လေဖိအားနည်းရပ်ဝန်းများ အရှိန်ကြောင့် နောက် ၅ ရက်အတွင်းထိ မိုးများနိုင်မည့်ဒေသများ
အနည်းဆုံး အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ရောက်ရှိလာနိုင်မယ့် NVEST-90B တစ်ခု ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဒီနေ့ စတင်ဖြစ်ပေါ်လာမှု၊ တောင်တရုတ်ပင်လယ်က ဖြတ်လာတဲ့ လေဖိအားနည်းရပ် ဝန်းကြောင့်ဖြစ်လာတဲ့ လေစီးကြောင်းတွေ မြန်မာနိုင်ငံတွင်းကို ဖြတ်ဝင်လာမှုတို့ကြောင့် ဒီနေ့ကစလို့ နောက် ၅ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးများ မှုတွေ ရှိနေမှာဖြစ်တယ်လို့ နိုင်ငံတကာ မိုးလေဝသအခြေအနေများကို စောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီလိုမိုးများနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ မနက်ဖြန်မနက်ထိ အခြေအနေ၊ ၃ ရက်အတွင်းအခြေအနေ၊ နောက် ၅ ရက်အတွင်း အခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ကို Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိနှင့်မနက်ဖြန်မနက်ထိ မိုးများနိုင်သည့်ဒေသများ
" အလယ်ပိုင်းထဲက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းတစ်ခုလုံး၊ ဧရာဝတီတိုင်းတစ်ခုလုံး၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နောက်ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း အဲ့ဒီနေရာတွေမှာ မိုးရွာမယ်။ ကျန်တာက ဘယ်နေရာတွေဖြစ်မလဲဆိုတော့ ရခိုင်ပြည်နယ်တောင်ပိုင်း တစ်ခုလုံးနဲ့ ရှမ်းပြည်နယ်တစ်ခုလုံးကျန်မယ်။ သူတို့ကတော့ မရွာဘူးတော့မဟုတ်ဘူး။ မိုးနည်းမှာ"
နောက် ၃ ရက်အတွင်း မိုးများနေမည့်ဒေသများ
" နောက် ၃ ရက်အတွင်းဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားဝန်းကျင်၊ နောက်ပြီးတော့ ချင်းပြည်နယ် ကလေးမြို့အနောက်ဘက် ချင်းတောင်တန်းတွေဘက်။ ဒီလောက်ပဲ မိုးနည်းနေမှာ။ ကျန်တဲ့နေရာတွေ အကုန်လုံး မိုးများမှာပဲ။ တစ်နိုင်ငံလုံး မိုးများလာပြီလို့တောင် ပြောလို့ရတယ်"
နောက် ၅ ရက်အတွင်း မိုးများနေမည့်ဒေသများ
" နောက် ၅ ရက်အတွင်းဆိုရင်လည်း တစ်ပြည်လုံးလို့ ပြောရမှာပဲ။ အဲ့ဒီထဲမှာမှ မိုးများမယ့် အနေအထားက အလယ်ပိုင်း။ အဲ့မှာတော့ မိုးများမယ်၊ မိုးသည်းထန်မယ်။ ပြီးတော့ ဧရာဝတီကမ်းရိုးတန်းတစ်လျှောက်၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်၊ နောက်ပြီးတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒါတွေမှာ မိုးများမယ်"
ဘယ်လိုအရှိန်သက်ရောက်မှုတွေကြောင့် မိုးရွာသွန်းမှုတွေဖြစ်မှာလဲ

" အခုလောလောဆယ်(ယနေ့ မွန်းလွဲ ၃ နာရီခန့်အခြေအနေ) မှာ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်မှာ ဗီယက်နမ်ဘက်က ဝင်လာတဲ့ လေဖိအားနည်းရပ်ဝန်းက မြေပြင်အနေအထားတွေကြောင့် ပျက်ချင်သလို ဖြစ်နေပြီ။ ဒါပေမဲ့ သူ့ရဲ့အရှိန်နဲ့ လေစီးကြောင်းက ထိုင်းနိုင်ငံကနေဖြတ်ပြီး မြန်မာပြည်တောင်ပိုင်းကနေဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ INVEST 90 B နဲ့ သွားပေါင်းနေတာ။ အဲ့ဒီမှာ INVEST 90 B ရဲ့ အောက်ဘက် က လေစီးကြောင်းက မြန်မာပြည်တောင်ဘက်ကနေ ဖြတ်ပြီး တောင်တရုတ်ပင်လယ်ဘက်ကို သွားပေါင်းတယ်။ ဆိုတော့ အရှေ့နဲ့ အနောက်နဲ့ လေစီးကြောင်းနှစ်ခုက ပေါင်းပြီးတော့ မြန်မာပြည်ကိုဖြတ်နေတာ"
" ထုံးစံအတိုင်းပဲ Cyclonic Air Circulation တစ်ခုဖြစ်ပြီဆိုရင် သူ့ရဲ့တောင်ဘက်မှာရှိတဲ့ဟာရယ်၊ နောက်ပြီးတော့ သူ့ရဲ့ ညာဘက်မှာရှိတဲ့နေရာတွေရယ်မှာက အားများတယ်။ အဲ့ဒီလို အားများတဲ့ဘက်ကို တိမ်တွေရော၊ လေစီးကြောင်းရောက အားများမှာ။ ဒါကို ဆက်ပြီးစောင့်ကြည့်ရမှာ။ သူက ပြောင်းသွားနိုင်တယ်။ သူက လုံးဝအားပျော့ပြီး ကုန်းတွင်းဝင်ပြီး ပျောက်သွားမလား။ ဒါမှမဟုတ် အားပိုကောင်းပြီး မုန်တိုင်းငယ်၊ မုန်တိုင်းအဆင့်ရောက်မလားဆိုတာ စောင့်ကြည့်ရမှာ။ မုန်တိုင်းအဆင့်ရောက်ပြီဆိုရင် ကျွန်တော်တို့က သူ့ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့အတွက် သူ့ရဲ့အရှိန်သက်ရောက်မှုကို ပိုခံရမှာ"
( စက်တင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်အထိက ဒီရေတက်ရက်တွေဖြစ်တဲ့အတွက် မိုးပိုများလာနိုင်ပြီး မြစ်ရေကြီးမှုတွေလည်း သတိထားသင့်ကြောင်းနဲ့ မုန်တိုင်းအဆင့်ထိ ရောက်သွားမယ်ဆိုရင် အဲ့ဒီနောက်ပိုင်းထိ တစ်နိုင်ငံလုံးမှာ မိုးတွေ ဆက်များနေနိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်)
( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
zin wai phyo
လွန်ခဲ့သော ၃ နှစ် ကမုန်တိုင်းအခြေအနေနုင့်မိုးအခြေအနေကိုပြောပေးပါ
ဦးအောင်ဇော်ဝင်း
လွန်ခဲ့သော ၃ နှစ် ကဘယ်နေ့လောက်မှသာယာနိုင်မလဲ
Rock
လွန်ခဲ့သော ၃ နှစ် ကမိုး လေးဝဒခြေနေကိုပြောပြပါအောက်
Rock
လွန်ခဲ့သော ၃ နှစ် ကအခုမိုးလေဝဒအခြေနေကိုပြောပြပါလာ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....