Gloeosporium ကြောင့် ဖြစ်သော ရော်ဘာရွက်ကြွေရောဂါ
အပူချိန် အလွန်မြင့်မာခြင်း၊ စိုထိုင်းဆများခြင်း၊ မိုးအုံ့ခြင်းတို့ကြောင့်ရော်ဘာ အဖူးကူးထားသော အပင်နှင့်ရော်ဘာပင်ကြီးများတွင် ကျရောက်တတ်ပါသည်။
လက္ခဏာ (Symptom)
ဤရောဂါ ပြင်းထန်စွာ ကျပါက အရွက်များကြွေကျသွားပါသည်။ အရွက်ရင့်များ၌ အရွက်၏ ထိပ်ဖျားများပြတ်၍ အနားများ စုတ်ပြတ်ပြီး အရွက်သည် ပုံပျက်လာပါသည်။ အရွက်၏ မျက်နှာပြင်ပေါ်၌သေးငယ်သော ညိုမည်းသည့် အစက်များ ဖြစ်ပေါ်လာပြီး အရွက်၏ မျက်နှာပြင်တစ်ခုလုံးနှင့် အရွက်၏ အနား၌ အညိုရောင်ဖြင့် ရစ်ထားသော အပေါက်များ ပြန့်ကျဲနေပါသည်။ ဤမှိုသည် ကိုင်းနုကို တိုက်ခိုက်ပါက အဖျားခြောက်၍ အကိုင်းကိုသေစေပါသည်။ ဤရောဂါကို ပုံမှန်အရွက်ကြွေပြီးနောက်ဆုံး အသုတ် အရွက်သစ် ထွက်ချိန်၌တွေ့ရှိ ရတတ်ပါသည်။
ရောဂါဖြစ်စေသောသက်ရှိ (Pathogen) မှာ Gloeosporium alborubrum ကြောင့် ဖြစ်ပွားပါသည်။
ရောဂါဖြစ်ပွားပုံ
အပူချိန်အလွန်မြင့်မားခြင်း။ စိုထိုင်းဆ ၉၆-၁၀ဝ % ရှိခြင်း။ မိုးရွာသွန်းမှု တစ်လကို (၁၀) လက်မနှင့် အထက်ရှိခြင်း။ နေရောင်ရရှိချိန် တိုတောင်းလျှင် ဤရောဂါ ဖြစ်ပွားသည်ကိုတွေ့ရှိရပါသည်။ ရောဂါဖြစ်ပြီးနောက်ပိုင်း၌ ရာသီဥတုသည် စိုစွတ်၍ မိုးအုံ့မည်ဆိုလျှင် ဤရောဂါ ဖြစ်ပွားပါသည်။ ၎င်းရောဂါ ဖြစ်ထားသောရော်ဘာပင်ကြီးများသည် အရွက်သစ် မထွက်နိုင်ချေ။ ဤရောဂါ ကြောင့်ရော်ဘာပင် အစေးထွက်နှုန်း၊ အပင်ကြီးထွားနှုန်းနှင့် အခေါက်အသစ်လဲနှုန်းတို့ကို ကျဆင်းစေပါသည်။
ကာကွယ်နှိမ်နင်းနည်း (Control)
ခြောက်နေသော အကိုင်းများကို ဖြတ်၍ ဖြတ်ထားသောနေရာကိုဆေးကတ္တရာသုတ်လိမ်းပါ။ မြေဩဇာ နိုင်နိုင်ကျွေးပါ။ ကြေးနီ မှိုသတ်ဆေးfunguran 0.2%, Bavistin 0.2%, Bordeaux mixture, Daconil, Copper nordox) ကို အသုံးပြုနိုင်ပါသည်။
နှစ်ရှည်ပင်သုတေသနနှင့် နည်းပညာ ဖွံဖြိုးရေးဌာန (မော်လမြိုင်)
nay
လွန်ခဲ့သော ၁ ပတ် ကရော်ဘာပင်တွင်ကြရောက်တတ်သောရောဂါ ဘာတွေလဲ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....