ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများထုတ်လုပ်ခြင်း၊ မြေဆီလွှာ၊ စားနပ်ရိက္ခာဘေးကင်းလုံခြုံမှုနှင့် အာဟာရ
ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများ ထုတ်လုပ်ခြင်း
ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများ ထုတ်လုပ်ရာတွင် အခြေခံအကျဆုံအချက်မှာ ကျန်းမာသန်စွမ်းသော မြေဆီလွှာတွင်ထုတ်လုပ်ခြင်းဖြစ်သည်။
သီးနှံပင်များကြီးထွားဖွံဖြိုးရန် မရှိမဖြစိလိုအပ်သော အာဟာရများ၊ရေ၊အောက်စီဂျင်နှင့် အမြစ်ကောင်းစွာဖွံဖြိုးနိုင်ရန် မြေဆီလွှာမှ ထောက်ပံ့ပေးသည်။
ကျန်းမာသန်စွမ်းသော မြေဆီလွှာဖြစ်ရန် စီမံဆောင်ရွက်ခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။
မြေဆီလွှာ၏လုပ်ဆောင်ချက်များ
-
ပိုးမွှားရောဂါနှင့် ပေါင်းပင်များကာကွယ်နှိမ်နင်းခြင်း
-
အပင်အတွက်မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်များလှည့်ပါတ်သုံးစွဲစေခြင်း
-
မြေဆီလွှာတည်ဆောက်မှုကို တိုးတက်စေခြင်း
မြေဆီလွှာသည် အပူချိန်ရုတ်တရက်ပြောင်းလဲခြင်းကြောင့် အပင်၏အမြစ်များ ထိခိုက်ပျက်စီးခြင်းမှကာကွယ်ရန် ကြားခံအဖြစ်ဆောင်ရွက်ပေးသည်။
ကျန်းမာသန်စွမ်းသော မြေဆီလွှာသည် ၎င်း၏ကာဗွန်ပါဝင်မှုကို ထိန်းသိမ်းထားခြင်း သို့မဟုတ် တိုးတက်စေခြင်းဖြင့် ရာသီဉတုပြောင်းလဲခြင်းကိုလျှော့ပါးစေသည်။
မြေဆီလွှာသည် အစားအစာများထုတ်လုပ်မှု၏အခြေခံအကျဆုံးဖြစ်ပြီး အားလုံးနီးပါးသောသီးနှံပင်၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးရာ နေရာလည်းဖြစ်သည်။

မြေဆီလွှာ၊ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် အာဟာ
ကျွန်ုပ်တို့စားသုံးနေသည့် အစားအစာများ၏ ၅၀% ကိုမြေဆီလွှာမှ ထုတ်လုပ်ပေးခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း (၅၀) ခန့်မှစ၍ စိုက်ပျိုးနည်းပညာများ ထွန်းကားလာပြီး အစားအစာထုတ်လုပ်မှုပမာဏ တိုးတက်လာခဲ့ကာ အကျိုးဆက်အားဖြင့် မြေဆီလွှာနှင့် ပတ်ဝန်းကျင်အပေါ်တွင် ဆိုးကျိုးများသက်ရောက်ခဲ့ပါသည်။ နိုင်ငံပေါင်းများစွာတွင် သီးနှံထုတ်လုပ်မှုကို အင်တိုက်အားတိုက်ဆောင်ရွက်လာခြင်းအားဖြင့် မြေဆီလွှာများ ပျက်သုဉ်းလာခဲ့ပြီး အနာဂါတ်တွင်စိုက်ပျိုးထုတ်လုပ်မှုအတွက် အန္တရာယ်ရှိသည့်အခြေအနေတစ်ရပ်ကို ရောက်ရှိလာခဲ့ပါသည်။ တစ်စင်တီမီတာ မြေဆီလွှာထုဖြစ်ပေါ်ရန် နှစ်ပေါင်း (၁၀၀)ခန့် အချိန်ယူရပါသည်။ ကျန်းမာသန်စွမ်းသော မြေဆီလွှာနှင့် ၎င်း၏အာဟာရပါဝင်မှုက စိုက်ပျိုးသီးနှံများ၏ အာဟာရဆိုင်ရာ အရည်အသွေးပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါသည်။
ရေရှည်တည်တံ့သည့် မြေဆီလွှာစီမံခန့်ခွဲမှု
အမျိူးမျိူးသော စိုက်ပျိုးနည်းစနစ်များအား လိုက်နာကျင့်သုံးခြင်းဖြင့် ရေရှည်တည်တံ့သော မြေဆီလွှာစီမံခန့်ခွဲမှုကို အားပေးရာရောက်ပါသည်။
စိုက်ပျိုးဂေဟဗေဒ
အမျိူးမျိူးသော နည်းပညာအလေ့အကျင့်နှင့် တီထွင်ဆန်းသစ်မှုများကို အခြေခံ၍လုပ်ကိုင်ခြင်း။ (ဒေသဆိုင်ရာ ဗဟုသုတနှင့် ခေတ်မီနည်းပညာများပါဝင်)
သြဂဲနစ်လယ်ယာ
ဓာတုဗေဒပစ္စည်း၊ဗီဇပြုပြင်ဖန်တီးထားသောအရာ၊ အပင်ကြီးထွားစေသောအရာ၊ တိရစ္ဆာန်အစာများတွင် ဖြည့်စွက်ထည့်သွင်းထားသောအရာများအသုံးမပြုဘဲ စိုက်ပျိုးထုတ်လုပ်ခြင်း။
ရေရှည်တည်တံ့သော စိုက်ပျိုးနည်း
မြေဆီလွှာကို နည်းနိုင်သမျှအနည်းဆုံးထွန်ယက်ခြင်း၊ မြေဖုံးစိုက်နည်း(အမြဲ)၊ သီးလှည့်စိုက်ပျိုးခြင်းများ ကျင့်သုံးခြင်းဖြင့်မြေဆီလွှာပျက်သုဉ်းခြင်းကိုလျော့ချကာ မြေဆီလွှာကို တိုးတက်ကောင်းမွန်စေပြီး အထွက်နှုန်းတိုးတက်စေခြင်း။
စိုက်ပျိုးသစ်တောရောနှော စိုက်ပျိုးခြင်း
သမာရိုးကျ/ခေတ်မီလယ်ယာ အသုံးပြုနည်းဖြင့် နှစ်ရှည်ပင်များအား ရာသီသီးနှံများ/တိရစ္ဆာန်မွေးမြူခြင်းလုပ်ငန်းများဖြင့် ပေါင်းစပ်လုပ်ကိုင်ခြင်း။
မထွန်ယက်ခြင်း(လုံးဝ)
၎င်းကို ရေရှည်တည်တံ့သော စိုက်ပျိုးခြင်းတွင် အမြဲ (သို့) တစ်ဝက်တစ်ပျက် ရှိနေသော သြဂဲနစ်မြေဆီလွှာကို ထိန်းသိမ်းနိုင်ရန်အတွက် ကျင့်သုံးခြင်းဖြစ်သည်။ အကျိုးအားဖြင့် မြေဆီလွှာ၏အာဟာရကို မျှတစေသည်။
ရေရှည်တည်တံ့သော မြေဆီလွှာစီမံခန့်ခွဲမှုကို လုပ်ဆောင်ခြင်းအားဖြင့် အစားအစာထုတ်လုပ်မှုကို
၅၈% အထိတိုးတက်လာစေနိုင်ပါသည်။
Source - PC Myanmar

Content provider
PC Myanmar
PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....