ပဲတောင့်ရှည်တွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ပိုးမွှားရောဂါများ
မိုးအုံ့စိုစွတ်သောရာသီနှင့် ရာသီအကူးအပြောင်းများသော အချိန်တွင် ကျရောက်ဖျက်ဆီးမှုများသည်။ အပင်ငယ်စဉ်တွင် ရွက်ထွင်းပိုး၊ ပျပိုး၊ ရွက်ဖောက်ကျိုင်းများ အများဆုံးကျရောက်ဖျက်ဆီးတတ်သည်။ ပန်းပွင့်ချိန်၊ သီးတောင့်ဖြစ်ထွန်းချိန်တွင် သီးလုံးဖောက်ပိုး၊ ပျပိုး၊ ငမြှောင်တောင် တို့ကျရောက်သည်။
ရောဂါများအနေဖြင့် ဖားဥမှိုရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေးရောဂါ များဖြစ်ပွားနိုင်သည်။
ပျပိုး
ဖျက်ဆီးပုံလက္ခဏာများ-
အရွက်စထွက်ချိန်မှ စတင်ဖျက်ဆီးသည်။ အရွက်နှင့် အညွန့်များသည် ပျပိုးလောက်ကောင်များနှင့် အကောင်ကြီးများ စုဝေးစားသောက်မှုကြောင့် ပုံပျက်ပြီး ဆက်မကြီးထွားနိုင်တော့ပေ။ ပျပိုးများသည် အချိုရည်စစ်ထုတ်သည်။ ပျပိုးများတိုက်ရိုက်ဖျက်ဆီးမှုကြောင့် အပင်ကို ထိခိုက်မှုမရှိတော့ပဲ ရောဂါသယ်ဆောင်မှုသာ အဓိကဖြစ်သည်။ အပင်အရွက်များတွင်လည်း ကင်းထောက်စစ်ဆေးပါက ပျပိုးများကိုတွေ့နိုင်သည်။
ကာကွယ်နှိမ်နင်းနည်း-
- ပေါင်းမြက်များနှိမ်နင်းပြီး အခင်းကို အစဉ်သန့်ရှင်းစွာထားပါ။
- ခံနိုင်ရည်ရှိသောမျိုးများ ရွေးချယ်စိုက်ပျိုးပါ။
- ပဲမျိုးရင်းဝင်အပင်များ ဘေးပတ်ဝန်းကျင်တွင် ပေါက်နေပါက ဖယ်ရှားပါ။
- စောစောစိုက်ပျိုးခြင်းသည် ပျပိုးကျရောက်မှုကို ကာကွယ်နိုင်သည်။
- ဆိုးရွားစွာကျရောက်ပါက ပင်လုံးပြန့်ပိုးသတ်ဆေး၊ စားသေ တစ်မျိုးမျိုး သုံးပေးပါ။
- အင်မီဒါကလိုပရစ်၊ ကလိုရိုပိုင်ရီဖော့၊ ဖီပရိုနေး၊ အစီတာမီပရစ် ဆေးများအသုံးပြုနိုင်သည်။
- တမာပိုးသတ်ဆေး များလည်းအသုံးပြုနိုင်သည်။
- အဝါရောင်ပိုးထောင်ချောက်များ အသုံးပြုပေးပါ။
ရွက်ထွင်းပိုး
ဖျက်ဆီးပုံလက္ခဏာများ-
ပိုးလောက်ကောင်းများသည် အရွက်များကိုဖြတ်၍ လှိုဏ်ခေါင်းပြုလုပ်စဉ် ထွင်းရာများကိုဖြစ်စေသည်။ တွန့်လိမ်ကောက်ကွေးသော အဖြူရောင်လမ်းကြောင်းကို ပြုလုပ်စဉ် ထွင်းရာများကိုဖြစ်စေပြီး ဆက်လက်စားသုံးသည်နှင့် အရွယ်အစားပိုမိုကြီးလာသည်။ ဆိုးရွားစွာကျရောက်ပါက အရွက်များကို ညှိုးနွမ်းစေပြီး မြေပေါ်သို့ ကြွေကျစေသည်။ စိုက်ခင်းထဲတွင် အရွက်ကြွေကျခြင်းကြောင့် အသီးများသည် နေရောင်ကို အလွန်အကျွံရရှိစေသည်။
