ကြက်သွန်နီတွင် ကျရောက်တတ်သော ဖျက်ပိုးများ
၁။ ပိုးနဂါး (Common cutworm) ( Spodoptera litura)
ဖျက်စီးမှုလက္ခဏာ
ပျိုးခင်းတွင် ဆိုးဝါးသည်။ ငယ်စဉ်တွင် အရွက်အစိမ်းပိုင်းကို ခြစ်စားသည်။ အစုလိုက် အပြုံလိုက် စားသည်။ အကောင်ကြီးလာသောအခါ အရွက်ကို ကိုက်စားသည်။ အရွက်များ အဖြူကွက်ဖြစ်ပြီး စုတ်ပြတ်နေသည်။
ဘဝစက်ဝန်းမှာ ဥဘဝ (၄) ရက်၊ လောက်ကောင် ဘဝ (၂၀) ရက်နှင့် ရုပ်ဖုံး တစ်ပတ်ခန့် ကြာပါသည်။
ကာကွယ်နှိမ်နင်းနည်း
- အရွက်အောက်တွင်ရှိသော ဥ အစုများ၊ အကောင်ငယ် အစုများကို ယူ၍ ဖျက်ဆီးပစ်ပါ။
- ဥမြုံတွေ့ပြီး တစ်ပါတ် (သို့) ပိုးကောင်ငယ် အစုများ တွေ့ပြီး (၃) ရက် အချိန်တွင် ထိတွေ့ ပိုးသတ်ဆေး တစ်မျိုး သုံးပါ။ ဥပမာ- မြန်မာ ဇီနွန် (Myanmarzinon) ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း နှင့် မြန်မာဖန်သို(Myanmarphentho) ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း ဖြန်းပါ။ ဆေးနှစ်ခုလုံး၏ PHI မှာ (၇) ရက် ဖြစ်သည်။
- လာဗင်(Larvin 375) ကို တစ်ဧကလျှင် (၂၀၀) စီစီနှုန်း ဖြန်းပါ။ ဆေး၏ PHI မှာ (၁၄) ရက် ဖြစ်သည်။
မှတ်ချက်။ PHI (Pre Harvest Interval)ဆိုသည်မှာ ပိုးသတ်ဆေးဖြန်း အသုံးပြုပြီးနောက် သီးနှံများ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလ။
ပိုးသတ်ဆေး တစ်မျိုးချင်း သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလသည် ကွာခြားမှု ရှိပါသည်။

၂။ သရစ်ပိုး(ကြက်သွန်နီသရစ်) (Onion thrips)(Thrips tabaci)
ဖျက်စီးမှုလက္ခဏာ
အရွက်များသည် ငွေရောင်ပြောင်း၍ ခြောက်ပြီး လိပ်ကုန်သည်။ များစွာ ကျပါက အပင်အားနည်းကုန်ပြီး ညှိုးသွားသည်။ အပင်ငယ်တွင် ကျပါက အပင်သေနိုင်သည်။
ဘဝစက်ဝန်းမှာ ဥအဆင့် (၅) ရက်၊ အကောင်ငယ် အဆင့် (၁၃) ရက်နှင့် အကောင်ကြီး (၁) လခန့် ကြာပါတယ်။
ကာကွယ်နှိမ်နင်းနည်းများ
- အက်ဆင့် (Ascend 50 SC )ဆေးကို တစ်ဧကလျှင် (၁၀၀) စီစီနှုန်းဖြင့် အရွက်များပေါ်သို့ ဖြန်းပါ။ မရိတ်သိမ်းမီ (၇) ရက်အလိုအထိ ဖြန်းနိုင်သည်။ ဆေး၏ PHI မှာ (၇) ရက် ဖြစ်သည်။
- စီဗင် (Sevin 85 WP) ဆေးကို တစ်ဧကလျှင် (၁/၂) ကီလိုနှုန်းခန့် သုံး၍ အရွက်များသို့ ဖြန်းပါ။ ဆေး၏ PHI မှာ (၇) ရက် ဖြစ်သည်။
- ပေါင်းမြက်များ ရှင်းလင်းပါ။
- ကြက်သွန်နီ တစ်ပင်၊ နှစ်ပင်ခန့်တွင် စတွေ့ပါက တွေ့တွေ့ချင်း ဒိုင်ယာဇီနွန်( Diazinon 40 EC) သို့မဟုတ် မာလာသီယွန် (Malathion) တစ်မျိုးမျိုးကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း ဖြန်းနိုင်သည်။ PHI များမှာ (၁၄)ရက်နှင့် (၇) ရက် ဖြစ်ပါသည်။

