ကာလကပ်ရောဂါအနေနဲ့ကျရောက်တတ်တဲ့ မာလကာမှဲ့ပြောက်စွန်းရောဂါ
ဖျက်စီးမှုလက္ခဏာများ
ရောဂါသည် အပင်၏နုနယ်သောအပိုင်းများဖြစ်သော ရွက်နုများ၊ အညွန့်များ၊ ပန်းပွင့်များနှင့်အသီးကင်းများကို အများဆုံးတိုက်ခိုက်ပါသည်။ မှဲ့ပြောက်စွန်းရောဂါ ကျရောက်ပါက ပျက်စီးမှုလက္ခဏာများကို အဓိကအားဖြင့် အဆင့်နှစ်ဆင့်ဖြင့်တွေ့မြင်ရပါသည်။
ကိုင်းဖျားခြောက်သောအဆင့်
ရွက်နုများ၊ အညွန့်များ၊ သီးကင်းများကိုတိုက်ခိုက်ခံရပြီးနောက် အပင်သည် ကိုင်း၏ထိပ်မှတဖြည်းဖြည်းခြောက်လာပါသည်။ ထိပ်ဘက်အပိုင်းသည် အစိမ်းရောင်မှ အညိုရင့်ရောင်သို့တဖြည်းဖြည်းပြောင်းလဲလာပါသည်။ ထိုမှတစ်ဆင့် အမဲရောင်အနာကွက်များဖြစ်ပေါ်လာပြီး ကိုင်းဖျားခြောက်ရောဂါ ဖြစ်ပေါ်လာပါသည်။ သီးကင်းများလည်း ငိုက်ကျလာပြီး နောက်ပိုင်းတွင် ခြောက်သွားပါသည်။ ဤအဆင့်ကို ဩဂုတ်မှ စက်တင်ဘာလအတွင်းတွင် ကာလကပ်ရောဂါအနေဖြင့် တွေ့မြင်ရတတ်ပါသည်။
အသီးနှင့်အရွက်များ တိုက်ခိုက်ခံရသောအဆင့်
ဤအဆင့်ကိုမူ မိုးတွင်းတွင်သီးတတ်သော မာလကာမျိုးများတွင် အတွေ့ရများပါသည်။ မရင့်မှည့်သေးသော အသီးများပေါ်တွင် ပင်အပ်ခေါင်းပုံအစက်အပြောက်လေးများ ရှေးဦးစွာဖြစ်ပေါ်လာတတ်ပါသည်။ ထို့နောက် အစက်အပြောက်များသည် တဖြည်းဖြည်းကြီးလာပြီး အညိုရင့်ရောင်မှ အမဲရောင်ရှိသော စက်ဝိုင်းပုံနေလောင်ကွက်များ ဖြစ်ပေါ်လာပါသည်။ အနာကွက်၏အလယ်တွင် သေးငယ်သောအမဲရောင်မှိုမျှင်များကို တွေ့ရတတ်ပါသည်။ ၎င်းမှိုမျှင်များသည် စိုစွတ်သောအချိန်တွင် နို့နှစ်ရောင်စပိုးမှုန်များကို ထုတ်ပါသည်။ ရောဂါကျရောက်သောအသီးများလည်း မာကျောလာပြီး ဖော့ကဲ့သို့ဖြစ်သွားတတ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
ကောင်းမွန်စွာစီမံစိုက်ပျိုးပါက ရောဂါတိုက်ခိုက်ခံရမှုမှ ကင်းဝေးစေပါသည်။ ခံနိုင်ရည်ရှိမျိုးများအသုံးပြုပေးရပါမည်။ ရောဂါကျနေသောကိုင်းများကို ဖြတ်တောက်ပေးရပါမည်။ ရွက်ကြွေများနှင့် ရောဂါကျနေသောအသီးများကိုမီးရှို့ပေးရပါမည်။
- ကော့ပါးအောက်စီကလိုရိုဒ် Copper oxichloride 50% WP 4 gm/L
- Captan 75% WS 2.5 gm/L
- မန်ကိုဇက် Mancozeb 75% WP 2.5gm/L နှုန်းထားဖြင့် ပက်ဖျန်းပေးရပါမည်။
Reference : http://matirkatha.net/anthracnose-of-guava/
soeminnoo
လွန်ခဲ့သော ၄ နှစ် ကဆေးဖျန်းပုံးတစ်ပုံလျင် ဘယ်လောက်အချိုးအစားနဲ့ တစ်ဧကကိုဆေးပုံးဘယ်နပုံးလောက်ဖျန်းရမလဲခင်ဗျ
kyawzin
လွန်ခဲ့သော ၄ နှစ် ကသုံးမျိုးလုံးကိုတွဲဖျန်းရမှာလားခင်ဗျ
U Soe
လွန်ခဲ့သော ၄ နှစ် ကs
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from Nyan Thant Zin
အားလုံး
ကျန်းမာရေးအတွက် အကျိုးများတဲ မျောက်ဥအကြောင်း
22/04/2022
ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း
24/01/2022
ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ
13/01/2022
နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ
16/12/2021
ပဲလွမ်းတွင်ကျရောက်တတ်သော ရောဂါများ (၂)
13/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....