မတ်ပဲစိုက်ခင်း လှေးပိုးအန္တာရာယ်
ဖျက်ပိုးများဖျက်စီးခြင်းသည် မတ်ပဲ၏ အထွက်နှုန်းနှင့် အရည်အသွေးကို သိသိသာသာကျဆင်းစေပါသည်။ ဒါ့ကြောင့် သီးနှံများ ပင်ပိုင်းကြီးထွားအဆင့်တွင် အပတ်စဉ်အမြဲစစ်ဆေးနေပြီး အဖူးပွင့်ချိန်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်အနည်းဆုံး စစ်ဆေးသင့်ပေသည်။ ပျိုးပင်ပေါက်အရွယ်နှင့် အသီးအပွင့်တည်ချိန် ပိုးကျရောက်မှုများလျှင် အထွက်နှုန်းကို ဆိုးရွားစွာထိခိုက်စေပါသည်။
မတ်ပဲတွင် အဓိကကျရောက်သော ဖျက်ပိုးများတွင် လှေးပိုးသည်လည်း ကျရောက်မှုအများဆုံးဖြစ်သည်။ လှေးပိုးသည် ဗိုင်းရပ်စ်ကို အဓိကသယ်ဆောင်သော ပိုးလည်းဖြစ်သည်။ မတ်ပဲတွင်ဗိုင်းရပ်စ်ရောဂါကျရောက်လျှင် ဗိုင်းရပ်စ်ရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်းမရှိပဲ လှေးပိုးများကိုသာ နှိမ်နင်းရပါသည်။ ဗိုင်းရပ်စ်ကို အကောင်းဆုံးနှိမ်နင်းပုံမှာ ရောဂါကျရောက်နေသော အစိတ်အပိုင်းများနှင့် ပေါင်းပင်များကို နှိမ်နင်းပေးခြင်းဖြစ်သည်။
ဖျက်ဆီးပုံလက္ခဏာ
ပန်းပွင့်ချိန်
သီးနှံများသည် အပွင့်ပွင့်ချိန်နှင့် အသီးတင်ချိန်တွင် ထိခိုက်မှုများသည်။
ပိုးလောက်လောင်းများနှင့် အရွယ်ရောက်အကောင်များသည် ပန်းပွင့်အတွင်းသို့ ဝင်ရောက်စားသောက်ပြီး ပန်းပွင့်များမြုံကာ အသီးမတည်မှုများဖြစ်သည်။
ပျိုးပင်ပေါက်အချိန်
ကောက်ပဲသီးနှံခင်းများနှင့် နီးကပ်စွာစိုက်ပျိုးထားသော နွေမတ်ပဲသီးနှံများသည် ပိုးကျရောက်နိုင်ခြေ အများဆုံးဖြစ်သည်။ ပျိုးပင်ပေါက်စအချိန်ကတည်းက ဖျက်ဆီးခံရနိုင်သည်။ အရွက်များတွင် ငွေရောင်အစက်အပြောက်များတွေ့ရတတ်ပြီး နောက်ပိုင်းတွင် အရွက်များမဲသွားတတ်ပါသည်။
ကာကွယ်နှိမ်နင်းခြင်း
- ပန်းပွင့်များအတွင်းသို့ ပိုးစစ်ဆေးပါ။ ပန်းတစ်ပွင့်တွင် လှေးပိုး ၄-၆ ကောင်ရှိနေပြီဆိုလျှင် နှိမ်နင်းဖို့လိုပါပြီ။
- ပေါင်းမြက်များကိုရှင်းလင်းပေးပါ။
- သဘာဝဆေးအနေဖြင့် တမာပိုးသတ်ဆေးနှင့် ဆေးရွက်ကြီးစိမ်ရည်တို့ကို အသုံးပြုနိုင်သည်။
- စီးပွားရေးအရထိခိုက်မှုရှိလာလျှင် ဓာတုဆေးအနေဖြင့် ဖစ်ပရိုနေး၊ သိုင်ရာမီသောက်ဇင်၊ ဒိုင်နိုတီဖူရမ်၊ အစီဖိတ်တို့ကို အညွှန်းအတိုင်းအသုံးပြုနိုင်ပါသည်။
ကိုးကား- http://www.mungbean.org.au/pests.html
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မတ်ပဲလှေးပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Soe maung
လွန်ခဲ့သော ၂ နှစ် ကာူးူုဲ့းြးူ့ထျဈေးဆတကြုူ္
KO chit
လွန်ခဲ့သော ၄ နှစ် ကဘယ်လို့ဆေးတွေကိုသုံသင့်ပါသလဲ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကရပါတယ်ဗျ
Aung Aung
လွန်ခဲ့သော ၄ နှစ် ကမတ်ပဲဖားဥမှိုရောဂါကိုဒိုင်ဖန်နိုကိုနာဇောနဲ့ဆာလဖာရောဖြန်းလို့ရလား
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026