ကုလားပဲ ပင်ညှိုးရောဂါ (Wilt)
ရောဂါလက္ခဏာမှာ အပင်ငယ်စဉ်တွင် ရောဂါရ အပင်သည် အရွက်များအောက်သို့ ငိုက်ကျခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ မြေကြီးပေါ်သို့ လဲကျနေခြင်းများ တွေ့ရှိနိုင်သည်။ လဲကျနေသော ပင်စည်သည် သိမ်ပြီး ရှုံ့နေသည်။ အမြစ်ပိုင်း၏ ပြင်ပ လက္ခဏာသည် ထူးခြား ပြောင်းလဲမှု မရှိပါ။ အမြစ်၏ အတွင်းသား ခွဲကြည့်လျှင် အညိုရောင် ပြောင်းလဲနေသည်ကို တွေ့ရပါသည်။

ဓာတ်ပုံ- ရောဂါရ ပင်စည်၏ အတွင်းပိုင်းတွင် အနက်ရောင် ဖြစ်နေပုံ
အပင်ကြီးအဆင့်တွင် အသီးသီးချိန်အထိ ပင်ညှိုးခြင်းကို တွေ့နိုင်သည်။ ပထမ အညွန့်အရွက်များ ငိုက်ကျလာပြီး (၂-၃) ရက်အတွင်း တစ်ပင်လုံး ညှိုးလာသည်ကို တွေ့နိုင်ပါသည်။ ဤအပင်များသည် တဖြည်းဖြည်း အစိမ်းရောင် ဖျော့လာပြီးနောက် ကောက်ရိုးရောင်သို့ ပြောင်းလာသည်။ ပင်စည်ကို ခွဲကြည့်လျှင် အူတိုင်သည် အနက်ရောင်သို့ ပြောင်းလဲနေသည်ကို တွေ့နိုင်ပါသည်။ တစ်ခါတစ်ရံ တစ်ပင်လုံး ညှိုးခြင်း မရှိပဲ ပင်ကိုင်းတစ်ခု သို့မဟုတ် အချို့သာ ညှိုးနေသည်ကို တွေ့နိုင်သည်။

ဓာတ်ပုံ- ရောဂါကျစတွင် အရွက် အချို့ ညှိုးပြီး ခြောက်နေပုံ
ရောဂါခံနိုင်ရည်နည်းသော မျိုးများတွင် စိုက်ပြီး (၂၅) ရက် အကြာ၌ ရောဂါစတွေ့နိုင်သည်။ အပင်ငယ်စဉ်တွင် ပင်ညှိုး ပင်သေတို့အား အခြားမြစ်ပုပ်၊ မြစ်ဆွေးရောဂါများနှင့် ရောနိုင်၍် သေချာစွာ စစေ်ဆးကြည့်ရန် လိုအပ်ပါသည်။ ရောဂါဖြစ်စေသက်ရှိမှာ Fusarium oxysporum f.sp.ciceri ဖြစ်သည်။
ရောဂါသံသရာ
ဤပင်ညှိုးရောဂါသည် အေးသော ရာသီဥတု (၂၀-၂၅) ဒီဂရီ စင်တီဂရိတ်ကို ကြိုက်နှစ်သက်ပါသည်။ ရောဂါဖြစ်စေသော မှိုသည် ရောဂါရ ပင်ကြွင်း ပင်ကျန်များ မျိုးစေ့များတွင် ခိုအောင်းနေနိုင်ပါသည်။
ယင်းရောဂါရ အပင်အစိတ်အပိုင်းများ မျိုးစေ့များသည် အခြားရောဂါကင်းသော မြေတွင် ကျရောက် သွားပါက ထိုမြေတွင် နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပါသည်။ ဤရောဂါ ဖြစ်စေသော မှိုသည် မြေစေးမြေများတွင် ကြာရှည်စွာ တည်ရှိနေနိုင်ပါသည်။ ဤနည်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ရောဂါ ကူးစက်မှု အဓိက ဖြစ်စေပါသည်။ ထို့အပြင် ပဲရာဇာ၊ ပဲစင်းငုံနှင့် အခြား ပဲမျိုး အချို့တို့သည် ရောဂါဖြစ်မှိုကို လက္ခဏာမဲ့ သယ်ဆောင်နိုင်စွမ်း ရှိကြသည်။
ကာကွယ် နှိမ်နင်းနည်းများ
- အမျိုးအစားကောင်းသော ရောဂါကင်း မျိုးစေ့ကို သုံးပါ။ မျိုးစေ့ဆောင်ရောဂါများအတွက် ဘီနိုမိုင်း (Benomyl) ၂ ကျပ်သားကို မျိုးစေ့ (၁) တင်းနှုန်းဖြင့် လူးနယ် စိုက်နိုင်ပါသည။်
- သီးလှည့် စနစ်ဖြင့် အနည်းဆုံး (၆) နှစ် ခြား၍ စိုက်ပါ။
- Tebuconazole (တက်ဗျူကိုနာဇိုး)၊ Hexaconazloe (ဟက်ဇာကိုနာဇိုး)၊ Iprodione (အစ်ပရိုဒီအုန်း)၊ Carbendazim (ကာဗစ်ဒါဇင်)၊ Validamycin (ဗလစ်ဒါ မိုက်စင်) စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်သည်။
-
မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် (www.doa.gov.mm) နည်းပညာများ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကုလားပဲပင်ညှိုးရောဂါ
MG Oo
လွန်ခဲ့သော ၅ နှစ် ကကုလာပဲမှာမြေအခြင်ကျိုက်သလိုမြေအဆိုလဲမကျိုက်ပါထွန်ရေကလဲကျမ်မှကျိုက်တာအဲဒါမှပင်ညိုပင်သေရောဂါကိုတစ်ဖတ်တလမ်းမှကာကွယ်သလိိုပါဘဲ
Thant Zin Aung
လွန်ခဲ့သော ၅ နှစ် ကကုလားပဲ တော့မစိုက်ဖူးဘူးဒါပေမဲ့ ဘာစိုက်စိုက်မျိုးမသန့်ဘုူးဆိုလျှင်အရမ်းဒုက္ခရောက်တယ်ဗျ့
Ko Thet
လွန်ခဲ့သော ၅ နှစ် ကထရိုင်ဂိုဒါးမားကိုလဲရောဂါကာကွယ်ရန်သုံးကြတယ်
ချစ်ဦး
လွန်ခဲ့သော ၅ နှစ် ကကုလာပဲသက်နုရောကာဘာသုံးရင်ကောင်မလဲဗျာ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....