ပေါင်းမြက်နှိမ်နင်းနည်း
ပေါင်းဆိုသည်မှာ အနှောက်အယှက် ပေးသော အပင်၊ မလိုအပ်သောနေရာတွင် ပေါက်သော အပင်၊ အနာတရ ဖြစ်စေသော ဒုက္ခပေးသော ကြည့်ရှု၍ မကောင်းသော အပင်၊ အသုံးမကျသော အပင်ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ထို့အပြင် သန်မာ၍ ယှဉ်ပြိုင်အားကောင်းပြီး စိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းစေသော အပင်ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ပေါင်းပင်အမျိုးအစားကို ၎င်းတို့၏မူရင်းဒေသ၊ ပေါက်ရောက်ရာ နေရာ၊ ပုံပန်းသဏ္ဍာန်နှင့် ဇီဝကမ္မဆိုင်ရာတို့ကိုလိုက်၍ မြက်ပင်၊ မြက်မုံညင်း နှင့် ရွက်ပြန့်ပေါင်းဟူ၍ (၃) မျိုး ခွဲခြားနိုင်သည်။

မြက် အမည်များမှာ မြက်ခရာ၊ မောင်ရင်ငိုမြက်ခေါ် နောက်ပိုးမြက်၊ မြေစာမြက်၊ မြင်းစားမြက်၊ ပန်းတော်နီ၊ ပန်းတော်ညို၊ အင်တိုးမြက်ခါး၊ ပန်းတော်ဖြူ၊ လက်သဲခွမြက်၊ ဝမ်းဘဲစာမြက်၊ ဘဲစာမြက်၊ မြက်သီး၊ မြက်ချို၊ ဆင်ငိုမြက်၊ ဆင်ငိုလက်ကြား၊ ကြိုးကြာမြက်၊ ဖော့မြက်၊ ဝါးရုံမြက်၊ သမန်းမြက်၊ ဒေါင်းမြီးပျံမြက်၊ မြက်ခါး၊ မြက်စပ်၊ ဒေါင်းစပါး၊ ဒေါင်းမြက်၊ မြက်ကြိမ်၊ မြက်ခါး၊ မြက်ပန်း၊ ကျူးကျူခိုင်၊ ကျူဝါးခိုင်၊ ကိုင်းခွေးမြီးပုတ်မြက်များ ပါဝင်ကြသည်။



မြက်မုံညင်းတွင် မြက်မုံညင်းရွက်တို၊ မြက်မုံညင်းအလုံး၊ မြက်မုံညင်းအပြား၊ မြက်မုံညင်းအစိမ်း၊ မြက်မုံညှင်းအဝါ၊ မြက်မုံညှင်းဥနက်၊ မြက်ကွမ်းသီးကြီး၊ မြက်ကွမ်းသီးလေး၊ ဝက်လာနှင့် မြက်ကလုံး(ခေါ်) ၊ တလိုင်းခေါင်းမြက်များ ပါဝင်သည်။



ရွက်ပြန့်ပေါင်းတွင် ပင်စိမ်းရိုင်း၊ ဖောက်ခွေးခေါ် ဆေးကွမ်းအစ်၊ တံမြက်စည်းပင်၊ ကပ်စေးနဲ၊ ပရန္နဝါ၊ တောပိုက်ဆံပင်၊ ဗေဒါ၊ ကတောက်ဆတ်(ပိတောက်ဆတ်)၊ ၀ှမ်းပြေး၊ ဒန္တသုခ၊ ပေါင်းလေးညှင်း၊ ရေကညွတ်၊ မှိုချဉ်၊ ခရာဆူး၊ မှိုနတို၊ ပြောင်းစားဘီလူး(ပွင့်ဖြူ)၊ မြင်းခွာ၊ လယ်ပဒူ၊ ရှင်နွယ်လုံး၊ ဝက်ကျွတ်၊ ဒန့်ကျွဲ(ငုစပ်)ဍရင်ကောက် (ဆင်နှာမောင်းကြီး)၊ တပင်ရွှေထီး၊ ဘိစပ်၊ ဇာမဏီ (ကုန်းဗေဒါ) တို့သည် ရွက်ပြန့်ပေါင်းပင်များ ဖြစ်ကြသည်။