အရွက်များတွင် ဥအုသောနေရာများကိုတွေ့မြင်နိုင်ပြီး အရွယ်ရောက်ကောင်များ စားသောက်ဖျက်ဆီးခြင်းသည် သိသာထင်ရှားသည်။ အရွက်၏ အပေါ်မျက်နှာပြင်တွင် သေးငယ်သော အဝါရောင်ပင်အပ်ဖောက်ရာများကဲသို့ အပေါက်ရာများကိုတွေ့ရသည်။
ကာကွယ်နှိမ်နင်းနည်းများ-
- တမာပိုးသတ်ဆေး၊ စားသေ၊ ပင်လုံးပြန့်ပိုးသတ်ဆေးများ အသုံးပြုနိုင်ပါသည်။
- ပိုးကပ်ကော်များထားပေးခြင်း။ (အဝါရောင်ထောင်ချောက်)
- ပုလဲ(နိုက်ထရိုဂျင်) မြေသြဇာ လွန်ကဲစွာကျွေးခြင်းကိုရှောင်ရှားပါ။
- အဘာမက်တင် (Abamectin)၊ ထရိုင်ဇိုဖော့စ် (Trizophos)၊ ဆလပ်ပလပ် ဆေးများသုံးစွဲပေးနိုင်သည်။
ငမြှောင်တောင်
ဖျက်ဆီးပုံလက္ခဏာများ-
ရေလွှမ်းခံရသော စိုက်ခင်းများ၊ မိုးကောင်းသောနှစ်များတွင် ကျရောက်ဖျက်ဆီးမှုများသည်။ ပိုးလောက်ကောင်ငယ်သည် အရွက်အစိမ်းသားများကို ခြစ်စားပြီး ကြီးလာသော် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်သဖြင့် အပင်ငုတ်တိုသာ ကျန်သည်။ လောက်ကောင်းများသည် အုပ်စုဖွဲ့၍ မနက်စောစောနှင့် ညအချိန်များတွင် ဖျက်ဆီးပြီး နေ့အချိန်တွင် အပင်ခြေရှိ အမှိုက်များတွင် ခိုအောင်းနေတတ်သည်။
ကာကွယ်နှိမ်နင်းနည်းများ-
- ဥမြုံများနှင့် ပိုးလောက်ကောင်းများကို ကောက်ယူဖျက်ဆီးပါ။
- မီးထောင်ချောက်များထွန်း၍ ဖလံများကို ညအချိန်တွင်ဖမ်းဆီးပါ။
- စိုက်ခင်းတစ်ကွက်မှ တစ်ကွက်သို့ မကူးစေရန် အနက် ၁ပေ၊ အကျယ် ၂ပေ မြောင်းများတူးပါ။
- အီမာမက်တင်ဘန်ဇိုအိတ်၊ ကလိုရန်ထရန်နီပရိုး၊ အင်ဒိုဇာကာ့ဘ်၊ လန်ဗဒါဆိုင်လိုသရင်း စသော ဆေးတစ်မျိုးမျိုးကို ၂ ပတ် တစ်ကြိမ်ဖျန်းပေးပါ။
- အပြာရောင်ပိုးထောင်ချောက်များ ထားပါ
သီးလုံးဖောက်ပိုး
ဖျက်ဆီးပုံလက္ခဏာများ-
အစောပိုင်းအဆင့်များတွင် အရွက်များကို ကြွေစေသည်။ လောက်ကောင်၏ဦးခေါင်းကသာ ပဲသီးတောင့်၏အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ ထွက်နေသည်။ ဖျက်ဆီးခံရသော ပဲသီးတောင့်မှ ဒဏ်ရာများသည် လုံးဝန်းသော အပေါက်များဖြစ်ကြသည်။
