မိုခါမုန်တိုင်းလက်ရှိတည်နေရာနှင့်ဆက်ရွေ့မည့်လမ်းကြောင်းနှင့်အချိန်များ (ဆရာဦးဝင်းနိုင်၏ ခန့်မှန်းချက်)
လက်ရှိအချိန် (ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်) မှာက ပုသိမ်ရဲ့အနောက်တောင်ဘက်ယွန်းယွန်း မိုင် ၃၁၀ မှာရှိနေတယ်။ ဟိုင်းကြီးကျွန်းနဲ့ဆိုရင် အနောက်ဘက်တည့်တည့် မိုင် ၂၉၀ မှာရောက်နေပြီ။
ဒီည သန်းခေါင်ကျော် မေ ၁၄ ရက် မနက် ၁ နာရီမှာ ပုသိမ်ရဲ့အနောက်ဘက်တည့်တည့် ၂၆၈ မိုင်ကိုရောက်မယ်။ အဲ့ဒီအချိန်မှာ မိုင် ၂၈၀ လောက်ရှိတဲ့ မုန်တိုင်းရဲ့အပြင်းဆုံးအတွင်းစက်ဝန်းက အဲ့ဒီတော့မှ စစ်တွေကမ်းခြေကို စထိမှာ။
မေ ၁၄ ရက် မနက် ၇ နာရီဆိုရင်တော့ စစ်တွေရဲ့အနောက်တောင်ဘက် ၁၁၂ မိုင်ကို ရောက်ပြီ။ ဒါက ဗဟိုကိုပြောတာနော်။
ပြီးရင် နေ့လယ် ၁၂ နာရီမှာ စစ်တွေရဲ့ အနောက်၊ အနောက်တောင်ဘက် ၆၃ မိုင်ကိုရောက်မယ်။ အဲ့ဒီ အချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းက စစ်တွေကမ်းခြေကို ကျော်ပြီးတော့ ဝင်သွားပြီ။ ရခိုင်ရိုးမ အနောက်ဘက်တောင်ခြေကို ကပ်သွားပြီ။ ဗဟိုကတော့ မဖြတ်သေးဘူး။
နေ့လယ် ၂ နာရီမှာတော့ မုန်တိုင်းရဲ့ဗဟိုက စပြီးတော့ ဖြတ်ပြီးတော့ ဝင်ပြီ။ အခု နောက်ဆုံး ကြိုတင် ခန့်မှန်းချက်ပုံတွေအရဆိုရင်တော့ စစ်တွေရဲ့ တောင်ဘက်ကို နည်းနည်းရောက်သွားတယ်ဗျ။ မြောက်ဦးနဲ့ မြေပုံကြားကနေ ဖြတ်တော့မှာ။ ဒါပေမဲ့ မုန်တိုင်းရဲ့အတွင်းဗဟိုအချင်းက မိုင် ၁၁၀ လောက်ထိ ရှိနေတော့ သက်ရောက်မှုက မြောက်ဘက်ဆိုရင် မောင်တောလောက်ထိတော့ ရောက်မှာပဲ။ အောက်ဘက်ဆိုရင်တော့ ကျောက်ဖြူ၊ အမ်းအထိ ရောက်တယ်။
ဗဟိုဝင်ပြီးသွားရင် နောက်ကမုန်တိုင်းအမြီးက မိုင် ၁၀၀ ကျော်ကျန်နေသေးတယ်။ အဲ့ဒီအချိန်မှာ မုန်တိုင်းအတွင်းစက်ဝန်းရဲ့အပြင်ဆုံးက မတူပီကျော်ပြီး ဆောတို့၊ ထီးလင်းတို့ ဂန့်ဂေါတို့ရဲ့အစပ်ကို ရောက်သွားပြီ။
ညနေ ၃ နာရီမှာတော့ မုန်တိုင်းဗဟိုက ကမ်းခြေရဲ့အတွင်းထဲကို မိုင် ၂၀ လောက်ဝင်သွားပြီ။ သူက ရခိုင်ရိုးမအစပ်ကိုဆက်ပြီးတော့ဖြတ်တယ်။ မုန်တိုင်းရဲ့အတွင်းစက်ဝန်းက ကလေး၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ မြိုင်၊ ညောင်ဦး၊ ငဖဲ၊ စေတုတ္တရာ၊ ရေနံချောင်း၊ ချောက် အဲ့ဒီတွေကို ဖြတ်ဝင်သွားပြီ။ မြင်းခြံ၊ မိတ္ထီလာထိလည်းရောက်တယ်။
