၂၀၂၃-၂၄ ရဲ့ "အယ်လ်နီညို" ကာလအပေါ် ဆရာဦးဝင်းနိုင်ရဲ့ ခန့်မှန်းသုံးသပ်ချက်များ
၂၀၂၃-၂၄ "အယ်လ်နီညို" က ၂၀၁၄-၁၅-၁၆ "အယ်လ်နီညို"နဲ့တူနိုင်မလား? ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို Greenway ဖုန်းဆော့ဝဲကနေပြီး ရေးသားတင်ပြပေးခဲ့ဖူးပါတယ်။ အဲ့ဒီဆောင်းပါးမှာ ၂၀၁၅-၁၆ အယ်လ်နီညိုဖြစ်ခဲ့စဉ်က မြန်မာနိုင်ငံမှာ မုန်တိုင်းတစ်လုံးမှဝင်ရောက်ခဲ့တာမရှိပေမဲ့ ဧရာဝတီမြစ်တလျှောက် မိုးအလွန်များခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာကို အခုလိုရေးသားတင်ပြပေးခဲ့ပါတယ်။
"၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်ဖျားပိုင်းမှ မြစ်ဝကျွန်းပေါ်ဒေသအထိ ရာသီဥတုဖြစ်စဉ်မှတ်တမ်းတွေကိုလေ့လာတဲ့အခါ မြစ်ကြီးနားဒေသလို အေးတတ်တဲ့ဒေသတောင်မှ မတ်လမှ ဇွန်လအထိ အပူချိန် ၃၅ °C မှ ၃၈ °C အထိမြင့်တက်ခဲ့ပြီး ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ မိုးသည်းထန်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာဘဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးတော့ တစ်ကြိမ်က ဆိုင်ကလုန်းမုန်တိုင်း KOMEN(03B - အမည်ရဆိုင်ကလုန်းမုန်တိုင်း)ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဩဂုတ်လ ၂ ရက်နေ့မှာဝင်ရောက်သွားပါတယ်။ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းတစ်လုံးမှ ဝင်ရောက်ခြင်းမရှိခဲ့ပေမဲ့ ဆိုင်ကလုန်း KOMEN ရဲ့ သက်ရောက်မှုက မုန်တိုင်းလမ်းကြောင်းညာဘက်ခြမ်းကမြန်မာနိုင်ငံမှာ မိုးသည်းထန်ခဲ့ပြီး ဧရာဝတီမြစ်တစ်လျှောက် ဆိုးရွားတဲ့ရေကြီးရေလျှံမှုတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ ၂၀၁၅ ရေကြီးခြင်းဖြစ်စဉ်မှာ ၄၆ ဦး သေဆုံးကာ လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့ ကြရကြောင်း၊ အိမ်ခြေ ၁၇,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းတွေမှာတွေ့ရပါတယ်။"
အသေးစိတ်ပြန်လည်ဖတ်ရှုလိုပါက>>> ၂၀၂၃-၂၄ "အယ်လ်နီညို" က ၂၀၁၄-၁၅-၁၆ "အယ်လ်နီညို"နဲ့တူနိုင်မလား?
အခု ၂၀၂၃-၂၄ အယ်လ်နီညိုဖြစ်လာတဲ့အခါ ၂၀၁၅-၁၆ အယ်လ်နီညိုလိုပဲ ဖြစ်လာနိုင်မလားဆိုတာကိုစိုးရိမ်ခဲ့မိပေမဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်ဆိုတာမျိုးက ဘယ်လိုပုံစံနဲ့ ဖြစ်လာမယ်ဆိုတာတော့ အတိအကျကြိုတင်မခန့်မှန်းနိုင်ခဲ့ဘူးဆိုတာ ဝန်ခံရပါမယ်။
၂၀၂၃ ခုနှစ်အစပိုင်း အယ်လ်နီညိုအစပျိုးချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ - MOCHA"၊ အိန္ဒိယမိုးလေဝသဌာနက သတ်မှတ်ခြင်းမရှိခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ(Tropical Cyclone-TC 03B နဲ့ 04B) အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း HAMOON - အခုနိုဝင်ဘာလ ၁၇-၁၈ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုပဲ ထပ်မံဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း MIDHILI နဲ့ GFS model က ထပ်ပြီးတွေ့နေသေးတဲ့ လေဖိအားနည်းရပ်ဝန်း(သူကတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာနိုင်တော့ကြောင်းတွေ့ရ)တွေကြောင့် ဘင်္ဂလားပင်လယ်အော်မှာ ၂၀၂၃ ခုနှစ်အတွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့် အားကောင်းတဲ့မုန်တိုင်း ၅ လုံးအထိ ဖြစ်လာတာတွေ့ရပါတယ်။

