မြေပဲ ပင်စည်နှင့် သီးတောင့်ပုတ် ရောဂါ
ရောဂါလကၡဏာ
မြေပြင်၏အောက် နားလေး ကပ်နေသောမြေပဲ ပင်စည်ပေါ်တွင် အညိုရင့်ရောင် အနာပြောက်များ စတင်ဖြစ်ပေါ်လာပြီး တဖြေးဖြေး ပင်စည် အပေါ်ပိုင်းသို့ ပျံ့နှံ့ သွားသည်။ အပင်ခြေတစ်ခုလုံး ရှုံ့တွန့်ပြီး အညိုရောင်ပြောင်း သွားသည်။ ရက်အနည်းငယ် ကြာသော်ရောဂါဝင်နေသော အကိုင်းတစ်ခုချင်း စတင် ညှိုးလာသည်။ ထို့နောက် တဖြေးဖြေး တစ်ပင်လုံး ညှိုးသေသွားသည်။ပင်စည် အခြေတွင်ဝါဂွမ်းကဲ့သို့ ဖြူဖွေးနေသော မှိုမျှင် များပေါက်နေပြီးမြေကြီးပေါ်တွင်လည်း မှိုမျှင်များ ပျံ့နှံ့ ယှက်ဖြာနေသည် ကိုတွေ့ရသည်။ ရာသီဥတု ပူနွေး စွတ်စိုပါက မှိုမျှင်များ တစ်ပင်မှ တစ်ပင်သို့ကူးယှက် သွားသည်။ ဖြူဖွေးသော မှိုမျှင်များပေါ်တွင်ဆေးစေ့မှ မုံညင်းစေ့အရွယ်ရှိမှို၏ နားနေ အင်္ဂါဖြစ်သော စကယ်လ်ရိုရှမ် များပေါက်နေသည် ကိုတွေ့ရသည်။ ၎င်းတို့သည် နုစဉ်တွင် ဖြူဖွေးနေသော်လည်း ရင့်လာသောအခါ အညိုရောင်သို့ပြောင်းသွားပြီး မာကြော လာသည်။ ရောဂါကျနေသော အပင်မှမြေကြီးထဲရှိ သီးတောင့်များလည်း ပုတ်ဆွေး သွားသည်။
ရောဂါဖြစ်စေသောမှို
ဤရောဂါသည်Sclerotiumrolfsii မှို၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပွားခြင်း ဖြစ်သည်။ ဤမှိုသည် မျိုးပွား အဆင့်မပြည့်စုံသော မှိုဖြစ်ပြီး စပိုးများ ထုတ်လုပ်ခြင်း မရှိပေ။ စကယ်လ်ရိုရှမ် ဟုခေါ်သော နားနေ အင်္ဂါများသာ ဖြစ်ပေါ်ပြီး ရာသီ ကုန်ဆုံးချိန်တွင် ၎င်းမြေကြီးထဲတွင် ခိုအောင်း အသက်ရှင်နေထိုင်ပြီးနောင် နှစ်စိုက်ပျိုး ရာသီတွင် မျိုးညှောက်ပေါက်ကာ မှိုမျှင်များမှ အပင်ခြေပိုင်းကို ဆက်လက် တိုက်ခိုက်သည်။
ကာကွယ်နှိမ်နင်းခြင်း
- ယခင်နှစ်က ဤရောဂါကျထားသော စိုက်ခင်းတွင်မြေပဲပြန် မစိုက်ပါနှင့်။ ဂျုံ၊ ပြောင်း၊ ပဲပုတ်တို့ဖြင့်သီးနှံ အလှည့်ကျစိုက်ပါ။
- ဤမှိုသည်သီးနှံပင် များစွာ (ဥပမာ-ခရမ်းချဉ်၊ ငရုပ်၊ ပဲမျိုးစုံ)ကို တိုက်ခိုက်နိုင်ပြီးမြေကြီးထဲတွင် ကာလ ကြာရှည်စွာ(နှစ်များစွာ) အသက်ရှင်နေနိုင် သဖြင့်ဤရောဂါ ကျရောက် ဖြစ်ပွား ထားသော အခြား သီးနှံများ၏ စိုက်ခင်း တွင်လည်းမြေပဲမ စိုက်သင့်ပါ။
- မြေဖုံး ပစ္စည်းများ(ဥပမာ-ပြောင်းရိုး) ကိုအသုံးပြုပါ။ သို့သော် အပင်ကို ဒဏ်ရာ မရစေသင့်ပါ။
- နိုက်တြိုဂျင်မြေသြဇာ ထည့်ပေးပါ။
- ပေါင်းရှင်းရာတွင် လည်းအပင်ကို ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။
- သီးနှံ သိမ်းပြီးလျှင်ပင်ကြွင်းပင်ကျန်များကို မီးရှို့ ဖျက်ဆီးပါ။
- မျိုးစေ့ကိုထရိုင်ခိုဒါးမားမှိုနှင့်လူးနယ်ပြီး စိုက်ပါ။
- ကာဘင်ဒါဇင်း(သို့မဟုတ်) ကက်(ပ)တန် မှိုသတ်ဆေးကို မျိုးစေ့ဖြင့် လူးနယ်ပြီး စိုက်ပါ။
- ကွင်တိုဇင်း (Quintozene ဥပမာ Terrclor) နှင့်အက်ထရီဒိုင်ယာဇိုး (Etridiazole ဥပမာTerrazole) တို့ကိုရောစပ်ပြီး စွယ်ချချိန်တွင် ပင်ခြေကို ဖြန်းပေးလျှင် ဤရောဂါကို ကာကွယ် နှိမ်နင်းနိုင်သည်။
ဒေါက်တာ ခင်နှင်းယု
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေပဲသီးတောင့်ပုပ်ရောဂါ
ရာဇာထွန်း
လွန်ခဲ့သော ၃ နှစ် ကရောဂါပြင်းပါတယ်ဆေးဘယ်နှုန်းထားသုံးရပါမလဲဟြေပြပေးပါခင်ဗျာ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Dr. Khin Hnin Yu
အားလုံး