ဟာ အတွေ့ရများတဲ့ငမြောင်တောင်လောက်ကောင်ရဲ့ အမြုံလိုက်အုတဲ့ အပြုအမူနဲ့ စိုက်ခင်းထဲကို ဖြတ်သွားလေ့မရှိပါဘူး။ အတွေ့ရများတဲ့ ငမြောင်တောင်ဟာ အာဖရိကတိုက်ရဲ့ ဒေသမျိုးဖြစ်တာကြောင့် မြောက်များစွာသော သဘာဝရန်သူများ (သားရဲကောင်များ၊ ကပ်ပါးကောင်များ၊ ရောဂါများ) ရှိပါတယ်။ မြန်မာနိုင်ငံကိုရောက်လာတဲ့ ဖောငမြောင်တောင်ဟာ သဘာဝသားရဲကောင်များမရှိတာကြောင့် ၄င်းရဲ့ အရေအတွက်ဟာ ပုံမှန်ထက်တောင် တိုးပွားလာနိုင်ပါတယ်။
မေး − ၃။ ဖောငမြောင်တောင်ဖျက်ဆီးခံထားရတဲ့ ပြောင်းဖူးက စားဖို့ အန္တရာယ်ကင်းလား?
ဖြေ − ၃။ ဖောငမြောင်တောင်ဟာ အများအားဖြင့် ပြောင်းဖူးရဲ့အရွက်တွေကို စားပါတယ်။ တစ်ခါတလေ ပြောင်းဖူးမြိတ်တွေကိုလည်း စားပါတယ်။ အများအားဖြင့် အဲဒီလိုပြောင်းဖူး မြိတ်တွေကို လူတွေ မစားကြပါဘူး။ ဖောငမြောင်တောင်ရဲ့ တိုက်ရိုက်ဖျက်ဆီးမှုဟာ ပြောင်းဖူးရဲ့ စားနပ်ရိက္ခာ ဘေးကင်းရေးကို မထိခိုက်စေပေမဲ့ အာဖလာတော့ဆင်မှိုအဆိပ်ကျရောက်မှုကို ခံနိုင်ရည် ပိုနည်းပါတယ်။
မေး − ၄။ လက်ရှိအခြေအနေက ပိုဆိုးသွားမှာလား?
ဖြေ − ၄။ အရွယ်ရောက် ဖောငမြောင်တောင်အမဖလံဟာ သန်စွမ်းတဲ့ ပျံသန်းနိုင်တဲ့ဖလံဖြစ်ပြီး တိုက်ကြီးများအနှံ့ ဆက်လက်ပြီး ပျံ့နှံ့ပါလိမ့်မယ်။ ဖောငမြောင်တောင်ဟာ ၄င်းတို့ရဲ့ လက်ခံပင်များကို မျိုးပွားဖို့ ရှာနေမှာဖြစ်ပြီး ပုရွက်ဆိတ်တွေ၊ နဂျီကောင်တွေလို သဘာဝသားရဲကောင်များ မရှိတဲ့အချိန်မှာ ၄င်းတို့ရဲ့ဦးရေဟာ ဆက်လက်များပြားလာမှာဖြစ်ပါတယ်။
မေး − ၅။ ကုန်သွယ်ရေးကို ထိခိုက်နိုင်သလား?
ဖြေ − ၅။ ဖောငမြောင်တောင်ရှိတယ်လို့ကြေညာထားတဲ့နိုင်ငံတွေက ပို့ကုန်ပြောင်းဖူးတွေကို ဖောငမြောင်တောင် မရှိသေးတဲ့ ပြောင်းဖူးတင်သွင်းတဲ့နိုင်ငံတွေက သေချာစစ်ဆေးကြမှာပါ။
မေး − ၆။ စိုက်ပျိုးပညာပေးရေးဝန်ထမ်းတွေ၊ စိုက်ပျိုးရေးဦးစီးဌာနဲ့ တောင်သူတွေက ဘာလုပ်နိုင်သလဲ?
ဖြေ − ၆။ အမေရိကတိုက်ကနေပြီး ဖောငမြောင်တောင် ကာကွယ်နှိမ်နင်းမှုနဲ့ပတ်သက်တဲ့ မြောက်မြားစွာသော အတွေ့အကြုံတွေနဲ့ ညွှန်ကြားချက်တွေရှိပါတယ်။ မြန်မာတောင်သူများအနေနဲ့ ဖောငမြောင်တောင်ကို ရေရှည်ကာကွယ်နှိမ်နင်းဖို့ သတင်းအချက်အလက်တွေကို ရအောင်လုပ်ဖို့ လိုပါတယ်။
မေး − ၇။ ပြောင်းဖူးအစားဘယ်သီးနှံကို အစားထိုးစိုက်နိုင်မလဲ?
ဖြေ − ၇။ ပြောင်းဖူးအစား အခြားတွက်ချေကိုက်တဲ့ သီးနှံတွေအများကြီးရှိပါတယ်။ ဖောငမြောင်တောင် မကျရောက်နိုင်တဲ့သီးနှံဆိုရင် ပိုကောင်းပါတယ်။
ဒေါက်တာကိုကို
ေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
လရိပ်ချို
လွန်ခဲ့သော ၁ နှစ် ကဖောငမြောင်ကိုဘယ်လိုကာကွယ်နိမ်နင်းရမဠဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020