မိုးရာသီခေါ်လာပေးမယ့် မုတ်သုံစဝင်နေပါပြီ...
မြန်မာနိုင်ငံထဲကို မိုးရာသီခေါ်ဆောင်လာပေးမယ့် မုတ်သုံရာသီဥတုဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို စဝင်နေပြီဖြစ်ပါတယ်။ ဆိုတော့ မုတ်သုံမိုးတွေဟာလည်း အဲ့ဒီဒေသတွမှာ စတင်ရွာသွန်းနေပြီဖြစ်ပါတယ်။
ဒီမုတ်သုံမိုးတွေဟာ တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံအပေါ်ပိုင်းတွေကို တက်လာမှာဖြစ်ပြီး လာမယ့် ဇွန်လဆန်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရာသီစတင်တော့မှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
“ ထိုင်းကထုတ်တဲ့ မိုးလေဝသ Chart ပုံတွေအရဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းကို ဝင်ပြီလို့ပြောလို့ရတယ်။ အိန္ဒိယကလည်း မေလ ၁၉ ရက်ကနေ ၂၁ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းကို ဝင်မယ်လို့ပြောထားပါတယ်။ ဆိုတော့ မုတ်သုံက မေလ ၁၉ ရက်ကနေ ၂၁ ရက်အတွင်းမှာ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီကို မုတ်သုန်က ဝင်ခဲ့ပြီ။ အောက်က မြိတ်တို့၊ ထားဝယ်တို့ဆို မိုးတွေရွာနေပြီ။ ရန်ကုန်ကို လည်း ၂၃ ရက်နောက်ပိုင်းဆို တိမ်ပါးပါးကျနေပြီ။ Temperature - dew point (အပူချိန် - ငွေ့ရည်ဖွဲ့မှတ်) လည်း ကိုက်နေပြီ။ တိမ်သာဝင်လာလို့ရှိရင် ရွာမယ်လို့ပြောလို့ရတယ်။ ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက်နောက်ပိုင်းတွေမှာ ဆိုရင် တိမ် အနိမ့်တွေကဆက်တိုက်ဝင်လာမှာ။ တကယ်များများရွာမှာကတော့ ၂၈ နောက်ပိုင်း ၃၀၊ ၃၁ ဆို မိုးဆက်သွားပြီ”
တစ်နိုင်ငံလုံးအတိုင်းအတာအရ မုတ်သုံဝင် မိုးဦးကျစေမယ့်အချိန်ကတော့ လာမည့် ဇွန်လဆန်းပိုင်းလောက်မှာ ဖြစ်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကတော့ အိန္ဒိယက ကြိုတင်ခန့်မှန်းချက်ပုံအရဆို ဇွန်လ ၁ ရက်ကနေ ၅ ရက် ကြားဆို မုတ်သုံဝင်မယ်ဆိုပြီး ခန့်မှန်းထားတယ်။ ကျွန်တော်တို့ အဲ့ရက်နားရောက်တဲ့အခါ တစ်ချက်စောင့်ကြည့် ဖို့တော့လိုမယ်။ အိန္ဒိယမိုးလေဝသရဲ့ ကြိုတင်ခန့်မှန်းချက်တစ်ခုအရဆိုရင်တော့ မေလ ၁၉ ရက်နေ့နဲ့ ၂၁ ရက်ကြား မွန်၊ ကရင်၊ တနင်္သာရီတောင်ပိုင်းဒေသကို ဝင်မယ်။ မေလ ၂၂ ရက်နေ့နဲ့ ၂၆ ရက်ကြားမှာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့တောင်ပိုင်းကို မုတ်သုံဝင်မယ်။ မေလ ၂၇ ရက်ကနေပြီးတော့ ဇွန်လ ၁ ရက်နေ့အထိက စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တစ်ခုလုံး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို ဝင်မယ်။ ဇွန်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံရဲ့ ကျန်တဲ့နေရာတွေကို ဝင်မယ်”