ဓာတ္ပံု- သရစ်ပိုးကျရောက်မှုလက္ခဏာ
၃။ ပင်ဖြတ်ပိုး (Black cutworm) (Agrotis ipsilon)
ကျရောက်မှုလက္ခဏာ
အကောင်ငယ်များသည် အရွက်များပေါ်တွင် စားသောက် ဖျက်ဆီးပြီး အကောင်ကြီးများသည် အပင်ရင်းမှ ကိုက်ဖြတ်ချသည်။ ပျိုးပင်ပေါက်များကို အပင်ရင်း မြေကြီးရင်းမှ ဖြတ်ချသည်။ လောက်ကောင်ပေါင်းများစွာကို ကိုက်ဖြတ်နိုင်သည်။
ဘဝစက်ဝန်းမှာ ဥ အဆင့် (၇) ရက်၊ အကောင်ငယ် အဆင့် (၄) ပါတ်၊ ရုပ်ဖုံး (၂၀) ရက်ခန့် ကြာပါသည်။
ကာကွယ်နှိမ်နင်းနည်း
- ပေါင်းမြက်များကို ရှင်းလင်းပါ။
- မိမိစိုက်ခင်းအား ကင်းထောက်ပါ။ေ
- မြေကြီးထဲသို့ ရီဂျင့် (Regent 3 GR) ကို တစ်ဧကလျှင် (၃)ကီလို (သို့မဟုတ်) ဖျူရာဒန် (Furadan 3 G) ကို တစ်ဧကလျှင် (၅)ကီလိုခန့် ထည့်၍ စိုက်ပျိုးပါ။ လောက်ကောင်တွေ့ပါက ဆူမီသီယွန် (Sumithion 50 EC)ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း ဖြန်းပါ။ PHI မှာ (၇) ရက် ဖြစ်ပါသည်။
- စီဗင် (Sevin)ကို တစ်ဧကလျှင် (၁/၂) ကီလိုနှုန်းသုံးပါ။ PHI (၇) ရက် ဖြစ်ပါသည်။
- တမာပိုးသတ်ဆေးကို ရေ (၁) ဂါလန်တွင် (၆၀) စီစီနှုန်း ဖျော်၍ ပျိုးပင်ပေါက်ချိန်မှ စတင်ပြီး တစ်ပတ် တစ်ခါ မှန်မှန် ဖြန်းပါ။

- ဓာတ်ပုံ- ပင်ဖြတ်ပိုး လောက်ကောင်
-
၄။ ပျပိုး (Aphid) (Lipaphis erysimi)
ဖျက်စီးမှုလက္ခဏာ
ကြက်သွန်နီ အရွက်များကို စုပ်စားသည်။ အရွက်များ ခြောက်ကုန်သည်။ ဗိုင်းရပ်(စ်) ရောဂါကို သယ်ဆောင်နိုင်သည်။
-
ဘဝစက်ဝန်းမှာ ဥအဆင့် (၁၀) ရက်၊ အကောင်ငယ် (၁) လ၊ အကောင်ကြီး (၁လခွဲ)။
ကာကွယ်နှိမ်နင်းနည်း
- ပေါင်းမြက်များ ရှင်းလင်းပါ။
- တမာ ပိုးသတ်ဆေးကို ရေ (၂) ဂါလန်တွင် (၆၀) စီစီနှုန်း တစ်ပတ် တစ်ခါ ပက်ဖျန်းပါ။
- စီဗင် (Sevin 85 WP) ကို တစ်ဧကလျှင် (၁) ကီလိုနှုန်းဖြင့် အရွက်များ ဖြန်းခြင်း (သို့) မာလာသီယွန်( Malathion) ကို တစ်ဧကလျှင် (၅၀၀) စီစီနှုန်း အသုံးပြု နိုင်သည်။ ဆေး၏ PHI မှာ (၃) ရက်နှင့် (၇) ရက် ဖြစ်သည်။

-
ဓာတ်ပုံ- ပျပိုး အကောင်ငယ်
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Agri- Mobile App)
မှတ်ချက်- စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာန (www.doa.gov.mm)မှ စိုက်ပျိုးရေး နည်းပညာများ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....