ပေါင်းနှိမ်နင်းနည်း (၅)မျိုး ရှိပြီး ၎င်းတို့မှာ
- တားဆီးကာကွယ်ခြင်း
- ပတ်ဝန်းကျင်အား စီမံကွပ်ကဲခြင်း
- တိိုက်ရိုက်သတ်ဖြတ်နှိမ်နင်းခြင်း
- ဇီဝနည်းဖြင့် နှိမ်နင်းခြင်း
- ဓါတုဗေဒနည်းဖြင့်နှိမ်နင်းခြင်းတို့ ဖြစ်ကြသည်။
(၁)တားဆီးကာကွယ်ခြင်း
တစ်နိုင်ငံမှ တစ်နိုင်ငံသို့၊ ပြည်နယ်တခုမှတခုသို့ ပေါင်းပင်များ မဝင်ရောက်နိုင်အောင် တားဆီးခြင်း။
မျိုးကောင်းမျိုးသန့် ဥပဒေ( ပေါင်းစေ့ပျံ့နှံ့မှု ကာကွယ်)
စိုက်ခင်း သန့်စင်ခြင်း၊ ဆေးဖျန်းခြင်း၊ မြေတွင်းသို့ နှစ်စဉ်ပေါင်းစေ့များနှင့် ပင်စည်မျိုးပွားပိုင်းများ ပြန်လည်ရောက်ရှိမှု လျော့နည်းစေခြင်း။
(၂) ပတ်ဝန်းကျင် အခြေအနေစီမံပေးခြင်း
အရွက်များသော သီးနှံ (သို့) သီးနှံမျိုးပွားတစ်မျိုးကို စိုက်ပါ။
သီးနှံပင်များအား နီးနီးကပ်ကပ် စိုက်ပါ။ ကျရောက်လာစော အလင်းများကို စောစောရယူနိုင်ပါသည်။
လုံလောက်သော အာဟာရ ရေပေးပါ။ ပိုးမွှား ရောဂါ ကာကွယ်ပါ။ *(အရွက်များအဖြစ် ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ပါ) မိမိ စိုကျပ
Cover crop (မြေဖုံးသီးနှံ)များ စိုက်ပါ( ရာဘာ၊ ဆီအုန်း၊ နှစ်ရှည်ပင်များ)။
ပင်စည်ရှည်အပင်၊ တစ်နှစ်ခံပင်အောက်တွင် မြေကပ်ပေါက်သည့် အပင်များ စိုက်ပါ
(၃) တိုက်ရိုက်သတ်ဖြတ် ပေါင်းနှိမ်နင်းခြင်း
လက်ပေါင်းလိုက်ခြင်-ပေါင်းရှင်း ကိရိယာသုံး၍ နှိမ်နင်းခြင်း
မီးရှို့နှိမ်နင်းခြင်း
မြေဆီလွှာ သန့်စင်အောင် ထားခြင်း
(၄)ဇီဝနည်းဖြင့် နှိမ်နင်းခြင်း
အင်းဆက်နှှင့် ပင့်ကူနီများ
မှိုနှင့် ဘက်တီးရီးယားများ
တီပိုး
ငါး
နို့တိုက်သတ္တဝါနှင့် ငှက်များ
(၅) ဓါတုဗေဒနည်းဖြင့် ပေါင်းနှိမ်နည်းခြင်း
အဓိက ပေါင်းသတ်ဆေးမျိုးအုပ်စု
(၁)အညွန့် (သို့) မြေသို့ ပက်ဖျန်းသော ပေါင်းသတ်ဆေး
(၂)ရွေးချယ်အာနိသင်ရှိ (သို့) မရှိ ပေါင်းသတ်ဆေး
(၃)ပလပ်မြေ၊ အပင်မစိုက်မီ၊ အပင်မပေါက်မီ (သို့) အပင်ပေါက်ပြီးမှ ဖျန်းသော ပေါင်းသတ်ဆေး
ဆေးနှုန်းထား၊ ပတ်ဝန်းကျင် အခြေအနေ၊ ပေါင်းပင်နှင့် သီးနှံပင်တို့ အရွယ်မှန်ကန်တိိုက်ညီသော ဓာတုဆေးနည်းဖြင့် ပေါင်းပင်များ နှိမ်နင်းရာတွင် ထိရောက် အောင်မြင်နိုင်သည်။
ပေါင်းနှင့် ပတ်သတ်သော ဆုံးမစကားအရ
တန်ဖို့မဲ့အောင်မနေပါနဲ့၊ တန်ဖိုးရှိအောင် နေပါ
(Never be weed, Ever be crop)
*- မိမိစိုက်ပျိုးသော အပင်၏ အရွက်များသည် မြေမျက်နှာပြင် အထက်ပိုင်းကို အုပ်သွားပြီး ပေါင်းများ မပေါက်ရောက်တော့သည့် အခြေအနေ ဖြစ်သည်။
မှတ်ချက်- ဆရာဦးထင်အောင်ရှိန်(ဒုတိယ ညွှန်ကြားရေးမှူး) စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေး သင်တန်းမှတ်စု (၉)အား ပြန်လည်ဖော်ပြပါသည်။)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....