ရော်ဘာမှာကျတဲ့ နှုင်းမှုံရောဂါ အကြောင်း
၁။ ရောဂါကျရောက်သောလက္ခဏာ
ရွက်နုထွက်ချိန် (ရွက်သစ်လောင်းချိန်) တွင် အထင်ရှားဆုံးသောရောဂါ ဖြစ်သည်။ ရွက်နုကို အဓိက ဖျက်ဆီးသောရောဂါ ဖြစ်သည်။ ဤရောဂါကြောင့် အပင်ကြီးထွားမှုနှင့် အစေးထွက်နှုန်းတို့ကို ထိခိုက်စေပါသည်။
၂။ ရောဂါ ဖြစ်စေသော ရာသီဥတု အခြေအနေ
တစ်နေ့တာ အပူချိန် ၅၆ ဒီဂရီ - ၆၂ ဒီဂရီ ရရှိခြင်း။ စိုထိုင်းဆ ၇၆% မှ ၈၀% ရှိခြင်း။ မိုးရေချိန် တစ်လ ၄” နှင့် ၄” အောက် ရွာသွန်းခြင်း။ နေ့စဉ်နေရောင်ခြည် (၇) နာရီခန့် ရရှိခြင်း စသည့် အခြေအနေ၌ နှင်းမှုံရောဂါဖြစ်ရန် အကောင်းဆုံးဖြစ်ပါသည်။
၃။ ရောဂါ ပင်ပြလက္ခဏာ (Symptom)
အရွက်နုများ၌ အရွက်၏ အလယ်ကြောရိုးမအောက် မျက်နှာပြင်များ၌ မှိုစွဲကပ်နေတတ်ပါသည်။ အရွက်၏ အရောင်မှာ ခရမ်းဖျော့ရောင်မှ အမည်းရောင်သို့ပြောင်း၍ အလယ်ကြောရိုးမလ၏ တစ်ဘက်စီမှ ထိပ်ဖျားဆီသို့ ရှုပ်တွန့်လာသည်။ အရွက်သည် ရိုးတံမပါဘဲ ကြွေကျလာသည်ကိုတွေ့ရှိရပါသည်။ အရွက်ရင့်များသည်ကြွေကျခြင်းမရှိဘဲ အရွက်၏ မျက်နှာပြင်ပေါ်၌ ( ဝ.၅ လက်မ ) အချင်းရှိသည့် အဝါရောင် အပြောက်များ ဖြစ်ပေါ်လာပြီး ၎င်းအပြောက်၏အောက်တည့်တည့် ၌ ဖြူဖွေးသော ဖားဥမှိုများ ဖြစ်ပေါ်နေသည်ကိုတွေ့ရှိရပါသည်။ အရွက်နုများသည် စိမ်းညိုရောင်ပြောင်းနေသမျှ ကာလပတ်လုံးရောဂါဆိုးဝါးစွာ ကျရောက် သည်ကိုတွေ့ရှိ ရပါသည်။ အဖူး၊ အပွင့်၊ ရိုးတံ၊ ကိုင်းနု တို့ကိုဖျက်ဆီးသည်။
၄။ ရောဂါဖြစ်စေသောသက်ရှိ (Pathogen)
Odium heveae ဟုခေါ်သော ဘက်တီးရီး ကြောင့် ဖြစ်ပါသည်။
၅။ ကာကွယ်နှိမ်နှင်းနည်း (Control)
ဆောင်းတွင်း အရွက်နုလဲချိန် (၁) လ ခန့် ရော်ဘာစေး မထုတ်ဘဲရော်ဘာပင်ကို အနားပေးထား ရမည်။ ရွက်သစ်ထွက်ချိန် (သို့) မထွက်မှီ ရက်အနည်းငယ်အလို၌ နိုက်ထရိုဂျင် ဓာတ်မြေဩဇာ မကျွေးရ၊ တစ်ဧကလျှင် ကန့်မှုန့် ၁၀ ပေါင် မှ ၁၂ ပေါင် (2 ပိဿာခွဲ မှ သုံးပိဿာ) ထိ အပတ်စဉ် (၁) ကြိမ်ကျ ဖြူးပေးရမည်။
နှစ်ရှည်ပင် သုတေသနနှင့် နည်းပညာ ဖွံဖြိုးရေး ဌာန (မော်လမြိုင်)
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....