ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည်
ဆေးရွက်ကြီးကို ပိုးသတ်ဆေးအဖြစ် အသုံးပြုရာတွင် နီကိုတင်းများများပါသော (ဥပမာ - ဗာဂျီးနီး ယား ဆေးရွက်ကြီး) အမျိုးအစားကို အသုံးပြုရသည်။ အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ - အရွက်၊ အရိုး၊ ရွက်ကြော
အာနိသင်ထိရောက်ပုံ
ပိုးသေ၊ တွန်းလှန်၊ မှိုသတ်၊ မွှားသတ်၊ ထိသေ၊ စားသေ၊ ရှူသေ(အသက်ရှူလမ်းကြောင်း အဆိပ်သင့်)
နှိမ်နှင်းနိုင်သည့် ပိုးမွှားရောဂါများ
ဖျက်ပိုးများ
(၁) ပျပိုးများ
(၂) ဂေါ်ဖီထုပ်ထိုးပိုး
(၃) ခူကောင်များ
(၄) လှေးကျိုင်းများ
(၅) ရွက်ထွင်းပိုးများ
(၆) မွှားများ
(၇) ပင်စည်ထိုးပိုးများ
(၈) သရစ်ပိုးများ
ရောဂါများ
(၁) ပဲ၊ ဂျုံ၊ နနွင်းရောဂါ
(၂) အာလူး မှိုရောဂါ
(၃) ဗိုင်းရပ်စ် ရွက်တွန့်ရောဂါ
လူတို့အပေါ်အန္တရာယ် သက်ရောက်မှု
နီကိုတင်း အာနိသင်ပြင်းထန်းသဖြင့် လူ၊ တိရိစ္ဆာန်တို့ ခန္ဓာကိုယ်များနှင့် မထိမိစေရန် မစားမိစေရန် ဆေးဖျန်းစဉ်တွင် လိုအပ်သော ကာကွယ်မှုများပြုလုပ်ရန် လိုအပ်သည်။ သွေးနွေးသတ္တဝါများ အဆိပ် သင့်စေသဖြင့် စိုက်ခင်းများတွင် ဆေးရွက်ကြီး ပိုးသတ်ဆေးဖြန်းပြီး (၃ - ၄) ရက်ကြာပြီးမှသာ စားသင့် သည်။ ဆေးရည်ပက်ဖြန်းချိန်တွင် အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်နှင့် အထက်တွင် အာနိသင် သက် ရောက်မှုရှိသည်။
ပြင်ဆင်အသုံးပြုနည်း
(က) ဆေးရွက်ကြီး စစ်ကျရည် - စင်းထားသော ဆေးရွက်ကြီး(၆၀) ကျပ်သားကို ရေ(၃) ဂါလံတွင် ပါး ပါးလှီးထားသော ဆပ်ပြာစအနည်းငယ်ရောစပ်ပြီး တစ်ရက်စိမ်ထားပါ။ နောက်နေ့တွင် စစ်ချပြီး ချက် ခြင်းအသုံးပြုပါ။ အသုံးပြုပြီးလျှင် ပစ္စည်းကိရိယာများကို ချက်ခြင်းဆေးကြော သန့်စင်ရမည်။
(ခ) ဆေးရွက်ကြီး ပြုတ်ရည် - ခူကောင်များ၊ ကျိုင်းကောင်များ၊ ပင်စည်ထိုးပိုးများ၊ ရွက်ထွင်းပိုး၊ ပျပိုး နှင့်သရစ်ပိုးများ ကာကွယ်နှိမ်နှင်းရာတွင်လည်းကောင်း၊ ဘဝဖြစ်စဉ်အချို့တစ်ဝက် မြေထဲတွင်နေထိုင် သော ဖြတ်ပိုးကဲ့သို့သောအကောင်များ ကာကွယ် နှိမ်နှင်းရာတွင်လည်းကောင်း အသုံးပြုသည်။
