စပါးခင်းနှင့် ဆင်တုံးမနွယ်(ဆူးပေါက်)
အသုံးပြုနိုင်သော အပင်အစိတ်အပိုင်း
အပြည့်အဝရင့်ပြီးသော နွယ်ပင်စည်များ အစို(သို့) အခြောက် (၁၀) လနှင့်အထက် သက်တမ်း ရှိလျှင် အသုံးပြုရန်အသင့်တော်ဆုံးဖြစ်သည်။
အာနိသင် သက်ရောက်ပုံ
ဥသေ၊ ခံတွင်းပျက်ဆေး၊ ပိုးသတ်အာနိသင်၊ ကြီးထွားမှု ဟန့်တားဆေး၊ ပင်လုံးပြန့်၊ ကြွက်နှိမ် ဆေး။
နှိမ်နင်းနိုင်သည့် ပိုးမွှားရောဂါများ
အမေရိကန်သီးလုံးဖောက်ပိုး၊ ပဲသီးပျပိုး၊ ဖြုတ်ပိုး၊ စပါးကြမ်းပိုးနက်၊ ဂေါ်ဖီထုပ်ထိုးပိုး၊ ဖျက်ပိုးများ၊ စိန်ကွက်ဖလံ၊ လှေးကျိုင်း၊ အရွက်ဖြုတ်စိမ်း၊ အိမ်ယင်၊ ပုရွက်နီ၊ စပါးကြမ်းပိုး၊ စပါးရွက်လိပ်ပိုး၊ စပါးပင်စည်ထိုးပိုး၊ စပါးသရစ်ပိုး။
အခြားသက်ရှိများကို ထိခိုက်စေမှု
ဆင်တုံးမနွယ်ကို သစ်သီးခြံအနီးအနားတွင် မစိုက်သင့်ပါ။ ဆင်တုံးမနွယ်ပင်သည် သစ်သီးထိုး ဖလံများကို လက်ခံပင်ဖြစ်သည့်အတွက် ဖျက်ပိုးများအား ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။
လူတို့ကို ထိခိုက်စေမှု
ဆင်တုံးမနွယ် စစ်ထုတ်ရည်တွင်ပါဝင်သော အာနိသင်သည် အက်စ်ပ်ရင် စစ်ထုတ်ရည်တွင် ပါဝင်သော အာနိသင်ထက် နို့တိုက်သတ္တဝါများအပေါ်တွင် အဆိပ်သင့်စေနိုင်မှုမရှိပါ။
ထူးခြားသော အရည်အသွေးများ
(၁၀) လအထက် သက်တမ်းပိုသော နွယ်ပင်များတွင် အာနိသင်ရှိသော ဓာတ်ပါဝင်မှု အလုံအလောက်ရှိသည်။ ဆင်တုံးမနွယ်စစ်ထုတ်ရည်သည် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့ပါက အဆိပ်သင့်အာနိသင် ပိုများလာသည်။
အသုံးပြုပုံ
ဆင်တုံးမနွယ် စစ်ထုတ်ရည်သည် အစဉ်အလာအရ စပါးပင်အတွက်သာ အဓိကသုံးသည်။
(က) ထုထောင်းကြဲပက်ခြင်း
ယိုးဒယားနိုင်ငံမြောက်ပိုင်းတွင် စပါးသရစ်ပိုးများအတွက် သုံးသည်။ နွယ်ပင်ကို ထုထောင်း၍ စပါးပျိုးခင်းတွင် ကြဲ ပက်ခြင်းဖြစ်သည်။ နှုန်းထားမှာ (၁၀) စတုရန်းပေအတွက် (၁၅) ကျပ် သားနှုန်း ဖြစ်သည်။ စပါးစိုက်ပျိုးပြီး (၁၀) ရက်တွင် ကြဲပက်ရမည်။ ကြဲပက်ပြီး (၅-၇) ရက်အကြာတွင် အာနိသင်သက်ရောက်မှုရှိသည်ကို တွေ့ရသည်။
(ခ) အမြစ်စိမ်ခြင်း
အရွက် ဖြုတ်စိမ်းများအတွက် သုံးရာတွင် ထုထောင်း၍ ကြဲပက်သောနည်းထက် ပိုမိုထိရောက် သည်။ ပင်စည်ထိုးပိုးနှင့် ဖြုတ်စိမ်းများအတွက်မူ နှစ်နည်းလုံး ထိရောက်မှုရှိသည်။
အမြဲတမ်းစိုက်ခင်းသို့ ရွှေ့ပြောင်းမစိုက်ပျိုးမီ ပျိုးပင်များကို ဆင်တုံးမနွယ် စစ်ထုတ်ရည်တွင် ၂၄ နာရီစိမ်ရမည်။ ဆင်တုံးမနွယ် စစ်ထုတ်ရည်ပြုလုပ်ရန် ထောင်းပြီးသားနွယ်ပင် (၁-၂) ပိဿာကို ရေ (၂) ဂါလံတွင် ဖျော်၍ စစ်ထုတ်ရည်ကို ရယူသည်။ ပျိုးခင်းတစ်ဧကစာ ရွှေ့ပြောင်းစိုက်ရန် အတွက် ဆင်တုံးမနွယ် (၅) ပိဿာခန့်လိုသည်။ ထိုနည်းသည် အရွက်ဖြုတ်စိမ်းများကို ကာကွယ်ရန် သင့်လျော်သည်။
စပါးစိုက်ခင်း ရေသွင်းပေါက် (သို့) ရေလွှဲပေါက်များတွင် ဆင်တုံးမနွယ် အမြစ်စိမ်ရေလောင်းပေးခြင်း၊ ဆင်တုံးမနွယ်ဖြတ်စများ ဖြန့်ကြဲစိမ်ပေးခြင်း (သို့) ဆင်တုံးမနွယ်ကို ခွေလိပ်ပြီး စိမ်ထားပေးခြင်းဖြင့် စပါးဖြုတ်စိမ်းများ၊ စပါးပင် စည်ထိုးပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။ ၎င်းသည် စပါးပျိုးပင်များ၊ စိုက်ခါစ အပင်များတွင် ဓာတုပိုးသတ် ဆေးများ အသုံးပြုသကဲ့သို့ ထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။ ဆင်တုံးမနွယ်ကို ခွေလိပ်ပြီး စိုက်ခါနီးစပါးပျိုးစည်းများနှင့် အတူ ရေသွင်းပေါက်ဝတွင် စိမ်ထားပေးခြင်းဖြင့်လည်း အထက်ပါပိုးမွှားများ ကာကွယ်နိုင် ကြောင်း တွေ့ရှိရသည်။
အပင်အခြေခံ ဓာတုပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်း စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဆင်တုံးမနွယ်
Sayar Lay
လွန်ခဲ့သော ၁ နှစ် ကမတ်ပဲကို ဖြန်းလို့ရလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....