သိုလှောင်သီးနှံဖျက်ပိုး ကာကွယ်နှိမ်နင်းမယ်
စနစ်တကျ ကြိုတင်ပြင်ဆင် သိုလှောင်ခြင်းမရှိပါက သိုလှောင်ထားစဉ် ကာလအတွင်း လယ်ယာသီးနှံများ ပျက်စီး၊ လျော့နည်း၊ ဆုံးရှုံးရခြင်းများ ကြုံရတတ်သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ၉၈ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။
သီးနှံအစေ့အဆန်များကို သိုလှောင်ပြီးချိန်တွင် ပိုးမွှားရောဂါ ကျရောက်သေးသည်ဆိုပါက ကာကွယ်နှိမ်နင်းရမည့်အဆင့်သို့ ရောက်လာသည်။ သီးနှံအစေ့အဆန်များတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးအုပ်စု နှစ်အုပ်စုရှိသည်။ ကနဦးကျရောက်ပိုးနှင့် ထပ်ဆင့်ကျရောက်ပိုးတို့ဖြစ်သည်။
ကနဦးကျရောက်ပိုးသည် သိုလှောင်သီးနှံတွင် ကျရောက်သည့်အပြင် သီးနှံစိုက်ခင်းများတွင်လည်း ကျရောက်နိုင်သည်။ စိုက်ခင်းမှသည် သိုလှောင်ရုံအထိ လိုက်ပါလာပြီး ဆက်လက်စားသောက်ဖျက်ဆီးကြသည်။ ကနဦးကျရောက်ပိုးသည် သီးနှံအိတ်အပုံ၏ အပေါ်ယံမျက်နှာပြင်၌သာ ဖျက်ဆီးလေ့ရှိပြီး အတွင်းသို့ တစ်ပေ၊ တစ်ပေခွဲအထိသာ ဖျက်ဆီးနိုင်သည်။ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ဖျက်ဆီးနိုင်ခြင်းမရှိပေ။ ကနဦးကျရောက်ပိုးသည် သီးနှံအစေ့အဆန်များ အကျိုးအကြေဖြစ်ခြင်း၊ အပေါက်ဖြစ်ခြင်းစသည့် ဖျက်ဆီးမှုလက္ခဏာ ဖြစ်လွယ်သည်။ ဖျက်ပိုးများတွင် အဓိကဖျက်ပိုးနှင့် သာမညဖျက်ပိုးဟူ၍ရှိရာ ကနဦးဖျက်ပိုးအားလုံးသည် အဓိကဖျက်ပိုးများဖြစ်ကြသည်။ ကနဦးဖျက်ပိုးများတွင် နှာတံရှည်ကျိုင်း (သို့မဟုတ်) ဆန်ပိုးသည် ထင်ရှားသည်။ ဆန်၊ ဂျုံစသည့်သီးနှံများကို ဖျက်ဆီးနိုင်သည်။ ဆန်ပိုးသည် အစာမစားဘဲ ခြောက်လမှ ကိုးလအထိ အသက်ရှင်သန်နိုင်သည်။ ကနဦးကျရောက်ပိုးကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါက ထပ်ဆင့်ကျရောက်ပိုးကို အလိုအလျောက် ကာကွယ်နှိမ်နင်းပြီးသားဖြစ်စေသည်။
ထပ်ဆင့်ကျရောက်ပိုးသည် သိုလှောင်ရုံ၌ ကျရောက်လေ့ရှိသည်။ သီးနှံစိုက်ခင်းတွင် ကျရောက်လေ့မရှိ။ သိုလှောင်ရုံတစ်ခုမှ တစ်ခုသို့ ကူးစက်ပျံ့နှံ့ကြသည်။ သီးနှံအစေ့အဆန်များ ပြောင်းရွေ့ရာမှလည်း ပျံ့နှံ့ကြသည်။ ထပ်ဆင့်ကျရောက်ပိုးသည် သိုလှောင်သီးနှံပုံတွင် နေရာအနှံ့အပြားကျရောက်နိုင်ပြီး အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ဝင်ရောက်ဖျက်ဆီးနိုင်သည်။ ထပ်ဆင့်ကျရောက်ပိုးသည် ကနဦးကျရောက်ပိုးများဖျက်ဆီးထားသော အကျိုးအပဲ့များ၊ ဒဏ်ရာများ အပေါက်များကို အမှုန့်ဖြစ်သွားသည်အထိ ဆက်လက်ဖျက်ဆီး စားသောက်သည်။ စက်ဖြင့်ကြိတ်ရာမှ ဖြစ်ပေါ်လာသော ဒဏ်ရာအနာအဆာရသော အစေ့အဆန်များကိုလည်း အမှုန့်ဖြစ်သည်အထိ စားသောက်ဖျက်ဆီးတတ်ကြသည်။ သီးနှံအစေ့အဆန်ကောင်းများကို ဖျက်ဆီးမှုနည်းပါးသည်။ ထပ်ဆင့်ကျရောက်ပိုးများည် အချို့အဓိကဖျက်ပိုးများအဖြစ် ဆိုးဆိုးဝါးဝါး ဖျက်ဆီးကြသည်။ မုန့်ညက်ပိုးသည် ထပ်ဆင့်ကျရောက်ပိုးသည်။
မြန်မာနိုင်ငံတွင် သိုလှောင်သီးနှံအစေ့အဆန်များအတွက် ပိုး ၂၈ မျိုး အထိ မှတ်တမ်းတင်ထားသည်။ သီးနှံအစေ့အဆန်များ နှစ်စဉ် ဆက်တိုက်သိုလှောင်ထားသော သိုလှောင်ရုံတွင် ပိုးမွှားများ ခိုအောင်းနေလေ့ရှိပြီး ထိရောက်စွာ ကြိုတင်ဆေးဖျန်းကာကွယ်နှိမ်နင်းခြင်း မပြုလုပ်ပါက အပျက်အဆီးများစွာ ရှိနိုင်သည်။
