မြန်မာနိုင်ငံသို့ ကန္တာရနှံကောင် (ကန္တာရကျိုင်းကောင်) ဝင်ရောက်နိုင်ခြေရှိမရှိ
ကန္တာရနှံကောင်သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (Desert Locust Information Service, DLIS) သည် ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကန္တာရနှံကောင် ကျရောက် ဖျက်ဆီးမှုအခြေအနေများကို ၁၉၉၀ ခုနှစ်များကတည်းကပင် ကျရောက်ဖျက်ဆီးခံရသော နိုင်ငံများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် အစိုးမဟုတ်သောအဖွဲ့အစည်းများကို လစဉ် စာစောင်များထုတ်ဝေကာ အသိပေးထုတ်ပြန်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် www.fao.org/ag/locusts တွင်လည်း ကန္တာရနှံကောင် လက်ရှိရောက်ရှိနေသော နေရာများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး ရှေ့လာမည့် သီတင်းပတ် (၂) ပတ်အတွင်း ရောက်ရှိလာဖွယ်ရှိသည့် နေရာများကိုလည်း ခန့်မှန်းပေးပါသည်။ အဆိုပါအဖွဲ့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များပါဝင်ပြီး ခေတ်မီထောက်လှမ်းရေးကိရိယာများ (ဥပမာ စစ်တပ်သုံး ပုံရိပ်ဖမ်းဂြိုလ်တု၊ မိုးလေဝသဂြိုလ်တု) နှင့်အတူ မြေပြင်သတင်းအချက်အလက်များကို ပေါင်းစပ်စုစည်းကာ ယုံကြည်အားကိုးရလောက်သော သတင်းအချက်အလက်များကို ယနေ့အချိန်အထိ အသိပေးထုတ်ပြန်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံသို့ ကန္တာရနှံကောင်ဝင်ရောက်နိုင်ခြေရှိမရှိကို ကနဦးသုံးသပ်ရာတွင် မိမိနိုင်ငံနှင့် အနီးကပ်ဆုံးတည်ရှိသော နိုင်ငံများ၏ ကန္တာရနှံကောင်တည်ရှိမှု အခြေအနေကို ကြိုတင်သိရှိထားဖို့ လိုအပ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့က ထုတ်ပြန်သော www.fao.org/ag/locusts ထုတ်ပြန်ချက်အရ ပါကစ္စတန်နိုင်ငံ၊ ပြည်နယ်အချို့တွင် လာမည့်သီတင်းပတ်အတွင်း ကန္တာရနှံကောင်များ ဥမှအကောင်ပေါက်ကာ ပိုးမမည်အုပ်စုကြီးဖြစ်ပေါ်လာဖွယ်ရှိပြီး ကန္တာရနှံကောင်အရေအတွက် တိုးပွားလာဖွယ်ရှိပါသည်။ အိန္ဒိယနိုင်ငံ၊ များစွာသောဧရိယာများတွင် ဥအုနေသော ရာဂျက်စ်သန်ပြည်နယ်အနှံ့ အရွယ်ရောက်အုပ်စုများနှင့် ကန္တာရနှံကောင်အုပ်များ ကြီးထွားနေပါသည်။ ယခုအချိန် အထိ ပိုးမမည်အုပ်စုငယ်များနှင့် အုပ်စုကြီးများ ဖြစ်ပေါ်ပြီးဖြစ်သော်လည်း နောက်ထပ် ဆက်လက်ဖြစ်မည့် ဥမှအကောင်ပေါက်ခြင်းကို လာမည့်သီတင်းပတ်များတွင် မျှော်လင့်ရပါသည်။ ဤဇူလိုင်လ၏ ရက်ကျန်များအတွင်း အရှေ့မြောက်ဆိုမာလီယာနိုင်ငံမှ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံနယ်စပ်ဧရိယာသို့ ကန္တာရနှံကောင်အုပ် အရေအတွက်အနည်းငယ် ကျူးကျော်ဝင်ရောက်နိုင်သည်ဟူသော အန္တရာယ်အလားအလာလည်းရှိပါသည်။
အဆိုပါကန္တာရနှံကောင်များကို အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ နှစ်နိုင်ငံစလုံးက ကာကွယ်နှိမ်နင်းမှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိခြင်း၊ ကန္တာရနှံကောင် သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (DLIS) ၏ ကြိုတင်ခန့်မှန်းထားချက်များအရ ယခု ဇူလိုင်လအတွင်း ကန္တာရနှံကောင်ကျရောက်နိုင်ဖွယ်ရှိသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံမပါဝင်ခြင်း၊ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များအရ ကန္တာရနှံကောင်များသည် မော်ရေးရှပ်စ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင်သာ ရှင်သန်ပေါက်ပွားလေ့ရှိခြင်း၊ ကန္တာရနှံကောင်များသည် သဲကန္တာရရှိသော နေရာများတွင်သာ ဥအုလေ့ရှိခြင်း၊ ဆိုင်ကလုံးကဲ့သို့ မုန်တိုင်းဖြင့်သာ လေတိုက်ရာလမ်းကြောင်းအတိုင်း အုပ်စုလိုက် ပျံသန်းလေ့ရှိခြင်း၊ ကန္တာရနှံကောင်များသည် ၄င်းတည်ရှိရာနေရာမှ အရှေ့မြောက်ဖက်သို့ ဦးတည်ပျံသန်းလေ့ရှိခြင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝ အအရံအတားများဖြစ်သော တောင်တန်းများနှင့် သစ်တောကြီးများရှိခြင်းတို့ကြောင့် ကန္တာရနှံကောင် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေနည်းပါးပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020