နနွင်း ပိုးသတ်ဆေး
စားသုံးပင်အဖြစ်လည်းကောင်း၊ ပရဆေးပင်အဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။ ဟင်းလျာ များတွင် မပါမဖြစ်ပစ္စည်းဖြစ်သည်။ စားသုံးဆီများတွင်ပါဝင်သော အဆိပ်ကို သတ်ရန်အတွက် လည်းကောင်း (ဆီသတ်သည်)၊ အရောင်လိုအပ်ချက်အရလည်းကောင်း အသုံးပြုကြသည်။ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးပြီး ဥရောပသို့ ဟင်းခတ်အမွှေးအကြိုင်ဖြစ် ရောင်းဝယ်ဖောက်ကားကြသည်။ ရေမဝပ်သော နုန်းမြေ၊ မြေနုကျွန်းမြေများတွင် စိုက်ပျိုးဖြစ် ထွန်းသည်။
အသုံးပြုနိုင်သော အစိတ်အပိုင်း - နနွင်းတက်။
စွမ်းအင်သတ္တိ - ပိုးသတ်ဆေး၊ တွန်းကန်ဆေး။
နှိမ်နင်းနိုင်သော ပိုးမွှားများ - ငမြှောင်တောင်/ ပိုးနဂါး၊ ပဲပိုးထိုး၊ ဆန်ပိုးထိုး၊ ခေါင်းလုံးကျိုင်း၊ မွှား၊ မုန့်ညက်ထိုးပိုး၊ ခူကောင်များ။
အသုံးပြုနည်း
နည်း (၁)။ နနွင်းတက်များကို အခြောက်ခံအမှုန့်ထောင်း၍ နွားကျင်ငယ်ရေဖြင့် (၁ ; ၂) သို့ (၁ ; ၆) ရောစပ်၍ ပက်ဖျန်းခြင်းဖြင့် ခူကောင်များကို နှိမ်နင်းနိုင်သည်။
နည်း (၂)။ နနွင်းမှုန့်ဖျော်ရည်တွင် ဂုန်လျှော်ကြိုးများကို နှစ်စိမ်ကာ စိုက်ခင်းများပေါ်တွင် တန်း ၍ချည်ထားခြင်းဖြင့် ပိုးများကို တွန်းကန်သော အာနိသင်ရှိစေသည်။
နည်း (၃) ။ နနွင်းတက်များကို အခြောက်ခံအမှုန့်ထောင်း၍ Acetone တွင် ဖျော်စပ်ပြီး ဖျော်ရည်တစ်ဆ ရေငါးဆရော၍ ပက်ဖျန်းပေးခြင်းဖြင့် ငမြှောင်တောင်/ ပိုးနဂါးများကို ၂ ရက်အတွင်း ၉၀ - ၁၀၀ ရာခိုင်နှုန်း သုတ်သင်နိုင်စွမ်းရှိသည်။
နည်း (၄) ။ အစေ့အဆန်များကို နနွင်းမှုန့် (၂) ရာခိုင်နှုန်းနှင့် ရောစပ်မွှေသမပြီး သိုလှောင်ပါက ဆန်စေ့ထိုးပိုး၊ ခေါင်းလုံးကျိုင်းများ ကာကွယ်ပေးနိုင်သည်။
အပင်အခြေခံ ပိုးသတ်ဆေးများပြုလုပ်သုံးစွဲနည်းစာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....