နောက်လာမယ့် ၅ ရက်ကနေ ၁၀ ရက်အတွင်း ရွာသွန်းနိုင်မယ့်မိုးရေချိန်လက်မတွေအနေနဲ့တော့ တနင်္သာရီ တိုင်းမှာ ၆ လက်မအထက် ၇ လက်မလောက်အထိ၊ မွန်ပြည်နယ်မှာ ၄ လက်မအထက်၊ ကရင်ပြည်နယ်မှာ ၃ လက်မခွဲကနေ ၄ လက်မခန့်အထိ၊ ပဲခူးတိုင်းမှာ ၂ လက်မကနေ ၃ လက်မအထိ၊ ရန်ကုန်တိုင်းမှာ ၂ လက်မခွဲ၊ ဧရာဝတီတိုင်းမှာ ၃ လက်မကျော်နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ၃ လက်မလောက်စီအထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ရှမ်း၊ ကချင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာတော့ မိုးကရွာတော့ရွာနိုင်ပေမဲ့ နည်းနေဦးမှာဖြစ်ပြီး ကချင်ပြည်နယ်မြောက်ဖျားပိုင်း ရေခဲတောင်တွေရှိတဲ့ အစွန်းပိုင်းကတော့ မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
တရားဝင်မိုးလေဝသထုတ်ပြန်ချက်တွေအရ မုတ်သုံမိုးတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုသာ ရောက်သေးတယ်ဆိုပေမဲ့ မြန်မာနိုင်ငံဒေသအများစုမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာ၊ လေပြင်းတိုက်တာတွေ ရှိနေတာပါ။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယနေ့ မေ ၂၂ ရက် မနက် ၉ နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်ကိုထုတ်ပြန်ထားရာမှာလည်း “ လွန်ခဲ့သော (၂၄)နာရီအတွင်းက တနင်္သာရီ တိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းခဲ့ ပါသည်” လို့ ဆိုထားတာတွေ့ရပါတယ်။
ဒါ့အပြင် မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများအတွက် မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ထားရာမှာလည်း မန္တလေး၊ မကွေး၊ မုံရွာတို့ကလွဲလို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးဒေသ တွေမှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာတာ၊ မိုးအနည်းငယ်ထစ်ချုန်းရွာတာတွေ ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
အခုလို မိုးရွာသွန်းမှုတွေကကော ဘာကြောင့်ဖြစ်နေရတာလဲလို့ ဦးဝင်းနိုင်ကို မေးကြည့်ရာမှာတော့ အခုလို မှတ်ချက်ပြုပါတယ်။

“ အမှန်တော့ မုတ်သုံပဲဗျ။ ထိုင်းမိုးလေဝသဌာနကထုတ်တဲ့ မြေပြင်မိုးလေဝသ chart အရဆိုရင်လည်း အလယ်ပိုင်းဒေသတွေအထိအားကောင်းနေတဲ့ လေစီးကြောင်းကြောင့် အဲ့ဒီလေစီးကြောင်းနဲ့ ပါလာတဲ့ မိုးတိမ်တွေကြောင့် အလယ်ပိုင်းဒေသတွေအထိ မိုးတွေရွာနေတာပါပဲ။ ဆိုတော့ မိုးလေဝသမိုဒယ်တွေအရ ကျွန်တော့်အမြင်သက်သက်ဆို မုတ်သုံလေက မြန်မာနိုင်ငံအလယ်ပိုင်းထိကို ရောက်နေပြီဗျ။ ခက်တာက ဘယ်တရားဝင် မိုးလေဝသဌာနကမှ မုတ်သုံဝင်နေပါတယ်ဆိုပြီး မကြေညာထားတော့ ပြောရခက်နေတာ”
Photos Crd_ U Win Naing, မိုး/ဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
Hlaing Ko Htet
လွန်ခဲ့သော ၃ နှစ် ကGwa towsship မှာမိုးဘယ်တော့ရွာနိုင်မှာလည်းခင်ဗျ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026