အဲ့ဒီကနေ ည ၈ နာရီကျော်ရင်တော့ ချင်းတောင်တန်းကြီးကိုဖြတ်ပြီးတော့ဝင်ပြီ။ ပြီးသွားတော့မှ မုန်တိုင်းဗဟိုက ဆောရဲ့အပေါ်တည့်တည့်ကိုရောက်တယ်။ ပြီးရင်ဘယ်နေရာတွေကို ထပ်ဖြတ်မလဲ ဆိုတော့ ပေါက်၊ မြိုင်၊ မုံရွာ၊ ရွှေဘို၊ သပိတ်ကျင်း၊ မဘိန်း အဲ့ဒီမြို့တွေနားကနေဖြတ်မယ်။
မေ ၁၅ ရက် မနက် ၆ နာရီကျရင်တော့ ဗန်းမော်ပေါ်ရောက်ပြီးရင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားတော့မယ်။
#ရခိုင်ကမ်းရိုးတန်းကို အကြီးမားဆုံးသက်ရောက်နိုင်မယ့်အချိန်တွေက ဘယ်အချိန်တွေဖြစ်မလဲ?
“ အကြီးမားဆုံးသက်ရောက်နိုင်မယ့်အချိန်က မနက်ဖြန် နေ့လယ် ၁၂ နာရီလောက်က စမယ်။ အဲ့ဒီမှာ လေတိုက်နှုန်းက တစ်နာရီကို ၁၁၂ မိုင်နှုန်း။ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊ CAT-2 ပေါ့။ အခု ခန့်မှန်းချက်တွေအရ CAT-3 ထိပဲ ပြန်လျော့သွားတယ်ဆိုပေမဲ့ တကယ်တမ်းကုန်းတွင်းဝင်ချိန်ကျရင်တော့ CAT-2 အဆင့်ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ သူက ကုန်းတွင်းကို ကပ်လာလေလေ တောင်တွေနဲ့ထိပြီး ပေ ၅၀၀၀ အောက်က လေစီးကြောင်းတွေက ပျက်သွားမှာ။ အဲ့မှာ ကြာလေ ကြာလေ မုန်တိုင်းဖွဲ့စည်းပုံပျက်ပြီး လျော့သွားတာပေါ့”
မှတ်ချက်။ ။ မုန်တိုင်းဝင်မယ့်လမ်ကြောင်းတစ်လျှောက်မှာရှိနေတဲ့မြို့တွေကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

Photos Crd_ U Win Naing, မိုး/ဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဦးတင်၀င်း
လွန်ခဲ့သော ၃ နှစ် ကဂန့်ဂေါဆောထီးလင်း၁၂နာ၇ီ၀င်နိုင်တယ်သတိထား
ဦးတင်၀င်း
လွန်ခဲ့သော ၃ နှစ် ကမန်းလေးမကွေး၀င်မယ်၁၂နာ၇ီ
ဦးတင်၀င်း
လွန်ခဲ့သော ၃ နှစ် ကမန်းလေး၁၂နာ၇ီ၀င်မယ်သတိထား
U Mg Naing
လွန်ခဲ့သော ၃ နှစ် ကဂန့်ဂေါ ဆော ထီးလင်း မုန်တိုင်း အခြေအနေနဲ့ လိုက်နာရမည့်အချက်တွေ သိချင်ပါတယ်။ကျေးဇူးပါ။
Win Ko Thu
လွန်ခဲ့သော ၃ နှစ် ကဖုန်းဘေက တော်တော် ကုန်သလိုပဲနော်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026