ရေနှင့်ပတ်သက်သော သဘာဝဘေးအန္တရာယ်များကြုံတွေ့ရခြင်းအနေနဲ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာ မိုးအလွန်များပြီးတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ပဲခူးမြို့နဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွေမှာ မကြုံစဖူး-ထူးကဲတဲ့ရေကြီးခြင်းတွေဖြစ်ခဲ့ပါတယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်(ဘီးလင်းမြို့)အတွင်းက ဘီးလင်းမြစ်ရေလျှံတာနဲ့ မိုးအလွန်များခဲ့တာကြောင့် စပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးခဲ့ရပြီး၊ မြဝတီလမ်းမကြီးပေါ်က တံတားတွေပျက်စီးခဲ့လို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်တဲ့အထိဖြစ်ခဲ့ပါတယ်။ ရေကြီးခြင်းဖြစ်စဉ်အားလုံးကို ခြုံပြီးကြည့်လိုက်ရင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအတွင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ရင့်မှည့်နေတဲ့ စပါးခင်းတွေ ဧကသောင်းနဲ့ချီပြီး ရေနစ်မြုပ်ပျက်စီးခဲ့ကာ လူနေအိမ်ခြေတွေ ရေနစ်မြုပ်တာခဲ့တာကြောင့် အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းရေးတွေ တစ်လ နီးပါးလုပ်ခဲ့ကြရပါတယ်။
၂၀၂၃ ခုနှစ် မုတ်သုံရာသီအပေါ်သက်ရောက်မှုများဖြစ်ပေါ်ခြင်း
၂၀၂၃ ခုနှစ် မိုးရာသီကာလအတွင်း မုတ်သုံပုံမှန်ရက်ထက် ၁ ပတ်ကျော်စောပြီးဝင်တယ်၊ ပုံမှန်ရက်ထက် ၃ ရက်ခန့်နောက်ကျပြီးဆုတ်ခွာတယ်ဆိုတဲ့ မုတ်သုံအဝင်အထွက်ပုံမမှန်တာတွေဖြစ်တာကိုလဲ ဒီနှစ်ရဲ့ အယ်လ်နီညိုနဲ့အတူတွေ့နေရပါတယ်။ မိုးလွန်ကာလအဆုံးသတ် နိုဝင်ဘာလကုန်အထိ လဝက်လောက် ရက်တွေ ကျန်နေသေးတဲ့အချိန်အတွင်း မိုးလွန်ကာလရဲ့အခြေအနေက ဘယ်လောက်အထိ ဆိုးရွားပြီးမှ ၂၀၂၃ ခုနှစ်ရဲ့ ဆောင်းရာသီကိုရောက်လာနိုင်မယ်ဆိုတာမသိသေးပါဘူး။
နိုဝင်ဘာလကုန်အထိ မိုးအနည်းငယ်ရွာနိုင်သေးသော်လည်း မုန်တိုင်းများဖြစ်လာနိုင်ချေ
လက်ရှိအချိန်အထိ ကြိုတင်ခန့်မှန်းချက်တွေမှာတော့ နိုဝင်ဘာလမကုန်မီ တစ်နိုင်ငံလုံးမှာ ညအပူချိန်တွေဆက်လက်ကျဆင်းလာမယ်၊ နိုင်ငံတောင်ပိုင်းဒေသတွေမှာ တောင်တရုတ်ပင်လယ်မှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေကြောင့် အရှေ့ဘက်ကဝင်ရောက်လာတဲ့ မိုးတိမ်အချို့ဆက်လက်ရွေ့လျားလာပြီး မိုးအနည်းငယ်ရွာနိုင်သေးတယ်၊ ခုချိန်အထိရရှိပြီး ကြိုတင်ခန့်မှန်းတွေမှာ နိုဝင်ဘာလ လကုန်ပိုင်းကျရင် ထိုင်းပင်လယ်ကွေ့ဘက်က ဝင်ရောက်လာတဲ့ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ချေရှိနေကြောင်း တွေ့ရပါတယ်။

အယ်လ်နီညိုကာလပြီးဆုံးသည်အထိ ကြုံတွေရနိုင်ဖွယ်ရှိသေးသော သဘာဝဘေးများ
ဒါကြောင့် ကျန်ရှိနေသေးတဲ့ မိုးလွန်ကာလ၊ အယ်လ်နီညိုအားအကောင်းဆုံးဖြစ်လာနိုင်တဲ့ ဒီဇင်ဘာလနဲ့ ၂၀၂၄ ဇန်နဝါရီလတွေမှ ၂၀၂၃-၂၄ နွေရာသီနဲ့ မိုးဦးရာသီကာလတွေအတွင်းမှာ ပူပြင်းခြောက်သွေ့ပြီးရေရှားပါးတာ၊ မိုးဦးကာလ-မုန်တိုင်းတွေဖြစ်လာနိုင်တာစတဲ့ သဘာဝဘေးတွေကျရောက်နိုင်တာကြောင့် ရာသီဥတုပြောင်းလဲခြင်းဘယ်လောက်ပဲ ကျနော်တို့ရဲရဲဝံ့ဝံ့ဆက်ပြီး ရင်ဆိုင်ကြနိုင်ကြဖို့ ပြင်ဆင်ထားရပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026