ဆေးရွက်ကြီး (၁၅) ကျပ်သား၊ ဆပ်ပြာရည် (၁.၈၀) ကျပ်သားနှင့် ရေ (၅) ပုလင်း တို့ကိုရောစပ်ပြီး အနည်းငယ် ဆူသည်အထိ မိနစ်(၃၀) ခန့်အပူပေးပါ။ ထို့နောက် အအေးခံပြီးစစ်ချပါက ဆေးရွက်ကြီး ပြုတ်ရည်ကို ရရှိမည်။ ထိုရရှိလာသော ပြုတ်ရည်တစ်ဆလျှင် ရေ (၄) ဆနှုန်း ရောစပ်ပက်ဖြန်းပါ။ မဖောက်ထုံး အနည်းငယ်ရောစပ် ပက်ဖြန်းပေးပါက ပိုးသတ်နိုင်စွမ်း ပိုမိုထက်မြက်ပါသည်။
နောက်တစ်နည်းမှာ ဆူပွက်လာသော ရေနွေး(၅)ပုလင်း၊ ဆေးရွက်ကြီး အရွက် (၃၀) ကျပ်သား၊ မဖောက်ထုံး ဟင်းစားဇွန်း (၂.၅) ဇွန်း၊ ရှားစောင်းအရည် ဟင်းစားဇွန်း (၁.၅) ဇွန်း ရောစပ် ပက်ဖြန်း ခြင်းဖြင့် ပျပိုးနှင့်အာလူးတွင် ကျရောက်တတ်သော မှိုရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်းနှင်း နိုင်သည်။ နီကိုတင်း (၀.၀၁) ရာခိုင်နှုန်းပါအောင် ဖျော်စပ်ထားသော ဆေးရွက်ကြီး ဖျော်စပ်ရည်သည် သီးနှံပင် နနွင်းရောဂါအတွက် ထိရောက်စွာ ကာကွယ်နှိမ်နှင်းနိုင်သည်။
(ဂ) ဆေးရွက်ကြီးမှုန့် - ငရုတ်ပျိုးခင်းတွင် သရစ်ပိုးများမှတဆင့် သယ်ဆောင်ပြန့်ပွားစေသည့် ရွက်တွန့် ဗိုင်းရပ်စ်ပိုး ကာကွယ်ရန်အတွက် ပျိုးပင်ငယ်များ စိုက်ခင်းသို့ ပြောင်းရွေ့မစိုက်ပျိုးမီ ဆေးရွက်ကြီး အမှုန့် ဖြင့် ကြိုတင်ပက်ဖြန်းပေးနိုင်ပါသည်။
(ဃ) ဆေးရွက်ကြီး ရိုးတံများကို စပါးစိုက်ခင်းများတွင် နှစ်စိမ်ပေးခြင်း - စပါးစိုက်ခင်း တစ်ဧကလျှင် ဆေးရိုး (၁ - ၂) ပိဿာနှုန်းဖြင့် ရေအနက် (၂) လက်မခန့်တွင် စပါးမရိတ်သိမ်းမီ (၂) ပတ်အလိုအထိ နှစ်စိမ်ပေးခြင်းဖြင့် စပါးပင်စည်ထိုးပိုး ကျရောက်ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်သည်။
မောင်ဌေးအန့်စာအုပ်များမှ ကောင်းမြတ်(ရေဆင်း) စုစည်းထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
Topic 2
ဆေးရွက်ကြီး ပိုးသတ်ဆေးရည်
Zaw naimg
လွန်ခဲ့သော ၃ လ ကကိုက်လန်မုန့်ညင်းစသောဟင်းသီးဟင်းရွက်တွေရောဖျန်းလို့ရပါသလား --?
MG NYO
လွန်ခဲ့သော ၄ လ ကဆေးရွက်ကြီးကအရိုးချည်းပဲဆိုရပါသလားဗျ ကွမ်းယာဆိုင်တေကမသုံးတဲ့အရိုးတောင်းပီးစမ်းကြည့်ချင်လို့ပါ
စံပယ်
လွန်ခဲ့သော ၃ နှစ် ကဆေးဖြန်းပြီး ရေ လယ်ချိန်လောင်းရမလည်းရှင့်
U NYUNT NGWE
လွန်ခဲ့သော ၄ နှစ် ကကွမ်းယာတွင်အသုံးပြုသော ဆေးရွက်ကြီး သုံးရင်ရနိုင်မလားခင်ဗျ
DawHlaHlaWinn
လွန်ခဲ့သော ၄ နှစ် ကမတ်ပဲနှင့်ပဲတီစိမ်းမှာသုံးလို့ရပါသလား
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....