ကာကွယ်နှိမ်နင်းနည်းများ-
- တစ်ပင်လျှင် လောက်ကောင် (၃) ကောင်တွေ့ပါက ပိုးသတ်ဆေးစဖျန်းပါ။
- တမာပိုးသတ်ဆေး အသုံးပြုနိုင်သည်။
- အပြာရောင်ပိုးထောင်ချောက်များ ထားပေးပါ။
- ဓာတုဆေးသုံးစွဲမှုမှာ ငမြှောင်တောင်နှင့် တူတူပင်ဖြစ်သည်
ဖားဥမှိုရောဂါ
ဖျက်ဆီးပုံလက္ခဏာ-
အပင်၏ ကြီးထွားမှုအဆင့်တိုင်းတွင် ရောဂါဖြစ်နိုင်သည်။ မှိုရောဂါရ အစေ့၊ သီးနှံအကြွင်းအကျန်၊ မြေထဲတွင် ခိုအောင်းရှင်သန်နေထိုင်ခြင်း၊ အင်းဆက်များမှတစ်ဆင့် တစ်ပင်နှင့် တစ်ပင်၊ တစ်ခင်းမှ တစ်ခင်း ကူးစက်ပျံ့နှံ့သည်။ လေဖြင့် အဓိကကူးစက်သည်။ ၁၀ မီလီမီတာအချင်းခန့်ရှိ အရောင်မညီကွက်ပြောက်များကို အရွက်ရင့်များအပေါ်မျက်နှာပြင်တွင် စတင်တွေ့ရသည်။ ထိုမှတစ်ဆင့် အဖြူကွက်များဖြစ်လာပြီး အရွက်မျက်နှာပြင်တစ်ခုလုံးတွင် ပေါင်ဒါမှုန့်များ ဖြူးထားသကဲ့ တွေ့ရသည်။ ရောဂါပြင်းထန်ပါက အရွက်များ ပုံမမှန်ဖြစ်ကာ ဝါဖျော့လာသည်။ အသီးတောင့်များမှာ သေးကွေးကြုံလှီပုံပျက်လာကာ တွန့်၍ခြောက်သွားသည်။
ကာကွယ်နှိမ်နင်းနည်းများ-
- ဒေသအလိုက် ခံနိုင်ရည်ရှိသောမျိုးများသုံးပါ။
- ပဲမျိုးနွယ်ဝင်မဟုတ်သော သီးနှံများဖြင့် အလှည့်ကျစိုက်ပါ။
- ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
- ခရစ်ဆိုဆီမီသိုင်း၊ ဟက်ဇာကွန်နာဇိုး စတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ထိရောက်စွာကုသပါ။
သံချေးရောဂါ
ဖျက်ဆီးပုံလက္ခဏာ-
လယ်ယာသုံးကိရိယာများ၊ အင်းဆက်နှင့် တိရစ္ဆာန်များတွင် တွယ်ကပ်ပါလာခြင်းဖြင့် တစ်ခင်းမှတစ်ခင်း ကူးစက်ပျံ့နှံ့သည်။ လေမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့သည်။ ရောဂါကျရောက်ပါက အရွက်နှင့် အသီးတောင့်များတွင် နီညိုရောင်အဝိုင်းပုံအသီးတောင့်များ ဖြစ်ပေါ်လာသည်။ ရောဂါဝင်ရောက်ပြီး (၅-၆) ရက်အကြာတွင် အနည်းငယ်မို့မောက်သော အဖြူရောင်အဖုငယ်များဖြစ်သည်။ (၇-၉) ရက်အကြာတွင် ထိုအဖုငယ်များ ပေါက်ထွက်လာပြီး နီညိုရောင် ယူရီဒီယိုစပိုးများစတင်ထုတ်သည်။ ရက်သတ္တပတ် အနည်းငယ်အကြာတွင် ယူရီဒီယိုစပိုးများ ထုတ်လုပ်မှုရပ်သွားပြီး အနက်ရောင် တီလီဒီယိုစပိုးများ ထွက်လာသည်။ ရောဂါပြင်းထန်လွန်းပါက ရောဂါရအရွက်တစ်ရှူးများသေကုန်ပြီး စိမ်းဝါဖျော့ရောင်မှ အဝါရောင်သို့ပြောင်းကာ တစ်ရွက်လုံးခြောက်သေသွားသည်။
