ပဲတီစိမ်းတွင်ကျရောက်တတ်သော လှေးပိုးအန္တာရာယ်
ပဲတီစိမ်းသည်လည်း မြန်မာနိုင်ငံတွင် အစိုက်များသော သီးနှံတစ်ခုပဲဖြစ်ပါသည်။ စိုက်ပျိုးရာတွင် ဖျက်ပိုးအန္တာရာယ်မှ ကာကွယ် လျှော့ချနိုင်အောင် လုပ်ဆောင်သင့်ပါသည်။ ဖျက်ပိုးများအနက် လှေးပိုးသည်လည်း ပဲတီစိမ်းအထွက်နှုန်းကို သိသိသာသာလျော့ကျစေနိုင်သဖြင့် လှေးပိုးအကြောင်းကိုဖော်ပြလိုက်ပါသည်။
ဖျက်စီးပုံလက္ခဏာ
လှေးပိုးသည် စုပ်စားပိုးဖြစ်ပြီး အရွက်နှင့် ရိုးတံများကို စုပ်စားလေ့ရှိသည်။ ပန်းပွင့်တွင်လည်း ကျရောက်မှုများသည်။ လှေးပိုးကျရောက်လျှင် အပွင့်များမှာ အညိုရောင်ပြောင်းပြီး ခြောက်သွားကာ အပွင့်များကြွေကျပါသည်။ အပွင့်များကိုစုပ်စားသဖြင့် ဝတ်မှုံကူးရာတွင် အနှောင့်အယှက်ဖြစ်ရာ အစေ့အဆံတည်မှုနည်းသွားတတ်ပါသည်။ အသီးဖြစ်ပေါ်မှုလည်း ကျဆင်းပြီး အသီးများပုံပျက်နေသည်ကိုလည်းတွေ့ရနိုင်ပါသည်။ အသီးနုတွင်အဝါကွက်ငယ်များဖြစ်ပြီး အမာရွတ်ငယ်များကိုလည်းတွေ့ရတတ်ပါသည်။
ကာကွယ်နှိမ်နင်းခြင်း
ထယ်၊ ထွန် နက်နက်ဝင်ပေးပါ။ ထယ် ထွန် နက်နက်ဝင်ပေးခြင်းဖြင့် မြေကြီးထဲက ရုပ်ဖုံးအဆင့်လှေးများကို နှိမ်နင်းပြီးသားဖြစ်ပါသည်။ မိတ်ဆွေပိုးများကိုထိန်းသိမ်းပေးပါ။ လှေးမကြိုက်သောအပင်များကို သီးညှပ်အနေဖြင့် ထည့်စိုက်ထားနိုင်ပါသည်။
အခင်းတွင် လှေးပိုးကျရောက်နေလျှင် ပိုးကျရောက်မှုများတဲ့ အပင်အစိတ်အပိုင်းတွေကို ဖယ်ရှားဖျက်စီးပစ်ဖို့လိုပါမယ်။ ပေါင်းမြက်များတွင် ခိုအောင်းနေနိုင်သဖြင့် ပေါင်းမြက်များရှင်းလင်းပေးပါ။
သဘာဝဆေးအနေဖြင့် တမာပိုးသတ်ဆေးကို ထိရောက်စွာအသုံးပြုနိုင်သလို စီးပွားရေးအရထိခိုက်မှုရှိလျှင် ဓာတုပိုးသတ်ဆေး ဖစ်ပရိုနေး (fipronil)၊ သိုင်ရာမီသောက်ဇင် (thiamethoxam) တို့ကိုတွဲဖျန်းပေးနိုင်ပါတယ်။ လှေးပိုးမကျရောက်ခင် ကာကွယ်တဲ့အနေဖြင့် ဓာတုဆေးသုံးလိုလျှင် ဒိုင်နိုတီဖူရမ် (dinotefuran)၊ အစီဖိတ်(acephate)တို့ကို အညွှန်းတိုင်း သေချာစွာ အသုံးပြုပေးနိုင်ပါသည်။
ကိုးကား- https://infonet-biovision.org/PlantHealth/Crops/Green-gram#27436
ဖုန်းမာန်တိုး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 2
ပဲတီစိမ်းလှေးပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
aung zaw myint
လွန်ခဲ့သော ၂ နှစ် ကမရဘူဗျ
ကျော်လင်းသူ
လွန်ခဲ့သော ၃ နှစ် ကလှေးကို ယက်ခပိုးသတ်ဆေးနဲ့ မရဘူးလားဗျ
ဒို့ဦးလေး
လွန်ခဲ့သော ၄ နှစ် ကSpinotiram
Thuyein Win
လွန်ခဲ့သော ၄ နှစ် ကလှေးမကြိုက်တဲ့အပင်ကဘယ်အပင်မျိုးတေကိုပြောတာလည်းဗျ
ဦးသက်နိုင်ဦး
လွန်ခဲ့သော ၄ နှစ် ကတစ်ခြား လှေးနိုင်တဲ့ai တွေပြောပေးပါ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....