ပဲတောင့်ရှည်တွင်ကျရောက်တတ်သော ပိုးမွှားများ (၃)
ပဲပင်စည်ထိုးယင်

ဖျက်ဆီးပုံလက္ခဏာများ
- နူးညံ့သည့်အရွက်များ တွဲလျောင်းကျနေကာ အဝါရောင်ပြောင်းသွားကြသည်။ ပဲပင်ငယ်များ ဆိုးဝါးစွာဖျက်ဆီးခံရသည်။
- ယင်လောက်ကောင်နှင့် ရုပ်ဖုံးရှိသောပင်စည်များ ပွယောင်းလာပြီး အရိုးသာကျန်တော့သည်။
- အပင်အိုများ ပုလာသော်လည်း မသေပါ။
ဖျက်ပိုး၏ဝိသေသလက္ခဏာများ
- ဥဘဝမှာ ၃ ရက်ခန့်ကြာသည်။
- လောက်ကောင်ဘဝမှာ ၅-၆ ရက်ကြာသည်။ ရုပ်ဖုံးကာလ ၈-၉ ရက်ကြာသည်။
- အရွယ်ရောက်ကောင်သည် သေးငယ်သော ယင်နက်နှင့်တူသည်။ အမသည် ဥ ၃၈-၇၉ ခန့် ကို ပဲသီးများ သို့မဟုတ် ပန်းဖူးများပေါ်တွင် တစ်လုံးချင်းအုသည်။
ကာကွယ်နှိမ်နင်းခြင်း
မျိုးစေ့တစ်ကီလိုဂရမ်ကို ကလိုပိုင်ရီဖော့စ် (Chlorpyriphos) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ် စိုက်ပျိုးပါ။ အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
- ကာဘာရိုင်းလ် (Carbaryl) ကို
- အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
- တမာစေ့ခွံစစ်ကျရည် (Neem Seed Kernel Extract)
ယင်ဖြူ

ဖျက်ဆီးပုံလက္ခဏာများ
- အသီးများတွင် အနက်စက်များတွေ့ရသည်။
- အသီးစိမ်းများကြွေကျသည်။
- တွန့်ရှုံ့သော ပဲစေ့များနှင့်အတူ အဆံမအောင်သောအသီးများကို တွေ့ရသည်။
ဖျက်ပိုး၏ဝိသေသလက္ခဏာများ
- ညိုနက်ရောင်ရှိကာ စက်ဝိုင်းခြမ်းပုံရှိသည်။
- အကောင်ငယ်များသည် ညိုနက်ရောင်ပုရွက်ဆိတ်များနှင့် တူသည်။
ကာကွယ်နှိမ်နင်းခြင်း
အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်းသုံးပါ။
- ဒိုင်မီသိုအိတ် (Dimethoate)
- အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
- သိုင်ယာမက်သိုဇင် (Thiamethoxam)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပဲတောင့်ရှည်တွင်ကျရောက်တတ်သောဖျက်ပိုးများ
Thiri Hlaing
လွန်ခဲ့သော ၂ နှစ် ကပဲတောင့ရှည်မှာဒီလိုအကောင်းတွေအများကြီးရှိနေတယ်ဗျ၊ဘယ်လိုလုပ်ရမလဲဗျ
ဆက်စပ်မေးခွန်းများ
စပါးခင်း ကြွက်တွေအရမ်းကိုက်နေလို့ ကြွက်သက်ဆေးလည်းချမရတော့ တခြားနည်းလမ်းလေးများရှိရင် ကူညီဖြေဆိုပေးပါအုံး
Kaung myat lin • ဖြေကြားချက် 2 ခု
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ
U Thu • ဖြေကြားချက် 1 ခု
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 3 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020