ဓာတုဆေးများကို အသုံးပြု၍ ကာကွယ်နှိမ်နင်းမည်ဆိုပါက အောက်ပါ နည်းလမ်လေးသွယ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
(၁) ဆေးပက်ဖျန်းကာကွယ်နှိမ်နင်းခြင်း
(၂) ဆေးမှုန့်ဖြင့် လူးနယ်ကာကွယ်နှိမ်နင်းခြင်း
(၃) မီးခိုးမှိုင်းတိုက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
(၄) အဆိပ်ငွေ့မှိုင်းတိုက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
ဆေးဖျန်းကာကွယ်နှိမ်နင်းရာတွင် ဆူမီသီယွန်၊ အတဲလစ် စသည့် ဆေးများသုံး၍ သိုလှောင်ရုံအတွင်းအပြင်၊ သီးနှံအိတ်အပြင် မျက်နှာပြင်များကို ပက်ဖျန်းရန်လိုပါသည်။
ဆေးအသုံးပြုရာတွင် ဆေးအစစ် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်းနှုန်းရှိ ထိတွေ့အာနိသင်ဆေးတစ်မျိုးမျိုး အသုံးပြုနိုင်သည်။
ဆေးဖြင့် လူးနယ်ကာကွယ်နှိမ်နင်းခြင်းနှင့် အပုံလိုက် အလွှာလိုက်တွင် အေးခဲ၊ ဆေးမှုန့်ထည့်ပေးခြင်းတို့ဖြစ်သည်။ အသုံးပြုသင့်သော ဆေးများမှာ - အတဲလစ်ကေအိုတီအို၊ ဆူမီသီယွန်ဆေးတို့ဖြစ်ပြီး သီးနှံအစေ့အဆန် တစ်တန်လျှင် ဆေးမှုန့် ၂၀၀ ဂရမ်မှ ၅၀၀ ဂရမ်နှုန်းအထိ အသုံးပြုရန် ဖြစ်သည်။
မီးခိုးမှိုင်းတိုက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းရာတွင် ညနေမှောင်ရီပျိုးစချိန် မီးဖွင့်၍ မီးခိုးမှိုင်းတိုက်ပါက ပို၍ထိရောက်သည်။ အကြိုအကြားရှိ လောက်ကောင်နှင့် ဥပါသေစေနိုင်သည်။
အသုံးပြုရန်ဆေးများ
ထိတွေ့အာနိသင်ရှိသောဆေး အီးစီဆေးရည်တစ်မျိုးမျိုး (ဥပမာ - ဆူမီဆီဒင်၊ ထရီတွန်ဒီစစ်) တို့ဖြစ်သည်။ ဆေးပြင်းအားကို ဒီဇယ်ဆီနှင့်ရောစပ်၍ ပြင်းအား ၅ ရာခိုင်နှုန်း ရရှိရန် ဖျော်စပ်ပြီးမှ အသုံးပြုရန်ဖြစ်သည်။
အဆိပ်ငွေ့မှိုင်းတိုက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းခြင်းတွင် အကြိုအကြားရှိ ပိုး၊ လောက်ကောင်၊ ဥအားလုံး ရုပ်ဖုံးအားလုံး သေစေနိုင်သဖြင့် အထိရောက်ဆုံးနည်းဖြစ်သည်။ အငွေ့ဖြစ်သဖြင့် နေရာတိုင်းကို ပျံ့နှံ့ရောက်ရှိနိုင်သည်။ တစ်ကြိမ်ပြုလုပ်ပေးလျှင် ပိုးမွှားများ ကြာရှည်စွာ ကျရောက်မှုမရှိနိုင်ပေ။ အဆိပ်ငွေ့မှိုင်းတိုက်ရာတွင် ဆေးအမျိုးအစားမှာ ဖွဲ့စည်းတည်ဆောက်မှုအရ သုံးမျိုးခွဲခြားထားသည်။
(၁) အခဲအမျိုးအစား
(၂) အရည်အမျိုးအစား
(၃) ရေဆူမှတ်နိမ့် အမျိုးအစားတို့ဖြစ်ကြသည်၊
ဖို့တောက်စင်၊ ကက်စ်တောက်စင်၊ မက်တောက်စင်၊ ရှန်းဖို့စ် တို့သည် အခဲအမျိုးအစားများဖြစ်သည်။ ကာဗွန် တက်ထွာကလိုရိုက်၊ အီသိုင်လင်း ဘရိုမိုက်၊ အီသိုင်လင်း ဒိုင်ကလိုရစ် တို့သည် အရည်အမျိုးအစားများဖြစ်သည်။ မီသိုင်းဘရိုမိုက် သည် ရေဆူမှတ်နိမ့်အမျိုးအစားများဖြစ်ကြသည်။ အဆိပ်ငွေ့မှိုင်းတိုက်ခြင်းသည် လွန်စွာအန္တရာယ်ကြီးမားသဖြင့် အသုံးပြုမည်ဆိုပါက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် အထူးသတိပြုသင့်သည်။
မောင်ငြိမ်းအောင် (တန့်ဆည်)
လယ်ယာစီးပွားဂျာနယ်မှ ပြန်လည်ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026