ကာကွယ်နှိမ်နင်းနည်းများ-
- ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးပါ။
- သီးလှည့်စိုက်ပျိုးပေးပါ။
- ရောဂါရပင်ကြွင်းပင်ကျန်များကို စုပုံဖျက်ဆီးပါ။
- ရောဂါဖြစ်စေသောမှို ကြီးထွားတိုးတက်မှုကို ဖြစ်စေသော ပတ်ဝန်းကျင်အခြေအနေ (အပူချိန်နှင့် အစိုဓာတ်ရရှိသည့်ကာလ) ကို ရှောင်ကြဉ်နိုင်ရန် စိုက်ပျိုးချိန်ကို ချိန်ဆစိုက်ပျိုးပါ။
- ဆိုင်မောက်စနေး၊ ဒိုင်ဖန်ကိုနာဇော၊ ဒက်ကိုနေးလ်၊ ကာဗာဖိတ် အုပ်စုဝင် မှိုသတ်ဆေးများကို (၁၀-၁၅) ရက်ခြားတစ်ကြိမ်ဖြန်းပေးပါ။
မှတ်ချက်။ ။
ပင်လုံးပြန့်ပိုးသတ်ဆေးများကိုသာ စွဲမြဲစွာသုံးစွဲခြင်း မပြုလုပ်သင့်ပါ။ ထိုကဲ့သို့သုံးစွဲခြင်းဖြင့် ဆေးများယဉ်ပါးမှုကို ဖြစ်စေနိုင်သောကြောင့် အခြား စားသေ၊ အဆိပ်ငွေ့အာနိသင်ရှိ ဆေးများကို အလှည့်ကျသုံးစွဲပါ။ ထို့ပြင် မလိုအပ်ပဲ ဆေးဖျန်းခြင်း၊ ဆေးနှုန်းထားလျှော့၍ အနံ့ပေးရုံဖျန်းခြင်းများသည်လည်း ပိုးများ၏ ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။
ပဲတောင့်ရှည်သည် (၁-၂) ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသော သီးနှံဖြစ်သောကြောင့် စားသုံးသူအတွက် ပိုးသတ်ဆေးအန္တရာယ် ကင်းရှင်းစေရန် ပိုးသတ်ဆေးအလွန်အကျွံသုံးခြင်း၊ ဓာတုဆေးတစ်မျိုးတည်းကိုသာ အသုံးပြုခြင်း၊ သီးနှံများ ခူးဆွတ်ပြီးမှသာ ဆေးဖျန်းခြင်း မပြုလုပ်သင့်ပါ။ တမာပိုးသတ်ဆေးနှင့် အခြားသဘာဝပိုးသတ်ဆေးများကို ကြိုတင်ကာကွယ် ပက်ဖျန်းခြင်းမျိုး ဆောင်ရွက်သင့်သည်။
ကိုးကား- IWMI (ရုံးပတီ၊ ပဲတောင့်ရှည် စိုက်ပျိုးနည်းစာအုပ်)
- သီးနှံကာကွယ်ရေးဌာနခွဲ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (မြေပဲနှင့်အခြားပဲမျိုးစုံစိုက်ပျိုးနည်းစာအုပ်)
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026