မုတ်သုံလေအားကောင်းလာမှုကြောင့် မိုးပိုများလာနိုင်ပြီး အလယ်ပိုင်းဒေသများလည်း ပုံမှန်ထက်စော မိုးရနိုင်
ဒီနေ့(မေလ ၁၉ ရက်) မနက် ၁၁ နာရီလောက်က စပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း မြစ်ဝ ကျွန်းပေါ်ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်လာတဲ့ လက်ဝဲရစ်လေစီးကြောင်းရဲ့ ဆွဲသွင်းမှုကြောင့် မုတ်သုံလေအားကောင်းလာလို့ ဒေသအချို့ မိုးပိုလာနိုင်ပြီး မြန်မာပြည်အလယ်ပိုင်းဒေသ အချို့လည်း ပုံမှန်ထက်စောပြီး မိုးရနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။
အဲ့ဒီလက်ဝဲရစ်လေစီးကြောင်းဟာ အခက်အမြင့်ပေ ၅၀၀၀(850 hPa) ရှိပြီး သူ့ကြောင့် မုတ်သုံလေကို အားကောင်းလာစေတာလို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ သူက မုန်တိုင်းဖြစ်ရလောက်တဲ့အထိ အားတော့မကောင်းလာဘူး။ သို့သော် အဲ့ဒီမှာ လေဝဲဖြစ်တဲ့အခါကျတော့ မုတ်သုံလေကို ပိုပြီးတော့ ဆွဲသွင်းတာပေါ့”
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မွန်းလွဲ ၂ နာရီတိုင်းထွာချက်ကို ထုတ်ပြန်ရာမှာတော့ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမပင်လယ်ကွေ့)တွင် နောက်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်မှာလည်း ‘ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေ’ ဆိုပြီး ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။
ဦးဝင်းနိုင်က သုံးသပ်ရာမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လက်ဝဲရစ်လေဝဲဟာ မော်လမြိုင်နဲ့ ကျိုက္ခမီကြားက အရှေ့မြောက်ဘက်ကို ရွေ့ပြီးဝင်မှာဖြစ်လို့ သူ့ရဲ့တောင်ဘက်မှာရှိတဲ့ ရေးတို့၊ ထားဝယ်တို့အထိ တစ်နာရီမိုင် ၃၀ ကနေ ၅၀ လောက်ထိ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ ရေးတို့၊ ထားဝယ်တို့မှာတော့ ပိုပြီးတော့ လေပြင်းမယ်။ မိုးပိုပြီးကောင်းလာမယ်။ ဒါကြောင့်မို့လို့ ထားဝယ်ဆိုလို့ရှိရင် မေလ ၂၈ ရက်ကနေ လကုန်အထိကို နေပွင့်မယ့်ပုံတောင် မပေါ်ဘူး။ သူက တောက်လျှောက်ဖုံးပြီးတော့လေ။ အဓိကကတော့ ထားဝယ်၊ ရေး၊ အနင်း၊ ကျိုက္ခမီ ကြားပေါ့လေ။ ၁၀ ရက်အတွင်း ၁၇ လက်မ၊ ၁၈ လက်မလောက်အထိကို မိုးရေချိန် ရွာမယ့်ပုံစံရှိတယ်”
လေဝဲဟာ မနက်ဖြန်မနက်အစောပိုင်း မေလ ၂၀ ရက် မနက် ၆ နာရီခန့် မှာ မော်လမြိုင်နဲ့ ရေးမြို့ကြားမှ ကုန်းတွင်း ဖြတ်ကျော်ကာနီးမှာ ဗဟိုဖိအား 1002 hPa အထိ ကျဆင်းမှာဖြစ်ကြောင်းတွေ့ရတဲ့အတွက် အဲ့ဒီအချိန်မှာ လမ်းကြောင်းတောင်ဘက်ဒေသများအတွက် လေတိုက်နှုန်းအပြင်းဆုံးခံရမယ့်အချိန်ဖြစ်မယ်လို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။

အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်တဲ့အနေအထားအရ မြန်မာပြည်ကို မုတ်သုံက ပုံမှန်ထက် ၃ ရက် စောဝင်လာလို့ တစ်ပြည်လုံးကို မုတ်သုံလေဝင်ရောက်သွားချိန် စောမှာဖြစ်သလို အလယ်ပိုင်းခြောက်သွေ့ဒေသလည်း ပုံမှန်ထက်မိုးရစောနိုင်တယ်လို့လည်း ဦးဝင်းနိုင်ကက ခန့်မှန်းပါတယ်။
“ တစ်နိုင်ငံလုံးဆိုရင် ပုံမှန်ခန့်မှန်းတာက ဇွန်လ ၁ ရက်ပေါ့။ ခုက သူ့ထက်သုံးရက်လောက်စောဝင်မယ်ဆိုတော့ မေ ၂၈ လောက်ကတည်းက မုတ်သုံလေ တစ်ပြည်လုံးကို ဝင်သွားနိုင်တယ်ပေါ့။ အလယ်ပိုင်းဆိုရင်လည်း ပုံမှန်ဆိုရင် ၂၆ ရက်နေ့လောက်ရောက်မယ်လို့ အိန္ဒိယဘက်ကခန့်မှန်းတာပေါ့။ ခုက ပုံမှန်ထက် ၃ ရက်စောတယ်ဆိုတော့ ၂၃ ရက်လောက်ဆိုရင်ကို အလယ်ပိုင်းတွေ မိုးရမယ့်အနေအထားဖြစ်နေပြီ"
မိုးဇလရဲ့ မနက်ဖြန်မနက်ထိ ခန့်မှန်းချက်မှာတော့ ‘ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်’ လို့ ဖော်ပြထားပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026