အစိမ်းရောင်လမ်း
ဇူလိုင် ၄ ရက်ညနေပိုင်းကစပြီး အလယ်ပိုင်းဒေသများ မိုးဆက်တိုက်ရွာနိုင်

ဇူလိုင် ၄ ရက်ညနေပိုင်းကစပြီး အလယ်ပိုင်းဒေသများ မိုးဆက်တိုက်ရွာနိုင်

မိုးရွာသွန်းမှုအတော်လေးနည်းပါးနေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ဇူလိုင် ၄ ရက်ညနေပိုင်းကစလို့ မိုးတွေရလာတော့မှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

“ ၄ ရက်နေ့ ညနေလောက်ကစမှာ။ ချောက်မြို့နယ်ထဲမှာ။ အာ့ကစပြီး လေလည်းပြင်းမယ်။ ကျွန်တော်ပြောထားဖူးတဲ့ စိုက်ဆင်းလေပြင်းတွေတော့ သတိထားရမယ်။ ၅ ရက်နေ့ကျရင် တိမ်တွေလည်း ပေ ၁၇၀၀ လောက်ထိ နိမ့်ဆင်းလာမယ်။ ပုံမှန်က ပေ ၁၂၀၀၀၊ ၁၆၀၀၀ လောက်ထိရှိတာ။ အာ့ကနေ တိမ်အနိမ့်တွေဖြစ်လာမှာပေါ့” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

အဓိကအကြောင်းရင်းက အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က လေဖိအားနည်းဆဲလ်တွေဖြစ် လာနေတာတွေက မုတ်သုံလေအားကို မြန်မာနိုင်ငံထဲ ဆွဲသွင်းနေလို့ မုတ်သုံလေအားကောင်းလာတာကြောင့်ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“ ငဖဲမြို့နယ်ထဲမှာတော့ မိုးနည်းမယ်။ နည်းမယ်ဆိုတာတောင်မှ ရွာတာတော့ရွာမှာ။ အဲ့ဒီ ငဖဲမြို့နယ်လေးတစ်ခုပဲ။ ကျန်တဲ့နေရာတွေကတော့မိုးများမှာ။ မကွေး၊ မင်းလှ၊ ဆင်ဖြူကျွန်းတို့၊ ညောင်ဦးတို့ ချောက်တို့အကုန်လုံးမိုးရွာမှာ” 

နိုင်ငံတကာမိုးလေဝသဝက်ဘ်ဆိုဒ်တွေရဲ့ လက်ရှိအချိန်ထိ ဖော်ပြချက်တွေအရ အလယ်ပိုင်းဒေသမိုးရနိုင်ချေဟာ ဇူလိုင် ၉ ရက်ထိ ဆက်တိုက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တောင်တရုတ်ပင်လယ်ပြင်မှာ အပူပိုင်းတိုင်ဖွန်းမုန်တိုင်းချဘာ (CHABA) လည်း ဖြစ်နေပြီး လက်ရှိကြိုတင်ခန့်မှန်းချက်များအရ ဟိုင်နန်ကျွန်းကို ဦးတည်ရွေ့လျားနိုင်ကြောင်း၊ ဇူလိုင်လ ၃ ရက် ညပိုင်းမှာ ဟိုင်နန်ကျွန်းအနောက်ဘက် တရုတ်ပြည်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

အဲ့ဒီမုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ မြောက် အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဇူလိုင်လ ၇ ရက်နေ့ည ၈ ရက်နေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း-ရွှေတြိဂံဒေသအထိရောက်မယ်လို့ ခန့်မှန်းထားတာကြောင့် ရှမ်းပြည်နယ်မှာအဲ့ဒီရက်တွေအတွင်း မိုးများလိမ့်မယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

အဲ့ဒီမုန်တိုင်းနောက်ဆက်တွဲအခြေအနေကြောင့်လည်း နောက်လာမယ့် ၅ ရက်မှ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံးမှာ နေရာလပ်မကျန် မိုးရွာနိုင်မှာဖြစ်ပြီး အနည်းဆုံးမိုးရေချိန်စုစုပေါင်း ၃ လက်မ မှ အများဆုံး ၁၅ လက်မကျော်အထိ မိုးရွာသွန်းနိုင်မှာဖြစ်ကြောင်း တွေ့ရလို့ ရေကြီးရေလျှံဖြစ်နိုင်မယ့် အခြေအနေ၊ တောင်ကျချောင်းရေရုတ်တရက်ကျဆင်းနိုင်မယ့် အခြေအနေနဲ့ မိုးများပြီး မြေပြိုနိုင်မယ့် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်လာနိုင်တာကြောင့် သတိပြုကြဖို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။

(မိမိဒေသတစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ဦးဝင်းနိုင်နဲ့ တိုက်ရိုက်မေးမြန်း လိုသူများအနေနဲ့ Green Way ဆော့ဝဲထဲမှာရှိတဲ့ ‘ မေးကြ၊ ဖြေကြ...ဒေသအလိုက်မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးမှာ အခမဲ့ဝင်ရောက်ပြီး မေးမြန်းနိုင်ပါတယ်။)😊
 
Photo Crd_Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးဌေးအောင်

ဦးဌေးအောင်

လွန်ခဲ့သော ၄ နှစ် က

ရမည်းသင်း မှာဘယ်အချိန် ရွာနိုင်ပါလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....