မေ ၂၃ တွင် စဖြစ်နိုင်သည့် လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအဆင့်ရောက်သွားပါက အန္တရာယ်ကြီးနိုင်
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မှု စောင့်ကြည့်ရမယ့်အခြေအနေ (Invest system) တစ်ခုဖြစ်နေပြီး တကယ်လို့ အဲ့ဒါက မုန်တိုင်း အဆင့်ထိရောက်သွားပြီး လက်ရှိခန့်မှန်းလမ်းကြောင်းအတိုင်းအားကောင်းလာရင် နာဂစ်လိုမျိုးထိ အန္တရာယ်ရှိနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သတိပေးပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ ECMWF နဲ့ GFS တို့ရဲ့ Model ခန့်မှန်းချက်တွေအရ ဦးဝင်းနိုင်က သုံးသပ်ပြောဆိုတာပါ။

“ အခုလမ်းကြောင်းအတိုင်း အားကောင်းလာရင်တော့ ဆိုးမှာသေချာတယ်။ လမ်းကြောင်းက မြောက်ဘက်ကို ကွေ့ပြီး အားကောင်းမလာခင် မြန်မြန်ရွေ့သွားမှ ဧရာဝတီနဲ့ ရန်ကုန် ပဲခူး သက်သာမယ်။ နာဂစ်လမ်းကြောင်းထက် အပေါ် နည်းနည်းလေးပဲ ရောက်တာ၊ နာဂစ်လောက် အားကောင်းမလာပါစေနဲ့ ဆုတောင်းရမှာပေါ့”
INVEST SYSTEM က ဧရာဝတီအနောက်ဘက် ကမ်းရိုးတန်းကို မေလ ၂၃ ရက် ည သန်းခေါင်ကျော်အချိန် ဂေါ်ရန်ဂျီကျွန်းနဲ့ ငွေဆောင်/ချောင်းသာကမ်းခြေကြားက ဖြတ်ဝင်တဲ့ အချိန် SYSTEM ရဲ့ ရှေ့နဲ့ တောင်ဘက်မှာရှိနေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးကြီးခြင်းတွေ စတင်ဖြစ်ပေါ်နိုင်ပါမယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ကြိုတင်ခန့်မှန်းချက်ဖြစ်လို့ လမ်းကြောင်းပြောင်းတာတွေဖြစ်နိုင်ပေမယ့် တကယ်ဖြစ်လာရင်တော့ အန္တရာယ်ကြီးနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်တယ်လို့ ဆိုပါတယ်။
“ ပြင်ဆင်ချိန်ကတော့ နောက်ထပ် ၂ ရက် အများဆုံး ၃ ရက်ပဲ ရတော့မယ်” လို့ ဦးဝင်းနိုင်က မေ ၂၁ ရက် ညပိုင်းတုန်းက သတိပေးထားပါတယ်။
Model ခန့်မှန်းချက်တွေအရ INVEST SYSTEM ဟာ ကြိုတင်ခန့်မှန်းချက်အတိုင်း ဖြစ်လာမယ်ဆိုရင် ကုန်းတွင်း စတင်ဖြတ်ကျော်ချိန်မှာ အရှေ့ဘက်ကို ရွေ့လျားပြီး မြောက်ဘက်ကိုကွေ့၍ ဆက်လက်ရွေ့လျားမှာ ဖြစ်ကြောင်း၊ မြောက်ဘက်ကို ဆက်လက်ရွေ့လျားစဉ် ပြည်၊ မကွေးမြို့များအနီးမှ ဖြတ်သန်းပြီးတော့ ညောင်ဦးမြို့နားမှာ အားပျော့ပျက်ပြယ်သွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
INVEST SYSTEM မြောက်ဘက်ကိုဆက်လက်ရွေ့လျားတဲ့ လမ်းကြောင်းမှာ ဟင်္သာတနဲ့ တိုက်ကြီးကြားက ဖြတ်ပြီးချိန်မှာတော့ SYSTEM ရဲ့ နောက်အမြီးပိုင်းဖြတ်သန်းတဲ့ အရှိန်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်များအထိ လေပြင်းတိုက်ခတ်ခြင်း/မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အထက်ဘက်ကို ရွေ့လျားချိန်(မေလ ၂၅ ရက်မှ မေလ ၂၆ ရက်အထိ ကာလအတွင်းမှာတော့ SYSTEM လမ်းကြောင်းရဲ့ ညာဘက်ခြမ်းနဲ့ ရခိုင်ကမ်းရိုးတန်ဒေသတွေမှာ လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသည်းထန်ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ပါမယ် လို့ ဦးဝင်းနိုင်က ပြောထားပါတယ်။
မုန်တိုင်းဟာ အန္တရာယ်ရှိနိုင်လို့ ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့် https://www.facebook.com/uwinnaing နေ နောက်ဆုံးအခြေအနေတွေ ဆက်တိုက်ထုတ်ပြန်ပေးနေတာကို စောင့်ကြည့်နိုင်ပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thu
လွန်ခဲ့သော ၄ နှစ် ကကြေးဇူးပါ
စိုက်ပျိးရေးဈေးနှူံးသိချင်ပါတယ်
လွန်ခဲ့သော ၄ နှစ် ကမြေဘြဇာဈေးနှူံးသိချင်ပါတယ်
စိုက်ပျိးရေးဈေးနှူံးသိချင်ပါတယ်
လွန်ခဲ့သော ၄ နှစ် ကဦးစိုးငြိမ်း
moe min
လွန်ခဲ့သော ၄ နှစ် ကThank
အောင်စီ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်ဆရာ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....